ရှေ့သို့
Image

ဘယ်လင်ဟမ်ရဲ့ အပြောင်းအရွှေ့ကိစ္စမှာ ပါဝင်လာတဲ့ ယူနိုက်တက်

1:41 PM, 17 March

ယူနိုက်တက်သည် ဘယ်လင်ဟမ်ရဲ့ အပြောင်းအရွှေ့ပြိုင်ပွဲတွင် ပါဝင်လာပြီး စံချိန်တင်စာချုပ်ချုပ်ဆိုရန် ပြိုင်ဘက်အသင်းများနှင့် ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းသိရပါတယ်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အင်္ဂလန်နှင့် ဒေါ့မွန်တို့ရဲ့ ကြယ်ပွင့် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ဟာ ယခုရာသီအပြောင်းအရွေ့ဈေးကွက်မှာ အကျော်ကြားဆုံးဖြစ်နေပါတယ်။ အဆိုပါကစားသမားသည် နိုင်ငံအသင်းအတွက် ၂၂ ပွဲပါဝင်ကစားထားသည့်အပြင် ကလပ်အသင်းအတွက်လည်း ၁၆၄ ပွဲပါဝင်ကစားထားကြောင်းသိရပါတယ်။

လီဗာပူးအသင်းနည်းပြဖြစ်သူ ယာဂင်ကလော့ပါသည် ၎င်း၏ကွင်းလယ်ကို ပြန်လည်ပြင်ဆင်ဖို့လုပ်ဆောင်နေရန် စီစဉ်နေသောကြောင့် ဘယ်လင်ဟမ်ရဲ့အပြောင်းအရွှေ့ကိစ္စမှာ ဦးဆောင်နေပါတယ်။ မန်စီးတီးအသင်းဟာလည်း ဘယ်လင်ဟမ်ကိုစောင့်ကြည့်နေပြီး မကြာခင်မှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဂန်ဒိုဂန်ရဲ့နေရာမှာ အစားထိုးဖို့စဉ်းစားနေကြောင်းသိရပါတယ်။

ယခုအခါ ယူနိုက်တက်အသင်းနည်းပြ တန်ဟက်သည် ထိုကစားသမားကို အိုးထရက်ဖို့ဒ်သို့ခေါ်ရန်အတွက် စိတ်ဝင်စားနေကြောင်းသိရပါတယ်။ ကစားသမားနှင့် နီးစပ်သူတစ်ဦးက ဒေါ့မွန်က သူ့ကို နောက်ထပ်တစ်နှစ် ဆက်ထိန်းထားရန် ကြိုးပမ်းနေပေမယ့် ခေါ်ယူခွင့်ရှိနေကြောင်းသိရပါတယ်။

ဂျာမန်တို့သာ ဘယ်လင်ဟမ်ကို လက်လွှတ်မည်ဆိုလည်း အဆိုပါကစားသမားအတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကို တောင်းနိုင်ကြောင်းသိရပါတယ်။ ဒေါ့မွန်ဟာ ဘယ်လင်ဟမ်အတွက် ပေါင်သန်း ၁၁၀ လိုချင်နေတယ်လို့ဖော်ပြထားပြီး ရီးရဲမက်ဒရစ်ကလည်း အဆိုပါကစားသမားကို စိတ်ဝင်စားနေကြောင်းသိရပါတယ်။

ဘယ်လင်ဟမ်ရဲ့ပြောင်းရွှေ့ကြေးကို ပရီးမီးယားလိဂ်အသင်းတစ်သင်းသာ ပေးချေခဲ့ပါက မန်စီးတီး ဂရီးလစ်အတွက်သုံးခဲ့တဲ့ ပေါင်သန်း ၁၀၀ နဲ့ ပြီးခဲ့တဲ့ဇန်နဝါရီမှာ ချဲလ်ဆီး ကခေါ်ယူခဲ့တဲ့ အန်ဇိုဖာနန်ဒက်အတွက် ပြောင်းရွှေ့ကြေး ၁၀၆ သန်း တို့ထက်ကျော်လွန်ပြီး စံချိန်တင်သွားမှာဖြစ်ပါတယ်။ ယူနိုက်တက်သည် ယခုနွေရာသီတွင် နံပါတ် ၉ နေရာအတွက် စျေးကွက်တွင် ရှိနေပြီး နာပိုလီမှ အိုဆင်ဟမ်နှင့် ဘင်ဖီကာမှ ဂွန်ကာလိုရာမို့စ်တို့ကို ချိတ်ဆက်ထားကြောင်းသိရပါတယ်။ ဒါပေမယ့် အာဆင်နယ်ဂန္တဝင် ဟင်နရီက တော့တင်ဟမ်ကြယ်ပွင့် ဟယ်ရီကိန်းဟာ တန်ဟက် အတွက် ပြီးပြည့်စုံမယ်လို့ ယုံကြည်နေပါတယ်။

"ကျွန်တော်သာ ယူနိုက်တက်နေရာမှာဆိုရင် ဟယ်ရီကိန်းကို ခေါ်ဖို့ကြိုးစားသွားမှာပါ။ ဘာလို့လဲဆိုတော့ သူက ပရီးမီးယားလိဂ်အကြောင်းကောင်းကောင်းသိလို့ပါ။ ဒါပေမယ့် အိုဆင်ဟမ်ကို မကောင်းဘူးလို့ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ အိုဆင်ဟမ်က ဘယ်လိဂ်မှာ မဆို လိုက်လျောညီထွေဖြစ်နိုင်တယ်လို့ထင်ပါတယ်။ ဟယ်ရီကိန်းက ဘယ်နေရာမှာမဆို ကစားနိုင်တဲ့ကစားသမားပါ"လို့ ဟင်နရီက ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဘယ်လင်ဂမ်