ရှေ့သို့
Image

ချန်ပီယံလိဂ်မှာ အောင်မြင်မှုရချင်ကြောင်း ဖွင့်ဟလာတဲ့ ဂရေဟမ်ပါ့တာ

11:09 AM, 17 March

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းပြန်ရကာ နိုင်ပွဲတွေဖော်ဆောင်လာနိုင်သလို ချန်ပီယံလိဂ် ၁၆သင်းအဆင့် တွင်လည်း ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းကို အိမ်ကွင်းမှာ ၂ဂိုး - ဝဂိုး ရလဒ်ဖြင့် အနိုင်ကစားပြီး ကွာတားအဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီးအသင်းရဲ့ နည်းပြ ပေါ့တာက ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ အောင်မြင်မှု ရယူလိုကြောင်း ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ရှေ့လာမယ့် စနေနေ့ညတွင် နည်းပြ ရှောင်ဒိုက်ချ်ရဲ့ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်မတိုင်မီ ကြာသပတေးည၌ ချဲလ်ဆီးအသင်းကပြုလုပ်တဲ့ ပွဲတစ်ခုအတွင်းမှာ နည်းပြ ပေါ့တာက အစီအစဉ်တွေနဲ့ ပက်သက်လို့ ရှင်းပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်း ထိပ်သီးကစားသမားတွေ ခေါ်ယူထားခဲ့သလို ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့အတွင်းမှာပါ ငွေကြေးအလုံးအရင်းသုံးစွဲကာ ကစားသမားထပ်မံအားဖြည့်ထားပေမဲ့ ရလဒ်ပိုင်း အားနည်းနေတာကြောင့် အသက် ၄၇နှစ် အရွယ် နည်းပြ ပေါ့တာအနေဖြင့် အနာဂတ်မရေမရာဖြစ်နေချိန်မှာ ရလဒ်ကောင်းအချို့ ဖော်ဆောင်လာနိုင်တာ ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြဘဝ အနာဂတ်မရေမရာဖြစ်နေချိန် ၃ပွဲဆက် နိုင်ပွဲရယူကာ ယုံကြည်မှုတည်ဆောက်လာနိုင်တဲ့ နည်းပြ ပေါ့တာက "ကျွန်တော်တို့ အဲဗာတန် အသင်းကို လာမယ့်ပွဲစဉ်မှာ အနိုင်ကစားရပါမယ်။ ပြီးရင် ချန်ပီယံလိဂ်မွဲခွဲမှု ရလဒ်အတိုင်း ဆက်လက်ကြိုးစားပြီး ဥရောပအောင်မြင်မှု ရယူနိုင်ရန် အားထုတ်သွားမှာပါ"လို့ စတမ်းဖို့ဘရစ်ချ်ကလပ် ပရိသတ်တွေကို သတင်းစကားပါးလိုက်တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဂရေဟမ် ပေါ့တာ #ချန်ပီယံလိဂ်