ရှေ့သို့
Image

ဘက်ဆစ်တပ်လူစာရင်းကနေ ဖယ်ရှားခံလိုက်ရတဲ့ အဲဗာတန်ရဲ့အငှားကစားသမား ဒယ်လီအယ်လီ

10:13 AM, 17 March

လက်ရှိကျန်ပွဲစဉ်တွေကို ပွဲကြည့်စဉ်ကနေသာ ကြည့်ဖို့ ဘက်ဆစ်တပ်နည်းပြက အယ်လီကို ပြောဆိုလိုက်ပါတယ်လို့ သိရှိရပါတယ်။ အယ်လီဟာ တူရကီကလပ်သို့ ပြီးခဲ့တဲ့နွေရာသီမှာ အဲဗာတန်ကနေ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။

အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ လိဂ်မှာ ၁၅ ပွဲသာ ကစားထားပြီး ၂ ဂိုး သွင်းယူကာ မကြာသေးခင်က အန်ကာရာဂူကျူနှင့် အစ္စတန်ဘူလ်ဘက်ဆက်ဆီဟာတို့အား အနိုင်ရရှိခဲ့တဲ့ပွဲမှာ မပါဝင်ခဲ့ရပါဘူး။ နည်းပြ ဂူနက်စ်ဟာ လက်ကျန်ရာသီအတွက် -ကစားသမားစာရင်းကနေ အယ်လီကို ဖယ်ထုတ်လိုက်ပြီဖြစ်ပါတယလို့ တူရကီသတင်းစာဖြစ်တဲ့ Takvim က ဖော်ပြထားပါတယ်။ အခုတော့ အယ်လီဟာ အသင်းမှာပါဝင်ခွင့်ရရှိတော့မှာမဟုတ်ဘဲ ရာသီကုန်မှာ အဲဗာတန်သို့ ပြန်ရမှာဖြစ်ပါတယ်။

တော့တင်ဟမ်ကစားသမားဟောင်းဟာ အကန့်အသတ်ဖြင့်သာ ကစားခဲ့ရပြီး အောက်တိုဘာလကတည်းက လူစားဝင်ကစားသမားအဖြစ် ၂ ပွဲသာ ဝင်ရောက်ကစားခဲ့ရပါတယ်။ နိုဝင်ဘာလမှာ ဂူနက်စ်ဟာ အယ်လီကိုဝေဖန်ခဲ့ပြီး အမ်ရာနီရက်စ်ပေါနှင့်ပွဲက ပထမပိုင်းမှာ လူစားလဲခဲ့သလို အဲ့ဒီနောက် ဒီဇင်ဘာလမှာ ကစားခဲ့တဲ့ တူရကီဖလားပွဲအဖြစ် ဆန်လီယာဖက်စ်ပေါနဲ့ပွဲမှာလည်း လူစားလဲခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီမှာ အယ်လီဟာ အသက် ၇၀ အရွယ် နည်းပြရဲ့ နောက်ထပ်အခွင့်အရေးပေးခြင်းကိုခံခဲ့ရပြီး အယ်လန်ရက်စ်ပေါအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့လို့ ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။ ဘက်ဆစ်တပ်ကတော့ အယ်လီကို အဲဗာတန်သို့ ပြန်ပို့ချင်နေပြီး သူ့ရဲ့ကစားသမားဘဝက ဆက်လက်ကျဆင်းနေတာဖြစ်ပါတယ်။

တော့တင်ဟမ်မှာ နေရာမရဖြစ်ပြီးကတည်းက အင်္ဂလန်အတွက် ၃၇ ပွဲ ကစားပေးထားတဲ့ အလီအတွက် စိန်ခေါ်မှုရှိလာတဲ့အချိန်သို့ ရောက်ရှိလာခဲ့ပါတယ်။ နွေရာသီမှာ အဲဗာတန်သို့ ပြန်ရဖို့များနေပြီး ဘက်ဆစ်တပ်နှင့် ပြီးဆုံးခဲ့ပြီးနောက် ဘယ်လိုဖြစ်လာမလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။

တူရကီကလပ်ဟာ လက်ရှိမှာ စူပါလိဂီရဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဂါလာတာစာရေးနှင့် ၁၄ မှတ်ကွာဟနေတာဖြစ်ပါတယ်။

#ဘက်ဆစ်တက် #အယ်လီ