ရှေ့သို့
Image

အာနိုးလ်အပေါ်ဝေဖန်တာတွေက များလွန်းပါတယ်လို့ ပြောကြားလိုက်တဲ့ ရော်ဘတ်ဆန်

10:04 AM, 17 March

အာနိုးလ်အပေါ်ဝေဖန်မှုမတွေကို ရော်ဘတ်ဆန်က နားမလည်နိုင်အောင်ဖြစ်နေပြီး လီဗာပူးအသင်းရဲ့ ညာနောက်တန်း ကစားသမားဟာ အခြားကစားသမားတွေထက် ပိုပြီးဝေဖန်ခြင်းခံနေရတယ်လို့ သူက ယုံကြည်နေတာဖြစ်ပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်းရလဒ် ၆-၂ ဂိုးဖြင့်ရှုံးနိမ့်ကာ ပြိုင်ပွဲကနေထွက်ခဲ့ရပြီဖြစ်ပါတယ်။ အာနိုးလ်ဟာ ယူနိုက်တက်ကစားသမားဟောင်းဖြစ်သူ ဖာဒီနန် ဝေဖန်ခဲ့တဲ့ လီဗာပူးနောက်တန်း ကစားသမား ၃ ဦးထဲက ၁ ဦးဖြစ်ပြီး အခြားသူတွေကတော့ ပြင်သစ်နိုင်ငံသားရဲ့ဂိုးအတွက် သူ့အပေါ် ဝေဖန်နေကြာတာဖြစ်ပါတယ်။

သို့သော်လည်း အသင်းဖော်ဖြစ်တဲ့ ရော်ဘတ်ဆန်က "လူတွေက ကစားသမားတွေအကြောင်းကို မြန်မြန်ကြီးပြောချလိုက်တာပါ အထူးသဖြင့် အင်္ဂလိပ်ကစားသမားတွေရဲ့အကြောင်းကိုပါ" "ဒါပေမဲ့ သူတို့တွေက မြန်မြန်ဆန်ဆန်လည်း နောက်ဆုတ်တက်ကြပါတယ်။ ဝေဖန်ခြင်းခံရကတည်းက အာနိုးလ်က ကလပ်အတွက် သူ့ရဲ့ကစားပေးပုံက အရမ်းကိုကောင်းပါတယ်။ မယုံကြည်နိုင်လောက်အောင်ဖြစ်ပါတယ်"

"ကျွန်တော်တို့က အားနည်းမှုတွေကို ပြသခဲ့ကြတာပါ။ တောင်ပံခံစစ်မှုးတိုင်းကို တောင်ပံတိုက်စစ်ကစားသမားတိုင်းက အခုချိန်ထိ ကျော်ဖြတ်နိုင်ပါတယ်။ ကျွန်တော်တို့အားလုံးက ကစားပုံကျဆင်းနေတာပါ။ အာနိုးလ်ကစားပုံ ဆိုးရွားတဲ့အခါ သူဟာ အခြားကစားသမားတွေထက်ပိုပြီး ဝေဖန်ခြင်းကိုခံရပါတယ်" "ဘာကြောင့်ဒီလိုဖြစ်နေတဲ့ ကျွန်တော်မသိတော့ပါဘူး။ သူက ခက်ထန်တဲ့ပုံစံရှိပြီး ကြံ့ကြံ့ခံနေတာပါ။ ဘယ်သူတွေဘယ်လိုပြောပြာ ကျွန်တော်ကတော့ သူ့အတွက် မစိုးရိမ်မိပါဘူး။ ဒါကတော့ သေချာပါတယ်။ သူ့အပေါ်ဝေဖန်တာက အရမ်းကိုများလွန်းပါတယ်။ ဘာကြောင့်လဲဆိုတာ တကယ်ကိုမသိတော့ပါဘူး" လို့ ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့တိုက်စစ်ကို ခုခံရာမှာ လီဗာပူးစတားတွေအားလုံးရုန်းကန်ခဲ့ရသလိုပဲ အာနိုးလ်လဲဖြစ်ခဲ့ပါတယ်။ သူတို့အသင်းဟာ ဘာနေဗျူးမှာ ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ဘရာဇီးတောင်ပံကစားသမား ဗီနီဆီးယက်ကိုထိန်းချုပ်ရာမှာ အခက်အခဲတွေရှိခဲ့ပြီး နောက်ဆုံးမှာတော့ သူဟာ လီဗာပူးနောက်တန်းကို ကျော်ဖြတ်ပြီး ဘန်ဇီးမားရဲ့ဂိုးကို ဖန်တီးပေးခဲ့တဲ့ပါတယ်။

ဝေဖန်မှုရဲ့ခေါင်းစဉ်ကတော့ တိုက်စစ်သို့အားဖြည့်ပေးတဲ့ တောင်ပံခံစစ်မှုးတစ်ဦးဟာ သူ့ရဲ့အလုပ်ကို ကျေပွန်စွာလုပ်သော်လည်း ခံစစ်မှာသာမက တစ်ဦးချင်းတွေ့တဲ့အခါမှာ အားနည်းမှုတွေရှိနေတာဖြစ်ပါတယ်။ လက်ရှိရာသီ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် ရှုံးပွဲ ၈ ပွဲတွင် အာနိုးလ်က ပွဲကစားချိန်တော်တော်များများ ကစားပေးခဲ့သူဖြစ်သော်လည်း အန်ဖီးလ်မှာ အောင်မြင်မှုရရှိခဲ့တဲ့အချိန် သူ့ရဲ့စွမ်းဆောင်မှုတွေကိုတော့ မေ့လိုက်လို့မရပါဘူး။

ကလော့ပ်ရဲ့ လမ်းညွှန်မှုအောက် ၂၀၁၆ ခုနှစ်တွင် ပထမအသင်းနှင့်အတူ ပွဲထွက်ကတည်းက အသင်းနဲ့အတူ ခြေစွမ်းပြခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတောင်ပံခံစစ်မှုးတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ လက်ရှိရာသီမှာတော့ အရင်ခြေစွမ်းမျိုးပြန်လည် ရရှိရန် ရုန်းကန်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အသင်း ၁၂ ဂိုးဖန်တီးမှုနဲ့ ယှဉ်လိုက်ပါက လက်ရှိရာသီမှာ ဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။

ဧပြီလ ၁ ရက်နေ့ မန်စီးတီးနှင့် ကစားရမယ့်ပွဲကတော့ စိတ်လှုပ်ရှာဖွယ်ရာဖြစ်ပြီး ဝေဖန်ခြင်းခံနေရတဲ့ ကစားသမားတွေအတွက် လွတ်မြောက်အောင်လုပ်ပေးဖို့ ကလော့ပ်ရဲ့ကိစ္စဖြစ်လာနိုင်ပါတယ်။

#လီဗာပူး #ရော်ဘတ်ဆန် #အာနိုးလ် #ချန်ပီယံလိဂ်