ရှေ့သို့
Image

အာဆင်နယ်အသင်း အနေဖြင့် ဂျာအိုဖီးလစ်ကို ခေါ်ယူစေချင်ကြောင်း အကြုံပြုစကားဆိုလိုက်တဲ့ ဒါရင်းဘန့်

11:51 AM, 16 March

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်တဲ့ အာဆင်နယ်အသင်းအနေဖြင့် လာမယ့်ရာသီကြို အပြောင်းအရွှေ့ကာလတွင် အက်သလက်တီကို မက်ဒရစ်အသင်းကနေ လန်ဒန်ပြိုင်ဘက်ချဲလ်ဆီး အသင်းကို ရာသီဝက်အငှားဖြင့် ရောက်ရှိနေတဲ့ ပေါ်တူဂီစတား ဂျာအိုဖီးလစ်ကို ခေါ်ယူစေချင်ကြောင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်ပြိုင်ပွဲတို့တွင် ကလပ် ၉သင်းနဲ့အတူ ပါဝင်ကစားထားခဲ့ဖူးတဲ့ ဒါရင်းဘန့်က ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဂျာအိုဖီးလစ်အနေဖြင့် ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ဇန်နဝါရီလမှာကတည်းက နည်းပြ ပေါ့တာရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန် ပွဲထွက်ကစားခွင့်ရထားခဲ့ပေမဲ့ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြရန် ရုန်းကန်နေရပြီး အနီကဒ်ပြစ်ဒဏ်ကြောင့် ပွဲစဉ် ၂ပွဲလွဲချော်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနဲ့အတူ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ပွဲမှာ သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဂျာအိုဖီးလစ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်လို့ ဒါရင်းဘန့်က “ကျွန်တော်က ဂျာအိုဖီးလစ်ရဲ့ ကစားပုံကို နှစ်သက်ပါတယ်။ သူ့လို အရည်အသွေးမြင့်မားတဲ့ ကစားသမားတစ်ဦးအနေနဲ့ ဒီထက်ပိုပြီး သွင်းဂိုးတွေ များများရနေသင့်တာပါ” “ကစားပုံကောင်းနေတဲ့အချိန်မှာ ကျွန်တော်တို့က ကိန်းဂဏန်းအချက်အလက်တွေကို အာရုံသိပ်စိုက်တာတော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ မပြုလုပ်နိုင်တာ များလာရင် တန်ကြေးမြင့်မားမှုနဲ့ မထိုက်တန်ဘူးလို့ ပြောလာကြမှာပါ။ ကျွန်တော်အမြင်အရ သူ့ကို နှစ်သက်မှုရှိပြီး ကစားပုံလည်း ကောင်းမွန်နေခဲ့ပါတယ်” “အသက် ၂၃နှစ်သာ ရှိသေးတာကြောင့် ချဲလ်ဆီးအသင်းအနေဖြင့် အပြီးခေါ်ယူသင့်တာမှန်သလို အာဆင်နယ်အသင်းကသာ ခေါ်ယူချင်မယ်ဆိုရင် ရာနှုန်းပြည့် ထောက်ခံသွားမှာပါ”လို့ ထုတ်ဖော်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #ဖီးလစ် #ဒါရင်းဘန့်တ်