ရှေ့သို့
Image

ခဗာရက်စ်ကီးလီယာသာ ယူနိုက်တက်သို့ ပြောင်းလာခဲ့ပါက ဂျော့ဘက်စ်ရဲ့ နေ့ရက်တွေပြန်လာမှာဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ ဗီယာရီ

10:24 AM, 16 March

ကစားသမားအနည်းငယ်လောက်ကသာ ပရိသတ်တွေရဲ့ သဲသဲလှုပ်အားပေးခြင်းကို ရရှိထားတာဖြစ်ပြီး လက်ရှိရာသီမှာတော့ ခဗာရက်စ်ကီးလီယာက အကောင်းဆုံးလုပ်ထားနိုင်ပါတယ်။

ဒိုင်နမိုဘက်တူမီကနေ ယူရို ၁၂ သန်းဖြင့်ရောက်လာခဲ့တဲ့ ဂျော်ဂျီယာနိုင်ငံသားဟာ အသင်းရဲ့စီးရီးအေဆုဖလား ရရှိဖို့ လုပ်ဆောင်မှုတွင် ထင်ပေါ်လာခဲ့ပြီး ဥရောပရဲ့ဘောလုံးမြေပုံပေါ်မှာ ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီးနှင့် မန်စီးတီးတို့လို အသင်းတွေဟာ သူ့ကို ချိတ်ဆက်မှုတွေ လုပ်နေကြသော်လည်း သူ့ရဲ့အလားအလာကို အပြည့်အဝအသုံးချဖို့အတွက် အိုးထရက်ဖို့ဒ်ကသာ အကောင်းဆုံးဖြစ်ပြီး တောင်ပံကစားသမားကို ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားကြီးနဲ့ နှိုင်းယှဉ်ပြောဆိုတာတွေရှိနေပါတယ်။

အတ္တလန္တာအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကာဗာစခီလီယာက ခြေစွမ်းပြသခဲ့ပြီးနောက် သူ့ရဲ့ Bobo TV Twitch ရုပ်သံသို့ အင်တာနှင့် ဂျူဗင်တပ်စ်တို့ရဲ့ တိုက်စစ်မှုးဟောင်းဖြစ်သူက "သူသွင်းယူခဲ့တဲ့ဂိုးက အရမ်းကိုကောင်းပါတယ်။ သူဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ဂျော့ဘက်စ်ရဲ့နေ့တွေက ပြန်လာမှာပါ။ ကာဗာစခီလီယာက အတူတူပါပဲ။ ဗုဒ္ဓဟူးနေ့ နာပိုလီအသင်း ကစားမယ့်ပွဲကို ကြည့်ဖို့ ကျွန်တော်က မစောင့်နိုင်တော့ပါဘူး" လို့ ပြောပါတယ်။

သူ့ရဲ့ပွဲအပေါ် ချဉ်းကပ်မှုတွေကြောင့် ကာဗာဒိုနာလို့ အများက ခေါ်ဆိုနေကြပြီး နာပိုလီရဲ့ စီးရီအေဆုဖလားရရှိဖို့ လုပ်ဆောင်မှုတွင် သူ့ရဲ့သက်ရောက်မှုကလည်း ရှိနေတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ဂိုးပေါက်ရှေ့မှာ ခြေစွမ်းပြထားသူဖြစ်ပြီး လက်ရှိရာသီ ဥရောပမှာ အကောင်းဆုံးတောင်ပံ ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

၁၉၆၀ ခုနှစ်တွေမှာ ပရိသတ်တွေ အံ့အားသင့်စေခဲ့တဲ့ ဘက်စ်ရဲ့ ယူနိုက်တက်အတွက် ကြိုးစားလုပ်ဆောင်ပေးခဲ့သလိုမျိုး ခဗာရက်စ်ကီးလီယာကိုလည်း ပြည်တွင်းနဲ့ ဥရောပမှာပါအောင်မြင်မှုတွေ ရရှိစေချင်နေတာပါ။ စပယ်လက်တီရဲ့ အသင်းဟာ ချန်ပီယံဖြစ်လုနီးပါးဖြစ်နေပြီး ခဗာရက်စ်ကီးလီယာနဲ့ သူ့အသင်းဖော်တွေရဲ့ စီးရီးအေရှိ လုပ်ဆောင်မှုက အပြီးသတ်တော့မှာဖြစ်ပါတယ်။

ပထမအကျော့မှာ ဖရန့်ဘက်ကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက် နာပိုလီဟာ နောက်တစ်ဆင့် တက်ရောက်ဖို့ အခြေအနေကောင်းနေပြီဖြစ်ကာ ဒုတိယအကျော့ကို ကလပ်ရဲ့အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နာပိုလီ #အပြောင်းအရွှေ့ #ခဗာရက်စ်ကီးလီယာ