ရှေ့သို့
Image

နာပိုလီမှာ လျှပ်တပြက် တောက်ပလာသော ကြယ်ပွင့်တစ်ခု (သို့မဟုတ်) ဂျော်ဂျီယာမက်ဆီ ခဗာရက်စ်ကီးလီယာ

4:03 PM, 15 March

ခဗာရက်စ်ကီးလီယာ၏ဇာတ်လမ်းသည် အထူးသဖြင့် နာပိုလီအသင်းတွင် ကစားနေသည့် အီတလီနိုင်ငံ၊ နေပယ်လ်တွင် ဘောလုံးလောကထဲ အရှိန်အဟုန်ဖြင့် တိုးဝင်လာနေသည်။ ဂျော်ဂျီယာ တောင်ပံကစားသမားအား စီးရီးအေ၏ "ပေါ်ထွန်းခြင်း" ဟု အမည်ပေးထားပြီး ဒါကလည်း အကြောင်းပြချက်ကောင်းတစ်ခုကြောင့်ဖြစ်သည်။ ခဗာရက်စ်ကီးလီယာသည် နာပိုလီအသင်းသမိုင်းတစ်လျှောက် အတိုးတက်ဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

ခဗာရက်စ်ကီးလီယာသည် ၎င်း၏ ဘောလုံးခရီးကို ဂျော်ဂျီယာတွင် စတင်ခဲ့ပြီး ဒုတိယတန်းကလပ် Rustavi အတွက် ကစားခဲ့သည်။ Tbilisiမှလူငယ်လေးသည် ပွဲတစ်ခုတွင် တစ်ဦးချင်းကျော်ဖြတ်နိုင်မှု ပျမ်းမျှ ၁ဝကြိမ်အထက် ပြုလုပ်နိုင်ခြင်းအတွက် ဂျော်ဂျီယာ-ဘရာဇီးရိုးရာဓလေ့အရ၊ ၎င်း၏မိခင်ကလပ် Dinamoသည် "Kvarrincha"လို့ နာမည်ပေးခဲ့သည်။

နေပယ်လ်တွင်၊ ဂျော်ဂျီယာသားအား အသင်းရဲ့နတ်ဘုရားဟု သတ်မှတ်ခံထားရသော ဂန္တဝင် ဒီယေဂိုမာရာဒိုနာနှင့် နာပိုလီပရိသတ်တွေက ခိုင်းနှိင်းခဲ့ကြသည်။ တောင်ပံကစားသမားက “ကျွန်တော် လုပ်နိုင်တယ်၊ မာရာဒိုနာလောက် ကောင်းဖို့တော့ မဖြစ်နိုင်သေးပေမယ့် ဒီကလပ်အတွက် ကစားသမားကောင်းတစ်ယောက်ဖြစ်ဖို့ ကျွန်တော် အားလုံးကို ပေးဆပ်သွားမှာပါ။ ကျွန်တော် ဒီနာမည်ပြောင်ကိုကြိုက်တယ်”ဟု ပြောသည်။

ခဗာရက်စ်ကီးလီယာသည် ဥရောပအသင်းကြီးများထံမှ အာရုံစိုက်မှုများစွာရရှိနေချိန်မှာတော့ နာပိုလီနည်းပြ စပယ်လက်တီက သူ့အပေါ် ဖိအားတွေများလွန်းနေသေးတယ်လို့ ယုံကြည်နေပြီး “ဒီဖိအားတွေကို ဖယ်ရှားနိုင်တာနဲ့အမျှ သူဘယ်လိုကစားသမားလဲဆိုတာ ခင်ဗျားတို့တွေ့မြင်ရမှာပါ။ သူလုပ်ပြခဲ့တာတွေက လုံလောက်နေပြီ။ ဒါပေမယ့် သူ ဒီထက်ပိုပြီး လုပ်နိုင်ပါတယ်”ဟု သုံးသပ်ပြခဲ့သည်။

ဂျော်ဂျီယာသားသည် လူငယ်ကစားသမားဘဝသာရှိသေးတာကြောင် ကစားသမားဘ၀ ရှေ့ဆက်ရမယ့်အချိန်အများကြီး ကျန်သေးသည်။ သို့သော် မက်ဆီလို အယိမ်းအနွဲ့မျိုးနဲ့ မာရာဒိုနာလို ခြေစွမ်းမျိုး ပိုင်ဆိုင်ထားသော ခဗာရက်စ်ကီးလီယာသည် ပြိုင်ဘက်ခံစစ်မှူးတွေရဲ့ အိပ်မက်ဆိုး ဖြစ်တယ်ဆိုတာ ယခုနှစ်ရာသီအတွင်း သက်သေပြခဲ့သည်။ ခံစစ်ကစားပုံ အားနည်းနေသေးပေမယ့် သူ့ရဲ့အတိုးအလှုပ်တွေ၊ အယိမ်းအနွဲ့တွေက အသင်းဖော်တွေအတွက် နေရာလွတ်များစွာဖန်တီးပေးပြီး တစ်ကိုယ်တော်သွင်းဂိုးတွေနဲ့အတူ ဘာလုပ်ပြနိုင်တယ်ဆိုတာ ကမ္ဘာကြီးကို ထုတ်ဖော်ပြသခဲ့ပြီးပါပြီ။ ဒါကြောင့် “KVARADONA”လို့ နာမည်ပြောင်ရထားတဲ့ ခဗာရက်စ်ကီးလီယာတစ်ယောက် ကမ္ဘာ့ဘောလုံးစင်မြင့်ထက်မှာ ဘယ်လောက်ထိ အသုံးတော်ခံဦးမလဲဆိုတာ စောင့်မျှော်ရင်း……..

#အယ်ဒီတာအကြိုက် #နာပိုလီ #ဆောင်းပါးများ #ခဗာရက်စ်ကီးလီယာ