ရှေ့သို့
Image

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဟောကိန်းထုတ်လိုက်တဲ့ ကွန်တီ

10:50 AM, 12 March

တော့တင်ဟမ်နည်းပြ ကွန်တီက ယူနိုက်တက်ဟာ ထိပ်ဆုံး ၄ သင်းနေရာကို ဝင်နိုင်ဖို့ အားလုံးရှိနေပြီး ချဲလ်ဆီးကလည်း ထိပ်ဆုံး ၄ သင်းနေရာကို စိန်ခေါ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ် နဲ့ မန်စီးတီးတို့က ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေချိန်မှာ ယူနိုက်တက်ကလည်း တန်ဟက်လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တစ်နေရာသသာ ကျန်တော့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရရှိခဲ့ပြီးနောက် အဆင့် ၅ နေရာက လီဗာပူးကို ၆ မှတ်ဖြတ်နိုင်ခဲ့ကာ လီဗာပူးက ဘုန်းမောက်ကို အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်က တော့တင်ဟမ်ရဲ့နောက်မှာ ၇ မှတ်အကွာနဲ့ရပ်တည်နေပြီး ဘရိုက်တန်ကလည်း လက်ကျန် ၃ ပွဲကျန်နေတာဖြစ်ပါတယ်။

ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ခက်ခဲဖွယ်ရှိနေပြီး ကွန်တီက ချဲလ်ဆီးလည်း ပါဝင်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ချဲလ်ဆီးဟာ စနေနေ့က ၃ ပွဲဆက်အနိုင်ရရှိပြီး တော့တင်ဟမ်နဲ့ ၁၁ မှတ်အကွာမှာ ရှိနေပါတယ်။ “ကျွန်တော် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာက အရမ်းခက်ခဲနိုင်တယ်ဆိုတာ သိပါတယ်။ ပြိုင်ဘက်တွေကို မင်းမြင်နိုင်ပါတယ်။

အသင်းတော်တော်များများက အဲ့နေရာကို လုနေတာပါ။ ဒီလိုအချိန်မှာ  အပေါ်က ၃ သင်းဖြစ်တဲ့ အာဆင်နယ် ၊ မန်စီးတီး နဲ့ ယူနိုက်တက်တို့ကိုတော့ မယှဉ်နိုင်လောက်ပါဘူး။ တစ်နေရာပဲ လွတ်နေတာကြောင့် အသင်းတိုင်းက အဲ့နေရာကို အားပြိုင်နေကြတာပါ။

ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်ပြီး ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ယူသွားမှာပါ။ ပြီးခဲ့တဲ့နှစ်ကလိုဖြစ်လာနိုင်ပါတယ်။ ဒီရာသီမှာတော့ ပိုပြီးခက်ခဲနိုင်ပါတယ်။ လီဗာပူးကလည်း ဒီပြိုင်ပွဲမှာ ပါဝင်နေတာကြောင့်ပါ။

နယူးကာဆယ်လည်း အတူတူပါပဲ။ သူတို့က အခုဆို သန်မာတဲ့အသင်းဖြစ်လာပြီး ငွေလည်းသုံးလာနိုင်ပါပြီ။ ချဲလ်ဆီးလည်း ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။ သူတို့ လက်ရှိမှာဝေးကွာနေတယ်ဆိုပေမယ့် ရာသီကုန်ဖို့ လိုနေသေးတာကြောင့် ပြောမရသေးပါဘူး။

ကျွန်တော်တို့အတွက်လည်း တွေးရပါမယ်။ ထိပ်တန်းကလပ်တသင်းက ပြိုင်ဘက်တွေရဲ့ရလဒ်ကို မကြည့်ပါဘူး။ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားသွားမှာပါ”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟာ ချန်ပီယံလိဂ်မှာ အေစီမီလန်ကို အရေးနိမ့်ပြီးထွက်ခွာခဲ့ရကာ မနေ့က နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ပြန်လည်အနိုင်ရခဲ့ပါတယ်။

မန်စီးတီးကတော့ ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အာဆင်နယ် နဲ့ ၂ မှတ်အကွာပြန်ရောက်လာခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဒီနေ့ညမှာ ဖူလ်ဟမ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#တော့တင်ဟမ် #ကွန်တီ #ပရီးမီးယားလိဂ်