ယူနိုက်တက်၊ အာဆင်နယ်၊ နယူးကာဆယ် အသင်းတို့ရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ဆယ်လ်တာဗီဂိုကြယ်ပွင့် ဗီဂါ
1:44 PM, 9 March
ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွင်း ပုံစံကောင်းနေတဲ့အသင်းတွေဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့က ဆယ်လ်တာဗီဂိုအသင်းနဲ့ အတူ လာလီဂါပြိုင်ပွဲအတွင်းမှာ အရည်အသွေးမြင့်မားတဲ့ ခြေစွမ်းပိုင်းကို ပြသထားနိုင်ခဲ့တဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကြယ်ပွင့်ကစားသမား ဗီဂိုကို ခေါ်ယူရန် ပစ်မှတ်ထားလာကြတာပဲ ဖြစ်ပါတယ်။
ဆယ်လ်တာဗီဂိုအသင်းနဲ့အတူ တောက်ပတဲ့ ဘောလုံးရာသီတစ်ခုကို ရေးထိုးထားနိုင်တဲ့ ဂါဘရီဗီဂါအတွက် ပရီးမီးယားလိဂ်အင်အားကြီးအသင်းတွေအပြင် ဘွန်ဒက်စ်လီဂါကလပ် အသင်းတွေကပါ ခေါ်ယူရန် ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။ နာမည်ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ Relevo ရဲ့ ဖော်ပြချက်အရ ဆယ်လ်တာဗီဂိုအသင်း အနေဖြင့် ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ အာဆင်နယ်၊ နယူးကာဆယ် အသင်းတို့က ခေါ်ယူရန်ကြိုးပမ်းလာဖွယ်ရှိနေတဲ့ ဗီဂါရဲ့ နေရာအတွက်အစားထိုး တိုက်စစ်ကစားသမားအဖြစ် အက်စ်ပက်ကို ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။
ဆယ်လ်တာဗီဂိုအသင်းက ၂၀၂၆ခုနှစ်အထိ စာချူပ်သက်တမ်း ကျန်ရှိနေတဲ့ အသက် ၂၀နှစ်အရွယ် ကစားသမားအတွက် စာချူပ်လျှော်ကြေး ယူရိုသန်း ၄၀ခန့် တောင်းဆိုသွားနိုင်ခြေရှိပြီး ဘယ်အသင်းက အရခေါ်ယူသွားနိုင်မလဲဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
ဂါဘရီဗီဂါက ယမန်နှစ်ရာသီမှာ စတင်ကာ ဆယ်လ်တာဗီဂိုအသင်းကြီးအတွက် ရွေးချယ်ခံထားရသူဖြစ်ပြီး ယခုနှစ်ရာသီမှာ နည်းပြ စိတ်ကြိုက် ကစားသမားဖြစ်လာကာ ရီးရဲလ်ဗယ်လာဒိုးလစ်၊ ရီးရဲလ်ဘက်တစ် အသင်းတို့နဲ့ ပွဲစဉ်တွေမှာ ဂိုးဖန်တီးမှု ၂ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့သလို ဆီဗီလာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ကာ စွမ်းဆောင်ရည်ကောင်းတွေကို သက်သေပြသထားနိုင်တာပဲ ဖြစ်ပါတယ်။