ရှေ့သို့
Image

ဘားတစ်ခုမှာ အခြားမိန်းမတစ်ဦးကို အနမ်းပေးခဲ့တဲ့ ဝေါ်ကာကို မက်ဆေ့ချ် တစ်ခုနဲ့ ဇနီးသည် ကီလ်နာ ထောက်ပြ

11:08 AM, 9 March

မန်စီးတီးစတား ဝေါ်ကာတစ်ယောက် ဗော့ဒ်ကာဗားတစ်ခုမှာ အခြားအမျိုးသမီးတစ်ဦးကို အမူးလွန်ပြီး အနမ်းပေးခဲ့ပြီးနောက် ဇနီးသည် ကေလ်နာက အင်စတာဂရမ်ကနေ မက်ဆေ့ချ်တစ်ခုနဲ့ ထောက်ပြလိုက်ပါတယ်။

တနင်္ဂနွေနေ့ကစားပွဲပြီးနောက် အင်္ဂလန်သားဟာ ချက်ရှိုင်းယားရှိတဲ့ ဗော့ဒ်ကာဘားတစ်ခုကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဇနီးသည်ဖြစ်သူ ကေလ်နာက အင်စတာဂရမ်ကနေ “မင်းအနေနဲ့ လူတွေကို ဘယ်လောက်ကောင်းကောင်း သူတို့က မင်းကို ပြန်မကောင်းပေးဘူးဆိုတာကို သတိရဖို့ အရေးကြီးတယ်လို့ ငါထင်ပါတယ်”လို့ တင်ခဲ့ပါတယ်။

အသက် ၃၀ အရွယ်မော်ဒယ်ဟာ ဝေါ်ကာနဲ့ ကလေး  ၃ ယောက်ရှိထားပြီး ၂ ဦးစလုံးက အသင်းမှာ ရှိနေချိန် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ချက်ရှိုင်းယားရဲတပ်ဖွဲ့ကတော့ ဖြစ်ပျက်တာတွေနဲ့ပတ်သက်ပြီး မေးမြန်းနေဆဲလို့ အတည်ပြုခဲ့ပါတယ်။ သတင်းဌာနတစ်ခုကတော့ မန်စီးတီးက မိမိတို့ ကစားသမားဟာ ဘယ်ကလပ်စည်းမျည်းကိုမှ မချိုးဖောက်ခဲ့ဘူးလို့ ယုံကြည်နေတယ်လို့ ဆိုပါတယ်။ ဝေါ်ကာဟာ စနေနေ့မှာကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်းပုံမှန်ဆင်းမှာဖြစ်ပါတယ်။

“မတ်လ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့တုန်းက ချက်ရှိုင်းယားရဲတပ်ဖွဲ့ လူမှုမီဒီယာက ဗီဒိယိုတစ်ခုနဲ့ပတ်သက်ပြီး သတင်း ရရှိခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းနေကာ ဘယ်သူ့ကိုမှ မဖမ်းရသေးဘူး”လို့ ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

The Sun ကဖော်ပြရာမှာ စီစီတီဗွီမှာ မြင်တွေ့ခဲ့ရတဲ့ ဝေါ်ကာ အနမ်းပေးနေတဲ့ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ဇနီးသည်မဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါဗီဒီယိုက ဒီနေ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အမျိုးသမီးအရေးလုပ်ဆောင်နေတဲ့ ပါးကားက ဒေါသတကြီးဝေဖန်ခဲ့တာဖြစ်ပါတယ်။

“တကယ့်ကို ရှော့ခ်ရစေခဲ့ပါတယ်။ ဒါက ခြိမ်းခြောက်မှုပါ။ ပြီးတော့ အမျိုးသမီးတစ်ဦးကို မတော်မရော်လုပ်တာဖြစ်ပြီး ကာလရှည်ထိခိုက်မှုဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးက ဘယ်လိုမှကို မဖြစ်သင့်တာပါ”လို့ ပါးကားက ပြောကြားခဲ့ပါတယ်။

ဝေါ်ကာဟာ အင်္ဂါနေ့မနက်ခင်းအမီ လေ့ကျင့်ခန်းဆင်းဖို့ အသင်းကို အသိပေးရမှာဖြစ်ပါတယ်။ စီးတီးကစားသမားတွေဟာ နယူးကာဆယ်အသင်းကို အနိုင်ရရှိပြီးနောက် ၂ ရက် အနားရခဲ့တာဖြစ်ပါတယ်။ အဲ့တာကို အသုံးချပြီး ဝေါ်ကာ ဘားတစ်ခုကို သွားခဲ့ပြီး ဂွါဒီယိုလာရဲ့ အသင်းဟာ စနေနေ့မှာ ပဲလေ့စ်နဲ့ ရင်ဆိုင်ရမှာဖြစ်ကာ လေ့ကျင့်ခန်းပြန်ဆင်းရမှာဖြစ်ပါတယ်။

#မန်စီးတီး #ကိုင်လီဝေါ်ကာ #ပရီးမီးယားလိဂ် #ကေလ်နာ