ရှေ့သို့
Image

ဘစ်တစ်နဲ့ ကစားရမယ့် ယူရိုပါလိဂ် ၁၆သင်း အဆင့်ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်သွားမယ့် ဆာဘစ်ဇာ

9:45 AM, 9 March

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်း အဆင့်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လာလီဂါမှာ ခြေစွမ်းထက်နေတဲ့ ရီးရဲလ်ဘက်တစ် အသင်းတို့က ကြာသပတေးနေ့ညမှာ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပြီး နည်းပြ အဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းမှာ အဓိကတိုက်စစ်ကစားသမား အန်တိုနီမာရှယ်အပါအဝင် ကွင်းလယ်ကစားသမားဖြစ်တဲ့ မာဆယ်ဆာဘစ်ဇာကပါ ဒဏ်ရာ ပြဿနာကြုံတွေ့နေခဲ့တာပဲ ဖြစ်ပါတယ်။

သြစတြီးယားကွင်းလယ်လူပါ ဒဏ်ရာ ရသွားခဲ့တာကြောင့် ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ဒဏ်ရာနဲ့ လွဲချော်နေခဲ့တဲ့ မာရှယ်ကပါ ကစားမပေးနိုင်သေးချိန် နည်းပြ တန်ဟတ်အနေဖြင့် ဘက်တစ်အသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်အတွက် အနည်းငယ် စိတ်ရှုပ်စရာအဖြစ်ရှိစေတာ ဖြစ်ပါတယ်။

ဝါရင့်နည်းပြတစ်ဦးဖြစ်တဲ့ နည်းပြ ပယ်လီဂရီနီရဲ့ ရီးရဲလ်ဘက်တစ်အသင်းက ပြီးခဲ့တဲ့ အပတ် ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း လီဗာပူးအသင်းကို ၂ဂိုး - ၅ဂိုးဖြင့် ပူပူနွေးနွေးအနိုင်ကစားထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို သရေကစားကာ ပုံစံကောင်းပြသထားတာလည်း ဖြစ်ပါတယ်။ သြစတြီးယားကွင်းလယ်လူအနေဖြင့် လာမယ့်အပတ် တနင်္ဂနွေညမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားရမယ့် ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်ကို ဝင်ရောက်ကစားပေးနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။

ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ နည်းပြချူပ် တန်ဟတ်က “ကျွန်တော်အသင်းမှာ အစီအစဉ်ကောင်းတွေရှိနေပြီးသားပါ။ ဒါပေမဲ့ အဆိုးဘက်ကပြောရရင် မာရှယ်နဲ့ ဆာဘစ်ဇာတို့က ဝင်ကစားပေးနိုင်မှာ မဟုတ်ပါဘူး။ ကျန်တဲ့ ကစားသမားတွေကတော့ အားလုံးနီးပါး ကြံ့ခိုင်မှုအပြည့်ဖြစ်နေပါတယ်”လို့ ယူရိုပါလိဂ် ၁၆သင်းအဆင့် ပွဲစဉ်မတိုင်မီ အတည်ပြုပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘက်တစ် #ယူရိုပါလိဂ် ဆာဘစ်ဇာ