ရှေ့သို့
Image

နယူးကာဆယ်နဲ့ အပြိုင် မေဆင်မောင့်ကို ခေါ်ယူနိုင်ရန် ပြင်ဆင်လာတဲ့ လီဗာပူး

9:58 AM, 8 March

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ ရလဒ်ပိုင်းယိမ်းယိုင်နေတဲ့ လီဗာပူးအသင်းက ချဲလ်ဆီးအသင်းမှာ စာချုပ်သက်တမ်း တိုးနိုင်ရန် အနာဂတ်မရေမရာဖြစ်နေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မေဆင်မောင့်ကို ခေါ်ယူရန်အတွက် ယခုနှစ်ဘောလုံးရာသီမှာ ပုံစံကောင်းရထားတဲ့ နည်းပြ ဟိုဝီရဲ့ နယူးကာဆယ်အသင်းနဲ့ အပြိုင် ခေါ်ယူရန် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

မေဆင်မောင့်အနေဖြင့် ပြီးခဲ့တဲ့ ၂၀၂၀-၂၁ဘောလုံးရာသီတွင် ခြေစွမ်းပြသကစားနိုင်ခဲ့ပေမဲ့ ယခုနှစ်ဘောလုံးရာသီတွင် လစာကိစ္စနဲ့ ပတ်သက်ကာ စာချုပ်သက်တမ်း တိုးရန်အတွက် ကြံ့ကြာနေတာ ဖြစ်ပါတယ်။ နာမည်ကျော်သတင်းဌာနတစ်ခု ဖြစ်တဲ့ Daily Mail ရဲ့ဖော်ပြချက်အရ ရလဒ်ပိုင်း ဆက်တိုက် ဆိုးရွားနေတဲ့ နည်းပြ ဂျာဂန်ကလော့ရဲ့ လီဗာပူး အသင်းကလည်း နယူးကာဆယ်အသင်းနဲ့အပြိုင် မေဆင်မောင့်ကို ခေါ်ယူနိုင်ရန်အတွက် အာရုံစိုက်လာတာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေဖြင့် မေဆင်မောင့်ကို ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့သက်တမ်းက ၂၀၂၄ခုနှစ်မှာ ကုန်မှာဖြစ်တာကြောင့် ယမန်နှစ်ဘောလုံးရာသီတွင် ရူဒီဂါက ရီးရဲလ်မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့သလို အဖြစ်မျိုးကို ရှောင်ရှားနိုင်ရန်အတွက် အကယ်ဒမီထွက်ကစားသမားကို အချိန်မီ ရောင်းထုတ်သွားမလားဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

နည်းပြ ပေါ့တာရဲ့ ချဲလ်ဆီးအသင်း အနေဖြင့် မေဆင်မောင့်ကို စားချုပ်သက်တမ်းတိုးမြှင့်နိုင်ခြင်းမရှိပါက ရာသီကုန်မှာ လေဗာကူဆင် ကစားသမား ဖလိုရီယန်ဝစ်ဇ်နဲ့ လက်စတာစီးတီးတိုက်စစ်ကစားသမား ဟာဗေးဘန်းစ်တို့ထဲမှ တစ်ဦးအား ခေါ်ယူရန် စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #မေဆင်မောင့် #ဂရေဟမ် ပေါ့တာ #ပရီးမီးယားလိဂ်