ရှေ့သို့
Image

စည်းကြပ်ဒိုင်ကို တွန်းခဲ့တဲ့ ဘရူနိုဖာနန်ဒက်က ပွဲပယ်ပြစ်ဒဏ်ချခံရသင့်တယ်လို့ ပြောလိုက်တဲ့ ခရစ္စဆက်တန်

9:49 AM, 8 March

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လီဗာပူး အသင်းအား ၇-၀ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက် အသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်သူ ဘရူနိုဖာနန်ဒက် အနေဖြင့် စည်းကြပ်ဒိုင်အား တွန်းခဲ့တာကြောင့် အသင်းခေါင်းဆောင်အဖြစ်မှ နုတ်ထွက်သင့်ပြီး ၎င်းကစားသမားအား ပွဲပယ်ပြစ်ဒဏ်ချမှတ်သင့်ကြောင်း ချဲလ်ဆီးအသင်းတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ ခရစ္စဆက်တန်က ဝေဖန်ပြောကြားလိုက်ပါတယ်။


ယူနိုက်တက်အသင်းဟာ အန်းဖီးလ်မှာ လီဗာပူးအသင်းကို ပထမပိုင်းယှဉ်ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ လီဗာပူး အသင်းရဲ့သွင်းဂိုးတွေကြောင့် ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံးရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အဆိုပါပွဲအပြီးမှာတော့ အစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နှင့် ရွိုင်ကိန်းတို့ နှစ်ဦးစလုံးသည် ယူနိုက်တက် အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ရလဒ်နှင့်ပက်သက်ပြီး အသင်းခေါင်းဆောင် ဖာနန်ဒက်စ်အား အရှက်ရသင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်တွင် ဒိုင်လူကြီးအား တွန်းခဲ့တာကြောင့် ၁၁ ပွဲပယ်ပြစ်ဒဏ်ကျခဲ့သော ဒီကာနီယို ကိုနမူနာယူပြီး ဘရူနိုဖာနန်ဒက်အား ကာလရှည်ပွဲပယ်ပြစ်ဒဏ်ချမှတ်သင့်ကြောင်း ချဲလ်ဆီးအသင်း ကစားသမားဟောင်း ခရစ္စဆက်တန်ကအကြံပြုခဲ့ပါတယ်။

"ယူနိုက်တက်နည်းပြတန်ဟက်က သူ့ကို လူစားမလဲပဲ လက်တွေပဲဝှေ့ယမ်းပြခဲ့ပါတယ်။ သေချာတာကတော့ ပရီးမီးယားလိဂ်မှာ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်မကျေခဲ့တဲ့ အဆိုးဆုံးစွမ်းဆောင်ရည်တစ်ခုကြောင့် အားလုံးကိုတောင်းပန်သင့်ပါတယ်။ ဒီလိုအပြုအမူက လုံးဝ ပရော်ဖက်ရှင်နယ်မဆန်ပါဘူး။ အဲ့တာက မိုက်မဲတဲ့ ကလေးတွေလိုပါပဲ။ ဒိုင်တွေကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုလုပ်တာတွေကို တားမြစ်ချက်ထုတ်သင့်ပါတယ်။ ဒိုင်ကို လက်နဲ့တွန်းခဲ့တာကြောင့် ၁၉၈၈မှာ ဒီကာနီယို ၁၁ပွဲပယ်ခံခဲ့ရတာကို သတိရကြပါ။ ဖာနန်ဒက်စ်ကို အဲ့လိုပြစ်ဒဏ်မျိုးကျစေချင်တာ မဟုတ်ပေမယ့် သူ့လုပ်ရပ်က အရမ်းရှက်ဖို့ကောင်းပါတယ်။ အရင်ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွါရီကို ဘယ်လိုပဲထင်ထင် ကွင်းထဲမှာတော့သူက အဲလိုအပြုအမူမျိုးလုပ်မယ်မထင်ပါဘူး။ တန်ဟက်အနေနဲ့ ဖာနန်ဒက်စ်နဲ့ ဆွေးနွေးဖို့လိုအပ်နေပြီး ကြာသပတေးနေ့မှာကစားမယ့် ရီးရဲလ်ဘက်တစ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ သူကအသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ဖို့ ထိုက်တန်မှုရှိ၊ မရှိ ဆုံးဖြတ်သင့်ပါတယ်။ လီဗာပူးလ်က တော်တော်လေး အံ့မခန်းဖြစ်ခဲ့ပြီး ယူနိုက်တက်အနေနဲ့ အမှားတွေအများကြီး ရှိခဲ့ပါတယ်။ ဖာနန်ဒက်ရဲ့လုပ်ရပ်ကတော့ အဲ့ဒီပွဲမှာ အရမ်းစိတ်ပျက်ဖို့ကောင်းပါတယ်"ဟု ခရစ္စဆက်တန်က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #အဲရစ်တန်ဟက် #ခရစ္စဆက်တန် #ပရီးမီးယားလိဂ်