ရှေ့သို့
Image

ဘယ်လင်ဟမ်အတွက် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးဖို့အဆင်သင့်ရှိနေတဲ့ ပရီးမီးယားလိဂ် အင်အားကြီးနှစ်သင်း

2:00 PM, 4 March

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ကို ခေါ်ယူချင်ပေမယ့် ပြောင်းရွှေ့ကြေးက ပေါင်သန်း ၁၃၀ ဖြစ်နေတာကြောင့်ခေါ်ယူလိုခြင်းမရှိဘူးလို့ သတင်းတွေအရ သိရပါတယ်။

ဘယ်လင်ဟမ်သည် ဥရောပကလပ်များအတွက် အလိုအပ်ဆုံး ကစားသမားများထဲမှတစ်ဦးဖြစ်ပြီး ယခုနွေရာသီတွင် ဒေါ့မွန်မှ ထွက်ခွာခွင့်ရရှိမည်ဖြစ်ပါတယ်။ သူရဲ့ စာချုပ်ဟာ ၂၀၂၅ မှာ ကုန်ဆုံးမှာဖြစ်လို့ ဒေါ့မွန်က အပြောင်းအရွှေ့ဈေးကွက်ပြန်ဖွင့်ချိန်မှာ ဘယ်လင်ဟမ်ကို ရောင်းချခြင်းဖြင့် သူတို့ရဲ့ အမြတ်အစွန်းကို အမြင့်ဆုံးရအောင် ရှာဖွေနိုင်မှာပါ။

ဒေါ့မွန်အသင်းသည် အင်္ဂလန်လက်ရွေးစင်ကစားသမားအတွက် ပေါင်သန်း ၁၃၀ ဝန်းကျင်အလိုရှိနေပြီး ရီးရဲလ်မက်ဒရစ်အသင်းက မပေးချင်ကြောင်းသိရပေမယ့် အမည်မဖော်လိုသည့် ပရီးမီးယားလိဂ်ကလပ်နှစ်သင်းသည် ဒေါ့မွန်၏ ဘယ်လင်ဟမ်အတွက်တောင်းဆိုတဲ့ပြောင်းရွှေ့ကြေးကို ပေးချေလိုကြောင်း သိရပါတယ်။

ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြပြီဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကလည်း အဆိုပါ ၁၉ နှစ်အရွယ် စူပါစတားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ရှေ့က သုံးသင်းက ပရီးမီးယားလိဂ်မှာငွေကြေးအင်အားအရှိဆုံးတွေဖြစ်တာကြောင့် အခြေအနေတွေကို ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ယူနိုက်တက်သည် ဘယ်လင်ဟမ်အတွက် မည်သည့်ကမ်းလှမ်းမှုမျိုးကိုမဆို အပြိုင်အဆိုင်လုပ်ဆောင်နေပြီး မကြာမီတွင်ကစားသမားကို ခေါ်ယူရန် အခွင့်အလမ်းများ တိုးမြင့်လာမည်ဖြစ်ကြောင်းသိရပါတယ်။
ချဲလ်ဆီး အသင်းကလည်း ၎င်းတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ ဒီကလန်ရိုက်အနေဖြင့် အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားပါက ဘယ်လင်ဟမ်အတွက် ပိုမိုအားထုတ်လာနိုင်ကြောင်းသိရပါတယ်။

#ရီးရဲလ်မက်ဒရစ် #ဒေါ့မွန် #အပြောင်းအရွှေ့ #ဘယ်လင်ဂမ်