ရှေ့သို့
Image

ရက်ရှ်ဖို့ဒ်ကို ရပ်တန်ဖို့ လီဗာပူးရဲ့ အစီစဉ်ကို ပြောပြလိုက်တဲ့ အာနိုးလ်

1:47 PM, 4 March

ခြေစွမ်းပြနေတဲ့ ယူနိုက်တက်ရဲ့တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို လီဗာပူးက ရပ်တန့်နိုင်မယ်လို့ အာနိုးလ်က ယုံကြည်နေပါတယ်။

အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ နည်းပြတန်ဟက်ကြောင့် တိုးတက်လာခဲ့တာဖြစ်ပြီး သူ့ရဲ့သွင်းဂိုးတွေက ယူနိုက်တက်ရဲ့ ဆုဖလား ၄ လုံးလမ်းကြောင်းပေါ်မှာ အရေးပါခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က နယူးကာဆယ်အား အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလား ဖိုင်နယ်ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီမှာ ကလပ်နှင့် နိုင်ငံအတွက် သွင်းဂိုး ၂၈ ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းနှင့်ပွဲမှာ ဂိုမသွင်းနိုင်ခဲ့ပြီးနောက် အန်ဖီးလ်မှာ ဂိုးသွင်းနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

လီဗာပူးကတော့ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရတာဖြစ်ပြီး လက်ရှိရာသီမှာ ခြေစွမ်းကျဆင်းနေတဲ့ ကလော့ပ်ရဲ့အသင်းအတွက် ထိပ်ဆုံး ၄သင်းအတွင်း ဝင်ရောက်ဖို့ကသာ အရာအာလုံးဖြစ်ပါတယ်။
၄ ပွဲဆက် Clean Sheet ရရှိခဲ့ခြင်းကြောင့် လီဗာပူးဟာ အမှတ်ပေးဇယားတွင် အဆင့်တက်လာခဲ့ပြီး တနင်္ဂနွေနေ့မှာ ရက်ရှ်ဖို့ဒ်ရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီးဖို့ စုပေါင်းပြီးကြိုးစားသွားမယ်ဆိုတာကို အာနိုးလ်က လက်ခံထားပါတယ်။

"ပြောင်းလဲသွားတာက တစ်ခုကတော့ အရင်ကထက် ပွဲတွေမှာ ဂိုးသွင်ယူနိုင်ချေပိုများလာတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အမြဲတမ်ခြိမ်းခြောက်မှုရှိတဲ့ ကစားသမားဖြစ်ပြီး တနင်္ဂနွေနေ့မှာလည်း သူဟာ ခြိမ်းခြောက်လာနိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်" လို့ သူ့ရဲ့လက်ရွေးစင်အသင်းဖော် အကြောင်းကို အာနိုးလ်က ပြောပါတယ်။

"ဒါဟာ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်သော်လည်း ကျွန်တော်က စောင့်မျှော်နေကာ ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာမှာပါ" "ရက်ရှ်ဖို့ဒ်ကို ရပ်တန့်ဖို့ဆိုတာက ခက်ခဲပါတယ်။ သူ့ရဲ့လက်နက်တိုက်မှာ လက်နက်ပေါင်းများစွာရှိတဲ့ ကစားသမားမျိုးပါ။ တစ်ဦးချင်းထိန်းဖို့ဆိုတာထက် အသင်းလိုက်ဆိုရင် ပိုပြီးလုပ်နိုင်တယ်လို့ ထင်ပါတယ်" လို့ အာနိုးလ်က ပြောပါတယ်။

နည်းပြတန်ဟက်ရဲ့လက်ထပ် ယူနိုက်တက်ရဲ့ တိုးတက်ပြောင်းလဲလာမှုအပေါ် ညာနောက်တန်း ကစားသမားက "သူ့ရဲ့ကစားပုံက တကယ့်ကိုကောင်းပါတယ်။ ယူနိုက်တက်နဲ့ကစားရတဲ့ပွဲတိုင်းက လွယ်ကူတဲ့ပွဲတော့မဟုတ်ပါဘူး" "ယူနိုက်တက် - လီဗာပူး ပွဲစဉ်ဆိုတာက အမြဲတမ်းခက်ခဲပါတယ်။ သူတို့မှာ အမြဲတမ်းအသင်းကောင်းတစ်သင်းနဲ့ ကစားသမားတွေရှိပြီး လွယ်ကူတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာမဟုတ်ပါဘူး။ တနင်္ဂနွေနေပွဲက လွယ်ကူမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်"

"ကျွန်တော်တို့အတွက်က အမှတ်တွေရရှိဖို့က အရေးကြီးပါတယ်၊ ဧပြီလနဲ့ မေလမှာ ထိပ်တိုက်တွေ့ရမယ့် အချိန်ဖြစ်တာကြောင့် ကျွန်တော်တို့က အကောင်းဆုံးလုပ်ရမယ်ဆိုတာကိုသိသော်လည်း ဆက်လက်ရပ်တည်နိုင်ဖို့ ကောင်းမွန်တဲ့နေရာမှာရှိ သေချာအောင် လုပ်ရမှာဖြစ်ပါတယ်" "ယူနိုက်တက်လိုအသင်းမျိုးနဲ့ပွဲမှာ ရမှတ် ၃ မှတ်ရရှိတာက ဒါတွေကိုအောင်မြင်ဖို့ ကျွန်တော်တို့အတွက် များစွာ အကူအညီဖြစ်စေပါတယ်" လို့ အာနိုးလ်က ပြောပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #အာနိုးလ် #ရက်ရှ်ဖို့ဒ် #ပရီးမီးယားလိဂ်