ရှေ့သို့
Image

မက်ဆီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို ပါဝင်နိုင်ဦးမှာဖြစ်တယ်လို့ ရိုမဲရိုး အခိုင်အမာဆို

10:56 AM, 4 March

အာဂျင်တီးနားဂိုးသမား ရိုမဲရိုးက အသင်းဖော် မက်ဆီတစ်ယောက် အသက်ကြီးနေပေမယ့် လာမယ့်ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်ဦးမယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။

အသက် ၃၅ နှစ်သားဟာ အာဂျင်တီးနား အသင်းကို ကာတာကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အရေးပါတဲ့ ပင်နယ်တီအပြင် ဖိုင်နယ်မှာ ဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ကာတာကမ္ဘာ့ဖလားအပြီးမှာ အနားယူမယ်လို့ သတင်းတွေထွက်ခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်နောက်ခံလူ ရိုမဲရိုးက မက်ဆီတစ်ယောက် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ပါဝင်နိုင်ဦးမယ်လို့ ထောက်ခံလိုက်ပါတယ်။

“ဒီမာရီယာလည်း ဆက်ကစားနိုင်မယ်လို့ ပြောပါတယ်။ မက်ဆီလည်း အတူတူပါပဲ။ သူတို့ ရုပ်ပိုင်းဆိုင်ရာအရ အကောင်းဆုံးလုပ်နေတာကို မြင်ရပါတယ်။ သူကမ္ဘာ့ဖလားပွဲတိုင်းကစားခဲ့ပြီးပါပြီ။ လာမယ့်ကမ္ဘာ့ဖလားမှာလည်း ပါဝင်နိုင်ဦးမှာါ။ ဒါပေမယ့် သူ့ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပါတယ်”လို့ ရိုမဲရိုးက ပြောကြားခဲ့ပါတယ်။

စကာလိုနီရဲ့အသင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ရေပန်းအစားဆုံး အသင်းဖြစ်လာဖွယ်ရှိနေပါတယ်။ ပြင်သစ်ကို ၃-၃ သရေကျခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်မှာ အာဂျင်တီးနားအသင်းက ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအတွက် ဒီရာသီ ပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဘရိုက်တန်စတား မက်အလစ္စတာကလည်း အသင်းဖော် မက်ဆီကို လာမယ့်ကမ္ဘာ့ဖလားမှာ ဆက်လက်မြင်တွေ့ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

“သူက အရာအားလုံးကို လိုချင်တယ်ဆိုတာ သိပါတယ်။ သူလိုချင်သလိုလည်း လုပ်နိုင်ပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော်တို့နဲ့ ဆက်ရှိစေချင်ပါတယ်။ မက်ဆီကို လာမယ့်ကမ္ဘာ့ဖလားမှာ ဆက်မြင်ချင်ပါတယ်။
သူအသက် ၄၀ ဒါမှမဟုတ် ၄၅ အထိ ဆက်ကစားနိုင်မယ်လို့ မြင်မိပါတယ်။ ပြီးတော့ သူက ပရော်ဖက်ရှင်နယ်လည်း ဆန်ပါတယ်။ မင်းအဲ့တာကို မြင်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလည်း အကောင်းဆုံးအနေအထားရှိသလို သူ့ခေါင်းထဲမှာ အရာအားလုံးရှိပါတယ်”လို့ အလစ္စတာက ပြောကြားခဲ့ပါတယ်။

#ရိုမဲရိုး #အာဂျင်တီးနား #မက်ဆီ