ရှေ့သို့
Image

ကွန်ပနီနှင့် ပြန်လည် တွေ့ဆုံရမယ့်အပေါ် သူ့ရဲ့အမြင်ကို ပြောကြားလိုက်တဲ့ ကိုင်လီဝေါ်ကာ

11:37 AM, 3 March

အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းဟောင်းဖြစ်တဲ့ ကွန်ပနီနှင့် တွေ့ဆုံရမယ့်အပေါ် ဝေါ်ကာက ပျော်ရွင်နေပါတယ်။ ဘရစ္စတိုးလ်စီးတီး အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီးဟာ အက်ဖ်အေဖလားရဲ့ နောက်ဆုံး ၈ သင်းအဆင့်သို့ တက်ရောက်သွားပြီဖြစ်ပါတယ်။

မန်စီးတီးဟာ ချန်ပီယံရှစ်မှာခြေစွမ်းပြသနေတဲ့ မန်စီးတီးကစားသမားဟောင်း ကွန်ပနီ ကိုင်တွယ်နေသော ဘန်လေနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကနေ ဘန်လေအသင်း တန်းဆင်းခဲ့ရပြီးနောက် နောက်တန်း ကစားသမားဟောင်းဟာ အဆိုပါကလပ်သို့ ရောက်ရှိခဲ့ပြီး အသင်းကို တိုးတက်ပြောင်းလဲလာအောင် လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

ထိပ်တန်းပြိုင်ပွဲတွေမှာ နှစ်တွေကြာလာတာနဲ့အမျှ ကျွန်တော်တို့တွေသိထားတဲ့ ဘန်လေ ကြမ်းတမ်းမှုတွေက ပြီးဆုံးသွားပါပြီ။ ကွန်ပနီဟာ အဆိုပါအသင်းကို အကောင်းဆုံး ဦးဆောင်ထားနိုင်တာကြောင့် ဂွါဒီယိုလာအတွက်တော့ ဂုဏ်ယူစရာဖြစ်မှာပါ။ အခုတော့ ပထမဆုံးအကြိမ်အဖြစ် ကွန်ပနီဟာ သူ့ရဲ့နည်းပြဟောင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ကွန်ပနီနဲ့ ပြန်လည်တွေ့ဆုံရမယ့်ပွဲစဉ်နဲ့ပတ်သက်ပြီး ဝေါ်ကာက သူ့ရဲ့အမြင်ကို ပြောဆိုထားပြီး "ဒါက အရမ်းကိုကောင်းပါတယ်။ အဲ့ဒီအတွက် ကျွန်တော်ပျော်ရွင်မိပါတယ်။ ကွန်ပနီက အိမ်သို့ပြန်လာတာပါ။ ဘန်လေအသင်းကလည်း လက်ရှိအချိန်မှာ ခြေစွမ်းပြနေတာကြောင့် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်မှာပါ" လို့ BBC သို့ ပြောပါတယ်။

ကွန်ပနီဟာ မန်စီးတီမှာ ၁၁ နှစ်တာကစားခဲ့ပြီး ဆုဖလားရရှိခဲ့တဲ့နှစ်တွေမှာ သူ့ရဲ့အသင်းပေါ် ပေးဆပ်ကစားမှုတွေကြောင့် ပရိသတ်တွေရဲ့အချစ်တော် ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။ ကလပ်ရဲ့ ပရီးမီးယားလိဂ်ဖလား ၄ကြိမ်ရရှိမှုနှင့် အခြားဆုဖလားများရရှိမှုတွင် သူဟာ မန်စီးတီးရဲ့ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

#မန်စီးတီး #ကိုင်လီဝေါ်ကာ #ကွန်ပနီ #အက်ဖ်အေဖလား