ဆာကာရဲ့စာချုပ်သစ် အခြေအနေကို ခန့်မှန်းလိုက်တဲ့ အသင်းဖော် ရမ်စ်ဒေးလ်
10:54 AM, 3 March
အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်က အသင်းဖော်ဆာကာတစ်ယောက် အာဆင်နယ်မှာ အချိန်အကြာကြီးရှိနေမယ်လို့ ပြောကြားလိုက်ကာ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့လည်း နီးစပ်နေတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဆာကာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေတာကြာမြင့်နေပြီဖြစ်ကာ ပြီးခဲ့တဲ့အပတ်က အခြေခံအချက်အလက်တွေ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။ စာချုပ်မှာ လက်မှတ်မထိုးရသေးပေမယ့် အာဆင်နယ်ဟာ မကြာခင်မှာ ဆာကာရဲ့စာချုပ်ကိစ္စကို အပြီးသတ်ဖွယ်ရှိနေပြီး ရမ်စ်ဒေးလ်ကလည်း ဆာကာရဲ့အနေအထားကို သံသယမရှိတာဖြစ်ပါတယ်။
“ဘူကာယိုက အာဆင်နယ်ကစားသမားအဖြစ် အချိန်အကြာကြီးရှိနေမှာပါ။ တစ်ပတ်လောက်မကျန်ရင်တောင် ကျွန်တော် သူ့ကို စိတ်မပူပါဘူး။ ရာသီအကြိုပထမနေ့မှာကတည်းက သူ့ကိုဒီမှာ မြင်ရတာပါ။ ဆာကာရဲ့အနေအထားကို ကျွန်တော် အေးဆေးလို့ပဲ မြင်ပါတယ်။ သူကအသင်းတွက်ပဲ လက်ရှိမှာ အာရုံစိုက်နေပါတယ်။ စာချုပ်သစ်ကိစ္စက သူ့ကိုမထိခိုက်နိုင်ပါဘူး။ ကျွန်တော်ကတော့ သူဒီအသင်းမှာပဲ အချိန်အကြာကြီးရှိနေမယ်လို့ မြင်ပါတယ်။ ပြီးတော့ ဒီရာသီထိပ်တန်းကစားသမား ၃ ဦးထဲမှာ သူလည်း ပါဝင်ပါတယ်။ သူ့အသက်အရွယ်အရ ဒီအခြေအနေကို ဆက်ထိန်းနိုင်ရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာနိုင်ပါတယ်”လို့ ရမ်စ်ဒေးလ်က အဲဗာတန်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ စနေနေ့မှာ ဘုန်းမောက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ၅ မှတ်ထပ်ဖြတ်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။