ရှေ့သို့
Image

တိုရီနိုအား နိုင်ပွဲအပြီး ဂျူဗင်တပ် အသင်းသားတွေရဲ့ စိတ်ရှည်မှုနှင့် ရင့်ကျက်မှု ကို ဂုဏ်ပြုကြောင်းပြောလိုက်တဲ့ နည်းပြ အယ်လီဂရီ

11:29 AM, 2 March

ဂျူဗင်တပ်စ် နည်းပြ အယ်လီဂရီက တိုရီနိုကို အနိုင်ယူခဲ့တဲ့ တူရင်ဒါဘီမှာ ဂျူဗင်တပ်စ် အသင်းသားတွေ ပြသခဲ့တဲ့ စိတ်ရှည်မှုနဲ့ ရင့်ကျက်မှုကို ချီးကျူးလိုက်ပါတယ်။

ဂျူဗင်တပ်စ် အသင်းသည် အိမ်ကွင်း တွင် ၂-၁ ဖြင့် ရှုံးနိမ့်နေရာမှ ပထမပိုင်းအပြီးတွင် ၂-၂ ဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှ နောက်ထပ် ၂ ဂိုးထပ်မံရရှိကာ ၎င်းတို၏မြိုပြိုင်ဖက်များနှင့်တွေ့ဆုံချိန်၌ ၁၈ ပွဲအထိ ရှုံးပွဲမရှိစံချိန်ကို တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။ ကွာဒရာဒိုနှင့် ဒန်နီလိုတို့သည် တိုရီနိုအသင်းမှ ကာရာမို့ နှင့် ဆန်နာဘရီယာ တို့၏ ပထမပိုင်း သွင်းဂိုးများကို ချေပနိုင်ခဲ့ပြီး ဘရီမားနှင့် ရာဘီယော့တို့က ပွဲပြီးခါနီး နောက်ဆုံးမိနစ် ၂၀တွင် ဂိုးများသွင်းယူပြီး တိုရီနိုအသင်းကို အလဲထိုးနိုင်ခဲ့ပါတယ်။

"ဒါဟာ ခက်ခဲတဲ့ပွဲပါ၊ တိုရီနိုနဲ့ ကစားရတာ မလွယ်ပါဘူး။ သူတို့ တောင်ပံတိုက်စစ်တွေကစားတာ ကောင်းပါတယ်။ ပထမပိုင်းတုန်းက ကျွန်တော်တို့ အမှားတွေ လုပ်ခဲ့ပြီး သူတို့နောက်က လိုက်ခဲ့ကစားခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ဟာ အချိန်တန်တာကို စောင့်ပြီး ခံနိုင်ရည်ရှိခဲ့ပါတယ်။ ဒါက နှစ်အစပိုင်းက ကျွန်တော်တို့မှာ မရှိခဲ့တဲ့ ရင့်ကျက်မှုရဲ့ လက္ခဏာတစ်ခုပါပဲ"  ဂျူဗင်တပ်အသင်း နည်းပြချုပ်က ပြောကြားခဲ့ပါတယ်။

ဒီပွဲက ယူနိုက်တက်ကနေ ဂျူဗင်တပ်ကို ပြန်လည် ရောက်ရှိပြီးနောက်ပိုင်း ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ ပထမဆုံးပွဲဦးထွက်ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်၏ ၂၀၁၆ခုနှစ်မေလတွင်ကစားခဲ့သော ဆမ်ဒိုးရီးယားနှင့် ဂျုဗင်တပ်တို့၏ ပွဲတွင်နောက်ဆုံးပါဝင်ကစားပြီးနောက် မပါဝင်နိုင်ခဲ့သည်မှာရက်ပေါင်း ၂၄၈၁ ရက်ရှိပြီဖြစ်ပါတယ်။

ပေါ့ဂ်ဘာကဲ့သို့တစ်ချိန်တည်းတွင်  ချီယေဆာနှင့် ဒီဆီဂလိုတို့ကို မိတ်ဆက်ခဲ့သော အယ်လီဂရီသည် အသင်းနှင့်အတူ အရေးပါသော မှတ်တိုင်များရရှိအောင် ဆင်နွှဲပြီးနောက် အသင်းအတွက်အရေးပါတဲ့ ကစားသမားတွေဖြစ်ကြတဲ့ အဲလက်စ်ဆန်ဒရိုနှင့် ဆက်ဇနီတို့ကိုလည်း အသိအမှတ်ပြုခဲ့ကြောင်းသိရပါတယ်။

ပေါ့ဂ်ဘာနှင့် ပတ်သက်ပြီးတော့ နည်းပြ အယ်လီဂရီ " သူပြန်လာတာကောင်းပါတယ်။ ကျွန်တော်တို့ သူ့ကိုလိုချင်ခဲ့တာကြောင့် အားလုံး ပျော်ရွှင်ပါတယ်။ မတူညီတဲ့ စရိုက်လက္ခဏာတွေနဲ့ ကစားသမားသစ်တွေ လိုအပ်နေပါတယ်။ သုံးရက်တိုင်းတစ်ပွဲနှုန်းနဲ့ ကစားနေရတာကြောင့် အပြောင်းအလဲတွေက အရေးကြီးလာပါပြီ။ ပေါ့ဂ်ဘာ  ချီယေဆာနှင့် ဒီဆီဂလိုတို့လိုပါပဲ။ ဒါ့အပြင် ဂျူဗင်တပ်စ် အသင်းအတွက် ဆက်ဇနီက ပွဲပေါင်း ၂၀၀ ၊ ဆန်ဒရိုက ပွဲ ၃၀၀ လောက်ကစားခဲ့တာဆိုတော့ဒီနေ့ည အနိုင်ရဖို့ အကြောင်းပြချက်တွေပါပဲ "ဟုပြောကြားခဲ့ပါတယ်။

#စီးရီးအေ #တိုရီနို #ဂျူဗင်တပ်စ် #အယ်လီဂရီ