ရှေ့သို့
Image

ချစ်သူအိုင်နီမေအတွက် မွေးနေ့ပါတီတစ်ခု ကျင်းပပေးခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့် ကော်နာဂယ်လာဟာ

3:06 PM, 1 March

ချဲလ်ဆီးစတား ကော်နာဂယ်လာဟာတစ်ယောက် ချစ်သူအိုင်နီမေအတွက် ပိုက်ဆံကို ရက်ရက်ရောရော သုံးပြီးတော့ မွေးနေ့ပါတီတစ်ခု ကျင်းပပေးခဲ့ပါတယ်။ မေဟာ သူမရဲ့ ၂၆ နှစ်ပြည့် မွေးနေ့ကို ဂယ်လာဟာရယ် သူမရဲ့ သူငယ်ချင်းတွေရယ်နဲ့သာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Follower ၅၂၀၀၀ နီးပါးရှိတဲ့ သူမရဲ့အင်စတာဂရမ်မှာ အိုင်နီမေက ပါတီကပုံရိပ်တွေကို တင်သွားခဲ့ပါတယ်။ အိုင်ယာလန်မော်ဒယ်နဲ့ အကသမား တစ်ယောက်ဖြစ်တဲ့ မေဟာ အနက်ရောင်ပွဲတက်ဝတ်စုံနဲ့ အစွန်းတွေမှာ ပန်းဒီဇိုင်းတွေ ထိုးထားတဲ့ စကတ်တို့ို လှပစွာဝတ်ဆင်ထားခဲ့ပါတယ်။ ဒါပေမယ့် မွေးနေ့ပွဲကို လာသူတိုင်း အနက်ရောင်ကိုသာ ဝတ်ဆင်ထားကြတာကြောင့် ဒီပါတီရဲ့ dress code က အနက်ရောင်လို့ သတ်မှတ်ထားပုံရပါတယ်။

ဂယ်လာဟာအပါအဝင် ပါတီကိုလာရောက်သူအားလုံး အနက်ရောင်ဝတ်စုံတွေကို ဝတ်ထားကြပါတယ်။ ချဲလ်ဆီးကြယ်ပွင့်ကတော့ အနက်ရောင် အနောက်တိုင်းဝတ်စုံကို ရွှေဆွဲကြိုးနဲ့တွဲပြီး ဝတ်ဆင်ထားခဲ့ပါတယ်။ မေက သူမရဲ့အင်စတာဂရမ်မှာ “၂၆ နှစ်ပြည့်နဲ့ အကောင်းဆုံး ပိတ်ရက်လေးပဲ၊ အရမ်းလှပတဲ့ ညနေခင်းလေးကို စီစဉ်ပေးတဲ့ CG (ဂယ်လာဟာ)ကို ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတွေနဲ့ မိသားစုကတော့ အမြဲတမ်းအကောင်းဆုံးပါပဲ ” ဆိုပြီး ရေးထားခဲ့ပါတယ်။

၂၃ နှစ်အရွယ် ဂယ်လာဟာကလည်း ချစ်သူရဲ့ပို့စ်အောက်မှာ “ Love you! Xxxx ” ဆိုပြီး မှတ်ချက်ပေးထားပါတယ်။ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းတွေ ရေးပေးခဲကြပါတယ်။ ဂယ်လာဟာကိုယ်တိုင်လည်း ပါတီမှာ ပျော်ရွှင်နေပုံရပြီး လာမယ့်တနင်္ဂနွေနေ့ တော့တင်ဟမ်နဲ့ ပွဲမှာလည်း ဂယ်လာဟာလို ပျော်ရွှင်မှုမျိုးရဖို့ ချဲလ်ဆီးပရိသတ်တွေ မျှော်လင့်နေကြပါတယ်။ နည်းပြဂရေဟမ်ပေါ်တာရဲ့အသင်းဟာ ၅ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးထားပြီး ကမ္ဘာ့ဖလားအပြီး ကစားခဲ့တဲ့ ၁၁ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရှိပါသေးတယ်။

#ချဲလ်ဆီး #ဂယ်လာဟာ #gossip