ရှေ့သို့
Image

ရေပူစမ်းထဲစိမ်လိုက် နှင်းထဲဆင်းဆော့လိုက်နဲ့ ပျော်နေကြတဲ့ မက်ဆီရဲ့ဇနီးနဲ့ ဖာဘရီဂက်စ်ရဲ့ ဇနီး

2:49 PM, 1 March

လီယွန်နယ်မက်ဆီရဲ့ဇနီး အန်တိုနယ်လာတစ်ယောက် ကက်စ်ဖာဘရီဂက်စ်ရဲ့ဇနီး ဒန်နီရယ်လာနဲ့အတူ နှင်းတောထဲမှာ ပျော်ရွှင်စွာ ဆော့ကစားနေတာကို မြင်တွေ့ခဲ့ရပါတယ်။ အန်တိုနယ်လာရဲ့ ၃၅ နှစ်ပြည့် မွေးနေ့အဖြစ် ကလေးတွေနဲ့အတူ ပါတီပွဲလေးတစ်ခု ပြုလုပ်နေကြတာပါ။

ရေပူစမ်းထဲမှာ စိမ်နေရင်းနဲ့ အန်တိုနယ်လာနဲ့ ဒန်နီရယ်လာတို့ဟာ ဘေးမှာရှိနေတဲ့ နှင်းတောထဲကို ပြေးထွက်သွားကြပါတယ်။ ဒန်နီရယ်လာက အန်တိုနယ်လာရဲ့လက်ကို ဆွဲထွက်သွားတာဖြစ်ပြီး နှင်းတောထဲကိုပါ လှဲချခဲ့ပါတယ်။ အန်တိုနယ်လာကတော့ ချက်ချင်းကို ရေပူစမ်းထဲ ပြန်ပြေးပြီး ရေထဲပြန်စိမ်နေခဲ့ပါတယ်။ ဒီဗီဒီယိုမှာ အန်တိုနီယာရဲ့ ပန်းရောင်ရေကူးဝတ်စုံနဲ့အလှကို ဒန်နီရယ်လာရဲ့ follower ၄.၆ သန်းရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။

ဒန်နီရယ်လာရဲ့ ပို့စ်အောက်မှာ ပရိသတ်တွေက နှစ်ယောက်စလုံးရဲ့အလှကို ချီးကျူးခဲ့ကြသလို ဖာဘရီဂက်စ်ကိုယ်တိုင်လည်း အသည်းပုံအီမိုဂျီလေးတွေကို ဇနီးရဲ့ပို့စ်အောက်မှာ မှတ်ချက်ပေးခဲ့ပါတယ်။ ခင်ပွန်းမက်ဆီမရှိပဲ မွေးနေ့ကျင်းပခဲ့ရတဲ့ အန်တိုနယ်လာအတွက်တော့ ပရိသတ်တွေက မွေးနေ့ဆုတောင်းတွေ ရေးပေးခဲ့ကြတာ တွေ့ရပါတယ်။

#မက်ဆီ #အန်တိုနယ်လာ #gossip #ဒန်နီရယ်လာ