ရှေ့သို့
Image

Sexy ကျကျကြော်ငြာရှုတင်ရိုက်ခဲ့တဲ့ ဆွန်ဟောင်မင်ကို တော့တင်ဟမ်အသင်းဖော်တွေ စနောက်

2:43 PM, 1 March

တော့တင်ဟမ်တိုက်စစ်ကစားသမား ဆွန်ဟောင်မင်တစ်ယောက် ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသထားတဲ့ ဓာတ်ပုံရိုက်ကွင်းတစ်ခုမှာ sexy ကျကျ ရိုက်ကူးခဲ့ပေမယ့် အသင်းဖော်ကတော့ ဆွန်ကို စနောက်ခဲ့ကြပါတယ်။ တောင်ကိုရီးယားတိုက်စစ်မှူးဟာ ကမ္ဘာကျော်ဖက်ရှင် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Calvin Klein အတွက် မော်ဒယ်အဖြစ်နဲ့ ဆွဲဆောင်မှုရှိတဲ့ ပို့စ်တွေနဲ့ ရိုက်ကူးရေး ပြုလုပ်ခဲ့တာပါ။

ဒီရာသီက ဆွန်အတွက် တော့တင်ဟမ်ရှပ်ကိုဝတ်ပြီး ကစားရာမှာ ထင်သလောက် ခြေစွမ်းမပြသနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အသက် ၃၀ အရွယ် ကစားသမားဟာ ကွင်းပြင်ပ ကင်မရာတွေရှေ့မှာတော့ အကောင်းဆုံး စွမ်းဆောင်နေပြီး အမိုက်စားပို့စ်တွေနဲ့ ရိုက်ကူးရေးလုပ်ခဲ့ပါတယ်။ ဆွန်ရဲ့ sexy ကျလှတဲ့ပုံတွေ တင်လိုက်ပြီးနောက် နာရီအနည်းငယ်အတွင်းမှာတင် like တစ်သန်းကျော် ရရှိခဲ့ပါတယ်။ တော့တင်ဟမ် ကြယ်ပွင့်ဟာ Calvin Klein ရဲ့ အတွင်းခံဘောင်းဘီအမျိုးမျိုးကို ဆွဲဆောင်မှုရှိတဲ့ ပို့စ်တွေနဲ့ ဝတ်ဆင်ပြသခဲ့တာပဲ ဖြစ်ပါတယ်။

ပုံတစ်ပုံမှာဆိုရင် အနက်ရောင်ခုံပုံမှာ အနက်ရောင်အတွင်းခံဘောင်းဘီနဲ့ ခပ်မိုက်မိုက်ပုံစံထိုင်ပြီး ရိုက်ကူးထားပါသေးတယ်။ ဒါပေမယ့် အခြားပုံတွေမှာတော့ မတ်တပ်ရပ်ပြီး ယုံကြည်မှုရှိတဲ့ ပုံစံနဲ့ သူ့ရဲ့ခန္ဓာကိုယ် ကြွက်သားတွေကို ဖော်ပြထားပါတယ်။ ပရိသတ်တွေကတော့ ဆွန်ရဲ့ sexy ကျတဲ့ ပုံစံကိုမြင်တွေ့ခဲ့ရလို့ သဘောတွေကျနေပေမယ့် အသင်းဖော်တွေ အတွက်ကတော့ စနောက်ချင်စရာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။

ခရစ္စတီယန်ရိုမီယိုက ပုံတွေကို မြင်တွေ့ခဲ့ပြီးနောက် “၁၀၀ ရာခိုင်နှုန်း photoshop ကြီးပါ”ဆိုပြီး စနောက်ခဲ့ပါတယ်။ ဇန်နဝါရီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ် ပက်ဒရိုပေါ်ရိုကလည်း “ရေခဲနေတဲ့ အီမိုဂျီလေးတွေ မှတ်ချက်ပေးခဲ့ပါတယ်။ ဝုဗ်တိုက်စစ်မှူးလည်းဖြစ်သလို တောင်ကိုရီးယားအသင်းဖော်လည်းဖြစ်တဲ့ ဟွမ်ဟီချန်းကတော့ “အကြည့်အတွက်တော့ ဒေါ်လာနဲ့ရှင်းပါ”လို့ ရေးခဲ့ပါတယ်။

လက်ရှိအက်သလက်တီကိုမှာ အငှားကစားနေတဲ့ တော့တင်ဟမ် ဘယ်နောက်ခံလူ ဆာဂျီယိုရီဂူလွန်ကလည်း “ပြောစရာ စကားတောင်မရှိတော့ဘူး”ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ ဒါက ဆွန်အနေနဲ့ CK ရိုက်ကွင်းမှာ ခန္ဓာကိုယ်ကို ထုတ်ပြတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပရိသတ်တွေကတော့ ဆွန်ကို ဓာတ်ပုံရိုက်ကွင်းမှာ အမိုက်စားပို့စ်တွေ ပေးနေသလိုပဲ ကွင်းထဲမှာလည်း အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဒီရာသီခြေစွမ်းကျဆင်းနေတာကြောင့်လည်း တော့တင်ဟမ်ရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ဆွန်အနေနဲ့ အရန်ကစားသမားအဖြစ်သာ ပါဝင်ကစားနေရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ရွှေဖိနပ်ဆုပါရခဲ့တဲ့ ဆွန်ဟာ ဒီရာသီမှာတော့ ၂၃ ပွဲကစားပြီးချိန်မှာ ၅ ဂိုးသာ သွင်းထားနိုင်ပါတယ်။

#တော့တင်ဟမ် #ဆွန်ဟောင်မင် #gossip