ရှေ့သို့
Image

ဘန်ဇီးမားကို ကျော်ပြီး မက်ဆီကို ဘာကြောင့် အကောင်းဆုံး ကစားသမားဆုမှာ မဲပေးခဲ့ရလဲဆိုတာကို အလာဘာ ရှင်းပြ

1:23 PM, 1 March

ရီးရဲလ်နောက်ခံလူ အလာဘာက ဖီဖာအကောင်းဆုံး ကစားသမားဆုအတွက် အသင်းဖော် ဘန်ဇီးမားကို ကျော်ဖြတ်ပြီး မက်ဆီကို ဘာကြောင့်မဲပေးခဲ့ရလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။

သြစတြေးလျသားဟာ ဘန်ဇီးမားကို ကျော်ဖြတ်ပြီး မက်ဆီကို ရွေးချယ်ခဲ့တဲ့အတွက် လူမျိုးရေးခွဲခြားခံရမှုနဲ့ ရင်ဆိုင်ရခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်ကစားသမားဟောင်းက လူမျိုးရေးခွဲခြားခံခဲ့ရတာကို အခုလိုမျိုး မက်ဆီကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး ရဲရဲတင်းတင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့မနက်ခင်းက သူ့ရဲ့လူမှုမီဒီယာအကောင့်ကနေ “ဖီဖာရဲ့အကောင်းဆုံး ကစားသမားဆုကို သြစတြေးလျ အသင်းအနေနဲ့ မဲပေးခဲ့တာပါ။ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အသင်းမှာရှိတဲ့ လူတိုင်း မဲပေးပြီး ဆုံးဖြတ်ခဲ့တာပါ။ လူတိုင်းသိပါတယ်။ အထူးသဖြင့် ဘန်ဇီးမားပါ။ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ သူ့ကိုဘယ်လောက် အားကျလဲဆိုတာ သူသိပါတယ်။ ကျွန်တော် မကြာခဏ သူဟာ ကျွန်တော့်အတွက် အကောင်းဆုံးတိုက်စစ်မှူးလို့ ပြောလေ့ရှိပါတယ်။ အဲ့တာက သပ်သပ်ပါ”လို့ အလာဘာက ပြောကြားခဲ့ပါတယ်။

ဆုပေးပွဲအပြီးမှာ #AlabaOut ဆိုတဲ့ စာသားက လူမှုမီဒီယာမှာ ကျော်ကြားခဲ့သေးတာဖြစ်ပါတယ်။ အဲ့နောက် သူ့ရဲ့တွစ်တာနဲ့ အင်စတာဂရမ် ပို့စ်တွေမှာ မျောက်ပုံတွေနဲ့ လူမျိုးရေးခွဲခြားခံခဲ့ရတာဖြစ်ပါတယ်။
တနလာၤနေ့က ကျင်းပတဲ့ ဆုပေးပွဲမှာ ပီအက်စ်ဂျီစတား မက်ဆီက အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး မက်ပီကလည်း ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

မက်ဆီဟာ အဆိုပါဆုကို ရမှတ် ၅၂ မှတ် နဲ့ ရရှိခဲ့ကာ အဲ့နောက် မက်ပီက ၄၄ မှတ် ၊ ဘန်ဇီးမားက ၃၄ မှတ်နဲ့ အစဉ်လိုက် ရပ်တည်နေပါတယ်။ အကောင်းဆုံး ကစားသမားဆုကို အသင်းခေါင်းဆောင်တိုင်းက မဲပေးကြတာဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလားအောင်မြင်မှုယူနိုင်ခဲ့ကာ ဘန်ဇီးမားကတော့ ရီးရဲလ်အသင်းနဲ့အတူ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။

#ဖီဖာ #အလာဘာ #ရီးရဲလ်မက်ဒရစ် #ဘန်ဇီးမား #မက်ဆီ