ရှေ့သို့
Image

ဝက်စ်ဟမ်းနှင့် ကစားမယ့် အက်ဖ်အေဖလားပွဲမှာ လုခ်ရှောနှင့် ဖရက်ဒ်တို့ ပါဝင်ဖို့မသေချာဘူးလို့ အတည်ပြုလိုက်တဲ့ တန်ဟက်

11:42 AM, 1 March

ကာရာဘောင်ဖလားဖိုင်နယ်ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲအဖြစ် ဝက်စ်ဟမ်းနှင့်ပွဲမှာ လုခ်ရှောနှင့် ဖရက်ဒ်တို့က ပါဝင်ဖို့ မသေချာနေတာပါ။ ကစားသမား ၂ ဦးစလုံးဟာ တနင်္ဂနွေနေ့က ဝင်ဘာလေမှာ နယူးကာဆယ်အား အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့ကြသူတွေဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ဝက်စ်ဟမ်းနှင့် ကစားမယ့်ပွဲကိုတော့ လွဲချော်နိုင်တယ်လို့ တန်ဟက်က အတည်ပြုထားပါတယ်။ တင်ပါးဒဏ်ရာ ရရှိနေတဲ့ မာရှယ်ကလည်း ကြံ့ခိုင်မှု မပြည့်ဝနေသေးတာဖြစ်ပါတယ်။

"မာရှယ်က ပါဝင်နိုင်မှာမဟုတ်ပါဘူး။ လုခ်ရှောနဲ့ ဖရက်ဒ်တို့ကလည်း မနက်ဖြန်ပွဲအတွက် မသေချာပါဘူး"လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နယ်သာလန်နိုင်ငံသား နည်းပြက ပြောပါတယ်။ "အားလုံးကို ရှင်းရှင်းလင်းလင်းသိစေချင်တာက တို့တွေက ကစားသမား ၁၁ ဦးနဲ့အနိုင်ရရှိခဲ့တာ မဟုတ်ဘူး၊ အသင်းသားတွေအားလုံးနဲ့အတူ နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာပါ" "အသင်းသားတွေအားလုံးနဲ့ အတူ အနိုင်ရရှိခဲ့တာပါ တစ်ရာသီလုံးအတွက် အသင်းသားတွေ အားလုံးက အရေးပါပြီး တစ်ပွဲလုံး၊ မိနစ်ပိုင်း၊ ပွဲစဉ် ၂ ပွဲလောက်ပဲဖြစ်ဖြစ် လူစားဝင်လာတဲ့ အချိန်တိုင်းပါ အားလုံးက အရေးပါပါတယ်" "ပွဲကစားချိန်တွင်းမှာလည်း ကျွန်တော်တို့က ပြောင်းလဲနိုင်ပြီး ဒါကို ကစားသမား ၁၁ ဦးထက်မက အသင်းသားတွေ အားလုံးနဲ့အတူ လုပ်နိုင်ခဲ့တာပါ။ သူတို့တွေအားလုံးကို ထည့်သွင်းပြောဆိုချင်ပြီး သူတို့တွေကလည်း အဆင်သင့်ဖြစ်နေပြီဆိုတာ ကျွန်တော်သိပါတယ်" "သူတို့တွေ ကစားရတဲ့ အချိန်တိုင်း တာဝန်ယူမှု အပြည့်ရှိပြီး ဒါတွေကြောင့်ပဲ ကိုယ့်ရဲ့ပွဲထွက်ခွင့် အပေါ် ယှဉ်ပြိုင်နေရမှာပဲဖြစ်ပါတယ်။ တို့တွေရဲ့ရှေ့မှာ ကောင်းမွန်တဲ့လတွေ၊ ပွဲတွေရှိပြီး ကစားသမားတိုင်းက ကစားချင်ကြမှာပါ" လို့ တန်ဟက်က ပြောပါတယ်။

ယူနိုက်တက်ရဲ့ များပြားလှတဲ့ပွဲတွေအတွက် တန်ဟက်ဟာ အသင်းကို စီစဉ်ရဦးမှာဖြစ်သော်လည်း ဝက်စ်ဟမ်းနဲ့ပွဲအတွက် လူစားရင်းကို တနင်္ဂနွေနေ့မှာ လီဗာပူးနှင့်ကစားရမယ့်ပွဲအတွက် ကြည့်ပြီး လူထုတ်မှာလားဆိုတဲ့ ပြောဆိုမှုကိုတော့ ငြင်းဆိုသွားခဲ့ပါတယ်။

"ပွဲတိုင်းက အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုချိန်ထိ ပွဲတိုင်းပါပဲ၊ အဝတ်လဲခန်းအတွင်းမှာလည်း မှန်ကန်တဲ့ သဘောထား၊ ချဉ်းကပ်မှုတွေရှိနေပါတယ်။ တစ်ပွဲပြီးတစ်ပွဲလုပ်သွားမှာပါ။ လီဗာပူးနဲ့ပွဲက ပွဲကြီးပွဲကောင်းလို့ ခင်များတို့ပြောတယ်နော် ဘာစီလိုနာနဲ့ပွဲကရော ပွဲကြီးပွဲကောင်းမဟုတ်ဘူးလား" လို့ တန်ဟက်က ပြောပါတယ်။

#ဝက်စ်ဟမ်း #လုခ်ရှော #အဲရစ်တန်ဟက် #ဖရက်ဒ် #အက်ဖ်အေဖလား