ရှေ့သို့
Image

အာနိုးလ်ကို နှုတ်ဆတ်အပြီး အေဗရမ်ဂလေဇာကို လစ်လျှူရှုခဲ့တဲ့ မက်ဂွာရီကို ဝန်းရံနေကြတဲ့ ယူနိုက်တက် ပရိသတ်များ

2:30 PM, 27 February

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကာရာဘောင်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်တွင် ယူနိုက်တက်အသင်းက ဝင်ဘာလေ ကွင်းကြီးအတွင်းမှာ ၂ - ၀ ရလဒ်ဖြင့် အနိုင်ကစားကာ ဆုဖလားကိုင်မြောက် ခွင့်ရခဲ့ပြီး ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် လူစားဝင်ကစားခဲ့တဲ့ ဟယ်ရီမက်ဂွာရီရဲ့ လုပ်ရပ်အပေါ် ပရိသတ်တွေက မှတ်ချက်ပေးနေကြတာပဲ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်ရောက်ရှိလာအပြီးရာသီအစ ပွဲစဉ်များတွင် ပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့ ဆက်တိုက်ဆိုသလို ပွဲထွက်ကစားခွင့်နည်းပါးလာတဲ့ မက်ဂွာရီအနေဖြင့် စနေနေ့ညမှာ ကစားခဲ့တဲ့ ကာရောဘောင်ဖလားဗိုလ်လုပွဲတွင် အနိုင်ရယူအပြီးမှာ ဆုဖလား မကိုင်မြောက်မီ လက်ဆွဲနှုတ်ဆက်စဉ် အမှုဆောင်ချူပ် ရစ်ချက်အာနိုးလ်ကို လက်ဆွဲ နှုတ်ဆက်ခဲ့ပေမဲ့ ကပ်လျှက်ရှိနေတဲ့ အေဗရမ်ဂလေဇာကို ကျော်သွားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ ဝင်ဘာလေကွင်းကြီးအတွင်းမှာ ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးတွေကို လုခ်ရှောရဲ့ အလွတ်တည်ကန်ဘောမှတစ်ဆင့် ကက်စ်မဲရိုးက ခေါင်းတိုက်သွင်းယူပေးခဲ့ သလို ဒုတိယမြောက်သွင်းဂိုးကို ရက်ရှ်ဖို့ဒ် ပိတ်သွင်းစဉ် နယူးကာဆယ် နောက်တန်း ကစားသမား ဘော့မန်းနဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာ ကြောင့် ၂ - ၀ ရလဒ်ဖြင့် ယူနိုက်တက်အသင်းက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက မက်ဂွာရီကို နည်းပြဆိုးရှားလက်ထက် ၂၀၁၉ခုနှစ်တွင် ပရီးမီးယားလိဂ်မှာ ပုံစံကောင်းရနေတဲ့ လက်စတာစီးတီးအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ အသုံးပြုကာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

မက်ဂွာရီအနေဖြင့် ကာရာဘောင်ဖလားဗိုလ်လုပွဲစဉ်တွင် ပွဲစကားချိန်နှောင်းပိုင်းမှသာ တိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲဝင်ရောက်ကစားခွင့်ရခဲ့ပြီး အဆိုပါ မိနစ်အနည်းငယ်အတွင်းမှာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကစားနေတဲ့ ဖာနန်ဒက်စ်က လက်ပက်လွှဲပေးခဲ့သလို ဆုဖလားကိုင်မြှောက်စဉ်မှာလည်း အတူတကွ ကိုင်မြောက်ကာ အောင်ပွဲခံသွားခဲ့တာ ဖြစ်ပါတယ်။

ဂလေဇာမိသားစုဝင်သူတစ်ဦးဖြစ်တဲ့ အေဗရမ်ဂလေဇာကို နှုတ်ဆက်မသွားခဲ့တဲ့ မက်ဂွာရီရဲ့ လုပ်ရပ်နဲ့ ပက်သက်လို့ ယူနိုက်တက်ပရိသတ်တွေက “ဒီလုပ်ရပ်က မက်ဂွာရီ ယူနိုက်တက်အသင်းကို ရောက်လာခဲ့အပြီးမှာ အကောင်းဆုံး တစ်ခုလို့ ထင်တယ်” “ပွဲစဉ်အတွင်းမှာ ဝင်ရောက်လာချိန်က ပြောဆိုခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်” “လက်စတာစီးတီး အသင်းကို နောက်ထပ် ပေါင် ၁၀လောက်ထပ်ပေးကြစို့။ ဒီတစ်ချက်နဲ့ကို အတော်လေးတန်နေပြီ” “သူဘာလို့ အခုလို လုပ်ခဲ့တာပါလိမ့်” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာတွေအထက်မှ မှတ်ချက်ပြု ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယူးကာဆယ် #အာနိုးလ် #မက်ဂွါရီ #ကာရာဘောင်ဖလား #အေဗရမ်ဂလေဇာ