ရှေ့သို့
Image

တော့တင်ဟမ်နှင့် ပွဲက ဇီယက်ချ်ရဲ့ အနီကဒ်ကို ကွင်းလယ်ဒိုင် အက်ဝဲလ်က ဘာကြောင့် ပယ်ဖျက်ခဲ့တာလဲ?

11:05 AM, 27 February

လန်ဒန်ဒါဘီရဲ့ ပထမပိုင်းမှာ ကိုင်ဟာဗက်ဇ်ဟာ တော့တင်ဟမ်တိုက်စစ်မျုး ရစ်ချာလီဆန်ကို ကန်ခဲ့တာဖြစ်ပြီး အဆိုပါ အဖြစ်အပျက်မှာ ဇီယက်ချ်တစ်ယောက်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ နောက်ကနေ သူ့ကို တွန်းခဲ့တဲ့ အီမာဆင်ကို ဇီယက်ချ်က ပုခုံးဖြင့်တိုက်ပြီး ပြန်လည်တုန့်ပြန်ခဲ့ကာ သူ့ရဲ့လက်က ပုခုံးပေါ်ကနေ ကျော်ပြီး တော့တင်ဟမ်ကစားသမားရဲ့ မျက်နှာကိုထိခဲ့တာဖြစ်ပါတယ်။

အစပိုင်းမှာ အဖြစ်အပျက်က မရှင်းလင်းခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်က ဟာဗက်ဇ်နှင့် အီမာဆင်တို့ကို အဝါကဒ်ပြသခဲ့ပြီးနောက် ဇီယက်ချ်ကို အနီကဒ်ပြသခဲ့ပါတယ်။ သို့သော်လည်း ချက်ချင်းဆိုသလို VAR နားသို့သွားရောက်ခဲ့ပြီး မော်ရိုကိုနိုင်ငံသားအား ပြသခဲ့တဲ့ အနီကဒ်ကို ပယ်ဖျက်ပြီး အဝါကဒ်သို့ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အနီကဒ်ပြပြီး မော်နီနာကို သွားကြည့်ဖို့ ဆုံးဖြတ်ချက်က လွဲနေပေမယ့် Sky Sportsက ကယ်လီကိတ်ကတော့ ပထမပိုင်းအပြီးမှာ အဆိုပါ အခြေအနေကို ရှင်းပြဖို့အတွက် ကြိုးစားခဲ့ပါတယ်။

"ကနဦးပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ဟာဗက်ဇ်က အဝါကဒ်ပြသခြင်းခံခဲ့ရပြီး ဇီယက်ချ်လည်းပါဝင်နေသလို အခြားကစားသမားတွေလည်း ပါဝင်နေကာ အီမာဆင်ကလည်း အဝါကဒ်ပြသခြင်းခံခဲ့ရပါတယ်"  "ဒါပေမဲ့ ဇီယက်ချ်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခုရှိနေပြီး မော်ရိုကိုနိုင်ငံသားဟာ အီမာဆင်ရဲ့မျက်နှာကို တွန်းထုတ်လိုက်တာကို တွေ့လိုက်ရပြီး ကစားသမားတွေအားလုံးကလည်း သူ့နားမှာ စုပြုံသွားတာကို ကွင်းလယ်ဒိုင် အက်ဝဲလ်က မြင်ခဲ့တာပါ" "သူ့ရဲ့လက်ထောက်ထံသို့ သွားခဲ့ကာ မေးခဲ့ပေမယ့် အီမာဆင် တွန်းခံလိုက်ရတာကိုသာ တွေ့ခဲ့ပြီး ဘယ်သူတွန်းခဲ့တာလဲဆိုတာကိုတော့ မမြင်ခဲ့ပါဘူး"

"VAR ၊ တီယာနေးနဲ့ သူ့ရဲ့လက်ထောက်တို့က ဒါဟာ ဇီယက်ချ်ဖြစ်တယ်လို့ ပြောခဲ့ပြီး ကွင်းလယ်ဒိုင်က ကွင်းအတွင်းမှာသာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါကြောင့် ဇီယက်ချ်ကို အနီကဒ်ပြလိုက်တာပါ" "အဲ့ဒီနောက် သူဟာ VAR မော်တီတာနားသို့ သွားပြီး ဆုံးဖြတ်ချက်ပြန်ချခဲ့ကာ အနီကဒ်ကို ပယ်ဖျက်ပြီး အဝါကဒ်သာ ပြခဲ့တာဖြစ်ပါတယ်" "ဒါတွေအားလုံးရဲ့အပြီးမှာ အီမာဆင်နှင့် ဟာဗက်ဇ်တို့က အဝါကဒ်ပြသခြင်းခံခဲ့ရပါတယ်။ ဇီယက်ချ်က အနီကဒ်ပြသခြင်းခံခဲ့ရပြီးမှ ကွင်းလယ်ဒိုင်က VAR မော်နီတာထံသွားကြည့်ကာ ဆုံးဖြတ်ချက်ကို ပြင်ခဲ့ပြီး အဆိုပါအနီကဒ်ကို အဝါကဒ်သို့ ပြောင်းခဲ့တာဖြစ်ပါတယ်" လို့ ကယ်လီကိတ်က ပြောပါတယ်။

နောက်ဆုံးမှာတော့ အက်ဝဲလ်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချခဲ့တာဖြစ်ပါတယ်လို့ ချဲလ်ဆီးတိုက်စစ်မှုးဟောင်း ဟယ်ဆဲလ်ဘိန့်ခ်က ထင်ခဲ့ပြီး "အနီကဒ်ကနေ အဝါကဒ်သို့ ပြောင်းလိုက်တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က ကောင်းပါတယ်။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောပါတယ်။

#တော့တင်ဟမ် #နယူးကာဆယ် #ဇီယက်ချ် #ပရီးမီးယားလိဂ် #အက်ဝဲလ်