ရှေ့သို့
Image

ယူနိုက်တက်ရဲ့ ကာရာဘောင်ဖလားဖိုင်နယ်ပွဲစဉ်ကို တက်ရောက်အားပေးဖို့ စီစဉ်နေတဲ့ အေဗရမ်ဂလေဇာ

10:06 AM, 26 February

တနင်္ဂနွေနေ့ ဝင်ဘာလေတွင် နယူးကာဆယ်နှင့် ကစားမယ့် ယူနိုက်တက်ရဲ့ ကာရာဘောင်ဖလား ဖိုင်နယ်ပွဲစဉ်ကို တက်ရောက်ဖို့အတွက် အေဗရမ်ဂလေဇာက စီစဉ်နေပါတယ်လို့ သိရှိပါတယ်။


အိုးထရက်ဖို့ဒ်မှာ ပြီးခဲ့တဲ့ ၁၈ နှစ်တွင်း အငြင်းပွားဖွယ်ရာ အကြွေးတွေကျေခဲ့ပြီးနောက် ဂလေဇာမိသားစုဟာ အသင်းကိုရောင်းချဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။


ဝင်ဘာလေမှာ ဂလေဇာရဲ့ တက်ရောက်ကြည့်ရှုမှုဟာ အသင်ပိုင်ရှင်ကို ဒေါတကြီးပြောဆိုထားတဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် တင်းမာစရာကိစ္စတွေ ဖြစ်လာမှာမယ်ဆိုတာက သံသယဖြစ်ဖွယ်မရှိပါဘူး။


ကလပ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ကမ်းလှမ်းမှုတွေကို ရရှိခဲ့တာဖြစ်ပြီး ကလပ်ကိုနှစ်ရှည်လများ အားပေးခဲ့တဲ့ ဂျင်မီရိုက်ကလစ်ဦးဆောင်တဲ့ INEOS နှင့် ကာတာက ရှိတ်ဂျက်ဆင်ဘင်ဟာမက်အယ်သာနီ တို့က သူတို့ရဲ့ကမ်းလှမ်းမှုတွေအတွက် အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။


ရာသီအဖွင့်ပွဲစဉ်အဖြစ် ဘရိုက်တန်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲနောက်ပိုင်း ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို တက်ရောက်ကြည့်ရှုခဲ့ခြင်းမရှိခဲ့တဲ့ ဂလေဇာဟာ ၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆုဖလားရရှိဖို့ ကြိုးစားရမယ့်ပွဲကိုတော့ တက်ရောက်ကြည့်ရှုချင်နေတာဖြစ်ပါတယ်လို့ The Athletic က ဖော်ပြထားပါတယ်။


ယူနိုက်တက်မှာ နောက်ဆုံးကြည့်ရှုခဲ့တဲ့ပွဲမှာ ဂလေဇာနဲ့သူ့ရဲ့ညီ ဘရိုင်ယန်တို့ဟာ "လောဘကို ဖယ်ရှားပါ၊ ယူနိုက်တက်အတွက် လုပ်ဆောင်ပါ၊ ဂလေဇာကို တိုက်ထုတ်ပါ၊ ငါတို့ကလပ်ကို ပြန်လိုချင်တယ်" လို့ စာတန်းကြီးကို တွေ့ခဲ့ရတာဖြစ်ပါတယ်။


ယူနိုက်တက်ရဲ့ ရိုးရာအရောင်ဖြစ်တဲ့ အစိမ်းရောင်နဲ့ ရွှေရောင်ပါ စာတန်းတွေနဲ့အတူ ဂလေဇာကို ဆန့်ကျင်အော်ဟစ်တဲ့အသံတွေကလည်း အိုးထရက်ဖို့ဒ်ရှိ ပွဲကြည့်စဉ်များတွင် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ကြားခဲ့ရပါတယ်။


ယူအက်စ်နိုင်ငံသား ပိုင်ရှင်တွေဟာ ယူနိုက်တက်ရဲ့ပွဲစဉ်တွေကို ကြည့်ရှုခဲ့တာဖြစ်ပြီး ဝင်ဘာလေမှာကစားမယ့် အဆိုပါပွဲ ကလပ်နှစ်ခုစလုံးအတွက် ကြီးမားတဲ့ပွဲတစ်ပွဲပဲဖြစ်ပါတယ်။


ဂလေဇာဟာ နိုဝင်ဘာလမှာ အသင်းကိုရောင်းချဖို့ လုပ်ခဲ့တာဖြစ်ပြီး ယူအက်စ်မိသားစု ပိုင်ရှင်တွေကို စိတ်ပျက်နေတဲ့ ပရိသတ်တွေအတွက် စိတ်သက်သာရာ ရရှိခဲ့တာဖြစ်ပါတယ်။


ဂလေဇာဟာ အသင်းကိုရင်းနှီးမြှပ်နှံဖို့ ရှာဖွေရာကနေ အပြည့်အဝရောင်းချဖို့ ဖြစ်လာမယ်ဆိုတာကို နားလည်ထားပြီး ကမ်းလှမ်းမှုတွေက တောင်ဆိုထားတဲ့ ပေါင် ၆ ဘီလီယံထက် နည်းနေတာကြောင့် ပိုင်ရှင် မိသားစုဟာ အသင်းကိုထိန်းချုပ်ဖို့ စွန့်လွှတ်သွားမှာ မဟုတ်ပါဘူးလို့ ကောလာဟလပြောဆိုနေတာတွေရှိပါတယ်။


၁၁ ရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီစာ လက်မှတ်တွေရဲ့ ဈေးနှုန်းတွေကို မြှင့်လိုက်ကြောင်း ကြေညာပြီးနောက် ဂလေဇာမိသားစုဟာ အသင်းမှာ ဆက်ရှိနေမယ်ဆိုတာကို ယူနိုက်တက် အသင်းခေါင်း ဆောင်ဟောင်း နဗီးလ်က သံသယဝင်နေတာဖြစ်ပါတယ်။


၂၀၂၃-၂၄ ရာသီမှာတော့ တစ်ရာသီစာလက်မှတ်တွေရဲ့ တန်ကြေးက ၅ % အထိ တက်သွားတာကို ပရိသတွေက ကြုံတွေ့ရမှာဖြစ်ပါတယ်။


ဂလေဇာရဲ့ ရည်ရွယ်ချက်တွေအပေါ် ထင်ကြေးပေး ပြောစရာဖြစ်လာခဲ့ပြီး အသင်းကနေထွက်ခွာမယ်ဆိုရင် ဘာကြောင့် လက်မှတ်ဈေးကို ရုတ်တရက် ဈေးတက်လိုက်ရတာလဲလို့ မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။


"လက်မှတ်ဈေးတွေကို တက်လိုက်တာက ဆိုးပါတယ်။ အသင်းကနေထွက်ခွာပြီး ရောင်းချမယ့်သူက လာမယ့်ရာသီမစတင်မီ အကျိုးအမြတ်ကြီးကြီးမရဘဲ အမုန်းပိုစေမယ့်ကိစ္စကို ဘာကြောင့် လုပ်လိုက်ရတာလဲ"


"အသင်းကိုဝယ်ယူမယ့် မည်သည့်ပိုင်ရှင်သစ်မဆို ပရိသတ်တွေဘက်ကနေရှိနေပြီး ဈေးနှုန်းကို ချပေးဖို့ရှိနေပါတယ်။ သူတို့တွေကရော အသင်းကို တကယ်ရောင်းချသွားမှာလားဆိုတာက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒီလုပ်ဆောင်မှုအပေါ် ကျွန်တော်ကတော့ သံသယဝင်မိပါတယ်" လို့ နဗီးလ်က တွစ်တာမှာ ရေးသားထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကာရာဘောင်ဖလား #အေဗရမ်ဂလေဇာ