ရှေ့သို့
Image

လူစာရင်း ရွေးချယ်ရာမှာ သူ့ကိုခေါင်းခဲစေတဲ့ ကစားသမားတစ်ဦးအား ပြောပြလိုက်တဲ့ အာတီတာ

9:16 AM, 25 February

မီကယ်အာတီတာက ဖေဘီယိုဗီအဲရာဟာ အာဆင်နယ်အသင်းအတွက် လူစာရင်းရွေးချယ်ရာမှာ သူ့ကိုခေါင်းခဲစေတဲ့ ကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗီအဲရာဟာ ပြီးခဲ့တဲ့နွေရာသီက ပေါ်တိုကနေ ပေါင် ၃၅သန်းနဲ့ ရောက်လာပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် ဗီအဲရာက ပြီးခဲ့တဲ့ပွဲစဉ်လေးပွဲအတွင်း အရန်ခုံကနေ ထလာကာ အက်စတွန်ဗီလာနဲ့ပွဲမှာဆိုရင် အရေးပါတဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

၂၂နှစ်သားဟာ သူ့ရဲ့တည်ငြိမ်မှုကို ပြသနိုင်ခဲ့ပြီး မာတင်နယ်လီအတွက် ပြိုင်ဘက် ကစားသမားနှစ်ဦးကြားထဲကနေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အာတီတာကတော့ သူ့ရှေ့မှာ ဆာကာ၊ မာတင်နယ်လီ၊ အိုဒီဂတ်တို့ကို ထုတ်သုံးနေရတဲ့အတွက် လူစာရင်းရွေးချယ်ရာမှာ ခေါင်းခဲနေရကြောင်း ဖွင့်ဟလာပါတယ်။

အာတီတာက “သူ အရမ်းနီးစပ်နေပါပြီ။ သူက လုပ်နိုင်နေပြီဆိုတာ သိလာတဲ့အတွက် လူစာရင်းရွေးချယ်တဲ့ နေရာမှာ ကျွန်တော့်ကို ခေါင်းခဲစေပါပြီ။ ကျွန်တော်တို့ ဘာလိုအပ်နေလဲဆိုတာ တိတိကျကျသိနေတဲ့ ကစားသမားကောင်းတစ်ဦးပါ” “ကြံ့ခိုင်မှုပိုင်းအရ ဒီလိဂ်မှာ သူကစားနိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ကျွန်တော်တို့အသင်းမှာ မရှိတဲ့အရာတစ်ခုကို သူ ယူဆောင်လာပေးပါတယ်။ သူ့ကို ပွဲထွက်ခွင့်ပိုပေးဖို့ ကျွန်တော် ဆန္ဒရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ဗီအဲရာ