ရှေ့သို့
Image

ဆာအဲလက်စ်ဖာဂူဆန်နှင့် ညစာစားရင်း အတွေ့အကြုံတွေဖလှယ်ခဲ့တဲ့ ယူနိုက်တက်နည်းပြ တန်ဟက်

9:50 AM, 23 February

ယူနိုက်တက်နည်းပြဖြစ်သူ တန်ဟက်သည် ဘာစီလိုနာ အသင်းနှင့်ယူရိုပါလိဂ် ပထမအကျော့ပွဲစဉ်တွင် သရေကျပြီး ပြည်တွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ငါးနှစ်အကြာမှ ပထမဆုံး အကြိမ် ဇယားထိပ်သို့ရောက်ရှိနိုင်တဲ့ အခြေအနေများဖြစ်နေချိန်မှာ ဆာအဲလက်စ်ဖာဂူဆန်နှင့် တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။

တန်ဟက်နှင့် ဆာအဲလက်စ်ဖာဂူဆန်တို့သည် ဆာအဲလက်စ်ဖာဂူဆန်နေထိုင်သည့် ဝင်စလိုမြို့တွင် ညစာစားခဲ့ကြပြီး သူ့ရဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကို ဝေမျှချင်တယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်တွင်ပြိုင်ပွဲလေးခုမှာ ယှဉ်ပြိုင်နေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဇယားထိပ်မှာ ဦးဆောင်နေတဲ့ အာဆင်နယ်နောက် ငါးမှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပြီး ကြာသပတေးနေ့ မှာကစားရမယ့် ဘာစီလိုနာနဲ့ ယူရိုပါလိဂ်ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်ကို ကစားရမှာပါ။  

တနင်္ဂနွေမှာလည်း နယူးကာဆယ်အသင်းနဲ့ ကစားရမယ့် ကာရာဘာင်ဖလားဗိုလ်လုပွဲ ပြီးနောက် လာမည့်အပတ်မှာပဲ အက်ဖ်အေဖလားပဉ္စမအကျော့အဖြစ် ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ် တွင် ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ယူနိုက်တက်အသင်းသည် ဆုဖလား ၃လုံးသာ ဆွတ်ခူးနိုင်ခဲ့ပြီး ဖလားလက်မဲ့ဖြစ်နေခဲ့တာ ၆ နှစ်လောက်ကြာခဲ့ပါပြီ။

ဆာအဲလက်စ်ဖာဂူဆန်သည် ၁၉၉၁ ခုနှစ်တွင် ဥရောပဖလား ဖိုင်နယ်တွင် ဘာစီလိုနာကို ၂-၁ ဂိုးဖြင့် အနိုင်ရကာ ယူနိုက်တက်အသင်းနည်းပြအဖြစ် ပထမဆုံးဥရောပဆုဖလားကို ရယူနိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ဘာစီလိုနာအသင်းအား ချန်ပီယံလိဂ်ဖိုင်နယ်တွင် အနိုင်ယူခဲ့သည့် ၎င်း၏ အတွေ့အကြုံများကို တန်ဟက်နှင့် ညစာစားရင်း ပျော်ရွင်စွာ ဖလှယ်ခဲ့ကြကြောင်းသိရပါတယ်။

တန်ဟက်က "ဒါကကြီးမားတယ်။ အတွေ့အကြုံတွေ အများကြီးရှိတဲ့ သူတွေနဲ့ စကားပြောရတာ သဘောကျတယ်။ သူက အဲဒါကို မျှဝေချင်တာကြောင့် ကျွန်တော့်ကိုကူညီ ပံ့ပိုးပေးချင်တယ်လို့ခံစားရတယ်။ ယူနိုက်တက်ဟာ သူ့အသင်းဖြစ်ပြီး သူအရမ်းကတိတည်တယ်လို့ ခံစားရတယ်။ "အားလုံးအဆင်ပြေခဲ့ပါတယ်။ ကောင်းသောညတစ်ညဖြစ်ပြီး နောက်တစ်ညကို သူနဲ့အတူစောင့်မျှော်နေပါတယ်။ "ကျွန်တော်တို့အားလုံး ပွဲကြီးပွဲကောင်းတွေ ကစားချင်ကြပါတယ်။ အခု ဖေဖော်ဝါရီပဲ ရှိပါသေးတယ်၊ ပွဲကြီးပွဲကောင်းတွေ ကိုဖြတ်ကျော်နိုင်ပြီး တကယ်ကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်ဖို့ မျှော်လင့်နေပါတယ်။ " အကောင်းဆုံးနေရာကို လိုချင်ရင် ကျွန်တော်တို့ အကောင်းဆုံး ပေးဆပ်ရမှာပါ"ဟု တန်ဟက်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #ယူရိုပါလိဂ် #အဲရစ်တန်ဟက်