ရှေ့သို့
Image

ရက်ရှ်ဖို့ဒ်၏ ပထမဂိုးအား ဂုဏ်ပြုမည့်အစား ဒါလော့ကို စက္ကန့် ၃၀ကြာ သင်ကြားပြသပေးခဲ့တဲ့ တန်ဟက်

12:22 PM, 21 February

ယူနိုက်တက်ပရိသတ်များသည် လက်စတာနှင့်ပွဲတွင် ရက်ရှ်ဖို့ဒ်၏ အဖွင့်ဂိုးသွင်းပြီးနောက် နည်းပြ တန်ဟက်၏ တုံ့ပြန်မှုကို နှစ်သက်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့မွန်းလွဲပိုင်းက လက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီဂီယာဟာ ဟာဗေးဘားနက်စ်နဲ့ အိုင်ဟယ်နာချိုတို့ရဲ့ အပိုင်ဂိုးသွင်းယူမှုတွေကို အကောင်းမွန်ဆုံး ကာကွယ်နိုင်ခဲ့ပြီးနောက် ယခုရာသီမှာပုံစံကောင်းရနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ဦးဆောင်ဂိုး သွင်းယူပြီး ယူနိုက်တက်ကို ကောင်းကောင်းဦးဆောင်နိုင်စေခဲ့ပါတယ်။

ပြီးနောက် အင်္ဂလန်လက်ရွေးစင်က မကြာမီလများအတွင်း သူအောင်ပွဲခံနေကျပုံစံဖြစ်တဲ့ မျက်လုံးမှိတ်ပြီး လက်ဖြင့်သူ၏ဦးခေါင်းကိုထိုးထားသည့်ပုံစံဖြင့် အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်နေချိန်မှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်က အောင်ပွဲမည့်အစား သူသည် နေရာချထားမှုနှင့် ဂိမ်းအတွင်း နည်းဗျူဟာများအကြောင်း စက္ကန့် ၃၀ ကြာ စကားပြောရန်အတွက် ဒါလော့ကို အိုးထရက်ဖို့ဒ်ကွင်းရဲ့ နည်းပြဧရိယာအနား သို့ ခေါ်ခဲ့ပါတယ်။

တန်ဟက်သည် ရက်ရှ်ဖို့ဒ်၏ ဂိုးသွင်းယူပြီးနောက် ချက်ချင်းတွင် ဒါလော့ထံသို့ ညွှန်ကြားချက်များ ပေးသည့် ယူနိုက်တက်အသင်းအားတိုးတက်စေလိုသည့်ဆန္ဒအတွက် ပရိသတ်များက ချီးကျူးခဲ့ကြပါတယ်။

ပရိတ်သတ်တစ်ဦးက "အဲ့ဒီနေရာမှာဆိုးရှားသာဆိုရင် ၁၄ လက်မတက်ဘလက်ကိုပဲထိုင်ကြည့်နေမှာ" ဟု မှတ်ချက်ပေးခဲ့ပြီး အခြားတစ်ဦးက "ဒါက အာရုံစူးစိုက်မှုရှိတဲ့ မန်နေဂျာပါ။ သူ့အသင်းဦးဆောင်ဂိုးရတာတောင်အောင်ပွဲမခံပါဘူး။ တန်ဟက်က ကောင်းတယ်" တတိယတစ်ဦးက "သူဘယ်တော့မှနည်းနည်းလေးနဲ့မကျေနပ်ဘူး" ဟုရေးသားခဲ့ပြီး စတုတ္ထမြောက်သူတစ်ဦးက "သူဘယ်တော့မှ ရှောင်မသွားပါဘူး။ သူ့ကစားသမားတွေကို တိုးတက်စေချင်တယ်။ မှန်ကန်တဲ့မန်နေဂျာပါ"ဟု ရေးသားခဲ့ပါတယ်။

ယူနိုက်တက်သည် ဘရန်ဒန် ရော်ဂျာ၏ ကလပ်အသင်းနှင့်တွေ့ဆုံချိန်တွင် သုံးမှတ်စလုံး ရယူသွားပြီး ဂျေဒန်ဆန်ချို၏ ဂိုးသွင်းမှု မတိုင်မီတွင် ရက်ရှ်ဖို့ဒ်က ၂ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ နွေရာသီတွင် တန်ဟက် ရောက်ရှိလာကတည်းက ဒါလော့ ဟာအရင်ကထက်ပိုကောင်းလာပါတယ်။ နိုဝင်ဘာလတုန်းက ပေါ်တူဂီနောက်ခံလူဟာ ဒီရာသီမှာ နယ်သာလန်နည်းပြရဲ့ လွှမ်းမိုးမှုကို ဖွင့်ဟခဲ့ပါတယ်။

"သူကျွန်တော့်ကိုပေးခဲ့တဲ့ ယုံကြည်မှုက ကျွန်တော်လုပ်ခဲ့တဲ့အလုပ်တွေကိုလည်း ပြသနေပါတယ်" လို့ ဒါးလော့က ယူနိုက်တက်ရဲ့တရားဝင်ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။ “ရာသီအစကတည်းက သူပေးခဲ့တဲ့ ယုံကြည်မှုတွေကို သူ့ဆီပြန်ပေးဖို့ ကျွန်တော် ကြိုးစားထားပါတယ်။ သူနဲ့အတူ တိုးတက်မှုအတွက် ကျွန်တော်တို့မှာ နေရာအများကြီးရှိပြီး သူက ကစားသမားတွေဆီက အများကြီး တောင်းဆိုနေတဲ့ မန်နေဂျာပါ။ "ဒါက ကျွန်တော်အလုပ်လုပ်ရတာကို နှစ်သက်ပါတယ်၊ ဒါကြောင့် ပွဲကောင်းတစ်ပွဲလို့ ကျွန်တော်ထင်ပါတယ်၊ ဒီထက်ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်လာဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ကျွန်တော်ကတော့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားထားပါတယ်၊ ဒီရာသီက ကြီးကြီးမားမား၊ ကြီးကျယ်ခမ်းနားတဲ့ ရာသီတစ်ခုဖြစ်ပြီး ရှည်လျားတဲ့ရာသီတစ်ခုဆိုတာ ကျွန်တော်သိပါတယ်၊ အချိန်ဇယားအရ၊ ကာမိအောင်ကစားရမယ့်ပွဲတွေအများကြီးရှိပြီး အသင်းကို ကူညီဖို့အတွက် အကောင်းဆုံးကြံ့ခိုင်မှုအဆင့်ကို ရောက်အောင်ကြိုးစားနေပါတယ်"ဟု ဒါးလော့က ပြောကြားခဲ့ပါတယ်။

လက်စတာကို ၃-၀ နဲ့အနိုင်ရရှိခဲ့တဲ့နောက် ယူနိုက်တက်ပရိသတ်တွေကို သူပြောခဲ့တဲ့စကားကို တန်ဟက်က ရှင်းပြခဲ့ပါတယ်။ "ဒါဟာ ကြာသပတေးနေ့မှာ ယူရိုပါလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ ကစားရမယ့်ပွဲနဲ့ တနင်္ဂနွေနေ့ ကျရင် ဝင်ဘာလေကွင်းမှာ နယူးကာဆယ်အသင်းနဲ့ကစားရမယ့် အက်ဖ်အေဖလားဖိုင်နယ်ပွဲတွေအတွက် အစပါပဲ"ဟုပြောကြားခဲ့ပါတယ်။

ယူနိုက်တက်သည် မားကပ်ရက်ရှ်ဖို့ဒ် နှင့် ဂျေဒန်ဆန်ချိုတို့၏ သွင်းဂိုးများကြောင့် တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ဇယားထိပ်မှ အာဆင်နယ်အသင်းနှင့် ငါးမှတ်အကွာ တတိယနေရာသို့ရောက်ရှိလာကြောင်းသိရပါတယ်။

#မန်ချက်စတာယူနိုက်တက် #လက်စတာ #အဲရစ်တန်ဟက် #ဒီယေဂိုဒါလော့ #ပရီးမီးယားလိဂ်