ရှေ့သို့
Image

လီဗာပူးနဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲကို ချုအာမန်နီနဲ့ ခရူးစ်တို့ လွဲချော်

9:14 AM, 21 February

ရီးရဲလ်အသင်းဟာ လာမယ့်ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲဖြစ်တဲ့ လီဗာပူးနဲ့ပွဲကို  ချုအာမန်နီနဲ့ ခရူးစ်တို့မပါပဲ ကစားရဖွယ်ရှိနေပါတယ်။ ၂၀၂၂ ချန်ပီယံလိဂ်ဖိုင်နယ်ကို လက်စားချေနိုင်မယ့်အခွင့်အရေးဖြစ်ပြီး အဲ့တုန်းက ရီးရဲလ်က ဗင်နီဆီးယက်စ်ရဲ့ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီမှာ ကစားသမားအင်အားအများအပြားရှိနေပေမယ့် ကွင်းလယ်လူ ၂ ဦးဖြစ်တဲ့ ခရူးစ်နဲ့ ချုအာမန်နီတို့မပါပဲ ကစားရဖွယ်ရှိနေပါတယ်။ သတင်းတွေအရ ကမ္ဘာ့ဖလားရ ခရူးစ်နဲ့ ပြင်သစ်နိုင်ငံသား တာချူမီနီတို့ ၂ ဦးစလုံးဖျားနေတာကြောင့် အန်ဆယ်လော့တီအနေနဲ့ သူတို့ ၂ ဦးမပါတဲ့ ကစားကွက်မျိုး စီစဉ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ရီးရဲလ်အသင်းဟာ ကွင်းလယ်မှာ ကစားကွက်စိုးမိုးနိုင်ဖို့ ကစားသမား လိုအပ်ချက်ရှိနေပြီး ဘန်ဇီးမား၊ ဗင်နီစီးယက်စ်၊ မိုဒရစ်နဲ့ ကော်တိုရစ်တို့သာ ရှိနေပါတယ်။ ပထမအကျော့ အန်ဖီးလ်မှာ ရလဒ်ကောင်းယူထားနိုင်မှာ ရီးရဲလ်အနေနဲ့ မတ်လ ၁၅ ရက်နေ့မှာ ကစားမယ့် ဒုတိယအကျော့ အိမ်ကွင်းပွဲအတွက် အခြေအနေကောင်းနိုင်မှာဖြစ်ပါတယ်။ #လီဗာပူး #ချူအာမန်နီ #ချန်ပီယံလိဂ် #ခရူးစ်