ရှေ့သို့
Image

ဒုတိယအကျော့ ပွဲမတိုင်ခင် အဒီယီမီ ဒဏ်ရာရသွားတာကြောင့် အားတက်စရာဖြစ်လာတဲ့ ချဲလ်ဆီး

8:56 AM, 21 February

ဒေါ့မွန်အသင်းဟာ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ဒုတိယအကျော့ပွဲမတိုင်ခင် အဓိက တိုက်စစ်မှူး အဒီယီမီမပါဘဲ ကစားရဖို့ ရှိနေပါတယ်။ အဒီယီမီဟာ ဟာသာဘာလင်နဲ့ပွဲက ကြွက်သားဒဏ်ရာကြောင့် ၃ပတ်ကြာ အနားယူရတော့မယ်လို့ ဒေါ့မွန်အသင်းက ကြေညာခဲ့ပါတယ်။

ဟာသာဘာလင်ကို ၄-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း အဒီယီမီတစ်ယောက် ဒဏ်ရာ ရရှိခဲ့ကာ လူစားလဲခံခဲ့ရပါတယ်။ အဆိုပါ ဒဏ်ရာပြဿနာကြောင့် ပထမအကျော့ ဂျာမန်မြေမှာ ရှုံးထားတဲ့ ချဲလ်ဆီးအသင်းအတွက်အားတက်စရာကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဒီယီမီဟာ ပထမအကျော့ပွဲစဉ်အတွင်း အန်ဇိုဖာနန်ဒက်ဇ်နဲ့ ဂိုးသမားကီပါတို့ကို တစ်ကိုယ်တော် ကျော်ဖြတ်ကာ အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုကျော့က စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားရမှာဖြစ်တဲ့အတွက် ချဲလ်ဆီးအသင်း ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ အခွင့်အရေးရှိနေပါသေးတယ်။

ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၄ပွဲမှာ ၂ပွဲသာ နိုင်ခဲ့ပြီး လာမယ့် တနင်္ဂနွေညမှာ တော့တင်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲစဉ် ဆက်ကစားရမှာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဒေါ့မွန် #ချန်ပီယံလိဂ် #အဒီယီမီ