ရှေ့သို့
Image

ဒီဂီယာခေတ်အလွန်မှာ ပွဲထွက်ဂိုးသမားနေရာအတွက် မီစလီယာကို ချိန်ရွယ်လာတဲ့ ယူနိုက်တက်

4:26 PM, 20 February

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်စတာအသင်းတို့ အို့ထရက်ဖို့ဒ် ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၄) တွင် ယူနိုက်တက်အသင်းက ၃ - ၀ ရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ လက်စတာအသင်းရဲ့ ဂိုးကန်သွင်းမှုတွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့တဲ့ ဒီဂီယာအနေနဲ့ အသက်အရွယ်ရချိန်မှာ အစာထိုးနိုင်ရန် မီစလီယာကို ချိန်ရွယ်လာတာပဲ ဖြစ်ပါတယ်။

ကမ္ဘာကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းအနေဖြင့် ဝါရင့်ဂိုးသမား ဒေးဗစ်ဒီဂီယာအတွက် လုပ်ခနှုန်းထားလျော့ချကာ တစ်ပုဒ်လုပ်ခ ပေါင် ၂၅၀,၀၀၀ဖြင့် စာချူပ်သက်တမ်း တိုးရန် သဘောတူညီမှု ရထားခဲ့ပေမဲ့ လိဒ်ယူနိုက်တက်အသင်းရဲ့ ဂိုးသမား မီစလီယာကိုပါ ရေရှည်အသုံးပြုနိုင်ရန်အတွက် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အနေဖြင့် ကာလရှည်အသုံးပြုနိုင်ရန် ပစ်မှတ်ထားနေတဲ့ မီစလီယာအတွက် ပွဲထွက်ခွင့်နေရာ ပေးနိုင်ချိန်မှသာ စတင်ကမ်းလှမ်းမှု ပြုလုပ်နိုင်ခြေရှိနေတာ ဖြစ်ပြီး ကစားသမားရဲ့ အပြောင်းအရွှေ့အမှန်တကယ်ဖြစ်လာမလားဆိုတာကို စောင့်ကြည့်သွားရမှာလည်း ဖြစ်ပါတယ်။

အို့ထရက်ဒ်ဖို့ဒ်ကလပ်အတွက် အခြားပြောင်းအရွှေ့သတင်းတစ်ခုလည်း ထွက်နေပြီး အကယ်ဒမီထွက်တိုက်စစ်ကစားသမား ဂါနာချိုကို ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း Goal သတင်းဌာနက ဖော်ပြထားတာ ဖြစ်ပါတယ်။

အို့ထရက်ဖို့ဒ်ကွင်းအတွင်းမှာ ယူနိုက်တက်အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် ပွဲကစားချိန်အစောပိုင်းမှာ လက်စတာစီးအသင်းရဲ့ တိုက်စစ်ပိုင်းကို ယူနိုက်တက်အသင်း သတိကြီးကြီးထား ထိန်းသိမ်းနေခဲ့ရပေမဲ့ ပွဲကစားချိန် ၂၅မိနစ်အရောက်မှာ ကွင်းလယ်ဖန်တီးရှင် ဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုမှတစ်ဆင့် ရက်ရှ်ဖို့ဒ်က အမှားအယွင်းမရှိကန်သွင်းကာ ဦးဆောင်ဂိုး ယူပေးခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ဦးဆောင်ဂိုးနဲ့အတူ ပွဲကအပြောင်းအလဲဖြစ်သွားခဲ့ပြီး ယူနိုက်တက်အသင်းက ပွဲကို လွှမ်းမိုးကစားကာ ပွဲကစားချိန် ၅၆မိနစ်တွင် ရက်ရှ်ဖို့ဒ်၊ ပွဲကစားချိန် ၆၁မိနစ်တွင် ဆန်ချို တို့က သွင်းဂိုးတွေထပ်မံသွင်းယူပေးနိုင်ခဲ့တာကြောင့် ပွဲပြီးချိန်မှာ အနိုင် ၃မှတ်နဲ့အတူ ဂိုးမပေးရတဲ့ ပွဲစဉ်တစ်ပွဲကို ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လက်စတာ #မီစလီယာ #ပရီးမီးယားလိဂ်