ရှေ့သို့
Image

လူစားဝင်ကစားရန်ပြင်ဆင်နေတဲ့ တိုင်လီမန်စ်ကို သွားရောက်ကျောသပ်ပေးခဲ့တဲ့ အဲရစ်တန်ဟတ်ရဲ့လုပ်ရပ်အပေါ် မှတ်ချက်ပြုနေကြတဲ့ ပရိသတ်များ

1:42 PM, 20 February

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်စတာအသင်းတို့ အို့ထရက်ဖို့ဒ်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၄) တွင် ယူနိုက်တက်အသင်းက ၃ - ၀ ရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ဒုတိယပိုင်းအတွင် လက်စတာစီးတီး အသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်စတား တိုင်လီမန်းကို နည်းပြ တန်ဟတ်က ကျောသပ်နှုတ်ဆက်ခဲ့တာကြောင့် သရဲနီပရိသတ်တွေက မှတ်ချက်အမျိုးမျိုးပေးနေကြတာပဲ ဖြစ်ပါတယ်။

အို့ထရက်ဖို့ဒ်ကွင်းအတွင်းမှာ ယူနိုက်တက်အသင်းနဲ့ လက်စတာစီးတီး အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် ပွဲကစားချိန်အစောပိုင်းမှာ လက်စတာစီးအသင်းရဲ့ တိုက်စစ်ပိုင်းကို ယူနိုက်တက်အသင်း သတိကြီးကြီးထား ထိန်းသိမ်းနေခဲ့ရပေမဲ့ ပွဲကစားချိန် ၂၅မိနစ်အရောက်မှာ ကွင်းလယ်ဖန်တီးရှင် ဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုမှတစ်ဆင့် ရက်ရှ်ဖို့ဒ်က အမှားအယွင်းမရှိကန်သွင်းကာ ဦးဆောင်ဂိုး ယူပေးခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ဦးဆောင်ဂိုးနဲ့အတူ ပွဲက အပြောင်းအလဲဖြစ်သွားခဲ့ပြီး ယူနိုက်တက်အသင်းက ပွဲကို လွှမ်းမိုးကစားကာ ပွဲကစားချိန် ၅၆မိနစ်တွင် ရက်ရှ်ဖို့ဒ်၊ ပွဲကစားချိန် ၆၁မိနစ်တွင် ဆန်ချိုတို့က သွင်းဂိုးတွေထပ်မံ သွင်းယူပေးနိုင်ခဲ့တာကြောင့် ပွဲပြီးချိန်မှာ အနိုင် ၃မှတ်နဲ့အတူ ဂိုးမပေးရတဲ့ ပွဲစဉ်တစ်ပွဲကို ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက လက်စတာစီးတီးအသင်းကို ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂ - ၀ ရလဒ်ဖြင့် ဦးဆောင်နေချိန် ပွဲကစားချိန် ၅၉မိနစ်မှာ နည်းပြ ရော်ဂျာအနေဖြင့် ဒူးဘူရီဟောလ်ရဲ့ နေရာတွင် ဘယ်လ်ဂျီယံကွင်းလယ်စတား ယူရီတိုင်လီမန်စ်ကို ဝင်ရောက်ကစားစေခဲ့တာဖြစ်ပြီး လူစားဝင်ရန် တိုင်လီမန်စ်ကွင်းစည်ဘေးတွင် ပြင်ဆင်နေစဉ် နည်းပြ တန်ဟတ်က လာရောက်ကျောသပ်နှုတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက အန်ဒါလက်ချ်၊ မိုနာကိုအသင်းတို့မှာ ကစားခဲ့ဖူးသလို လက်စတာအသင်းမှာ ထိပ်တန်းခြေစွမ်းပြနေတဲ့ တိုင်လီမန်းကို ခေါ်ယူရန် ချိတ်ဆက်မှု ပြုလုပ်ထားခဲ့ဖူးတာကြောင့် နည်းပြ တန်ဟတ်ရဲ့ လုပ်ရပ်အပေါ် ယူနိုက်တက် ပရိသတ်တွေက မှတ်ချက်ပေးနေကြတာ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်ရဲ့ သွားရောက်နှုတ်ဆက်မှုအပေါ် ယူနိုက်တက်ပရိသတ်တွေက“တစ်စုံတစ်ယောက်များ နည်းပြတန်ဟတ်က တိုင်လီမန်စ်ကို နှုတ်ဆက်တာ မြင်မိကြသေးလား? ဒါက သူ ယူနိုက်တက်အသင်းမှာ လာကစားနိုင်ခြေရှိကြောင်း ဖော်ပြနေသလိုပဲ” “တိုင်လီမန်းသာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ကစားမယ်ဆိုရင် အားပေးရန်အသင့်ပဲ” “ရာသီကုန်မှာ အလွတ်နဲ့ ရတော့မှာလား?” “နည်းပြ တန်ဟတ်က တိုင်လီမန်စ်ကို တော်တော်နှစ်သက်နေပုံပဲ” ဆိုပြီးအမျိုးမျိုး မှတ်ချက်ပေးနေကြတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လက်စတာ #တိုင်လီမန်စ် #တန်ဟတ် #ပရီးမီးယားလိဂ်