ရှေ့သို့
Image

အာဆင်နယ် ဘယ်နောက်ခံလူ တီယာနေးကို စောင့်ကြည့်နေတဲ့ နယူးကာဆယ်

9:18 AM, 20 February

နယူးကာဆယ်အသင်းဟာ အာဆင်နယ် ဘယ်နောက်ခံလူ တီယာနေးကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားသည် ယခုရာသီတွင် သူ၏ ပထမပွဲထွက်ခွင့်နေရာကို ဇင်ချန်ကိုထံ ဆုံးရှုံးခဲ့ရပြီး ပရီးမီးယားလိဂ်တွင် ၄ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး အရန်ကစားသမားအနေဖြင့် ၁၂ ပွဲသာ လူစားဝင်ကစားခွင့်ရခဲ့ကြောင်း သိရပါတယ်။

လူစားဝင်ကစားခွင့်ရခဲ့သော လိဂ်ပွဲလေးပွဲတွင် မိနစ်အနည်းငယ်မျှ မရခဲ့ပဲ စနေနေ့က အက်စတွန်ဗီလာကို ၄-၂ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင်လည်း နောက်ဆုံးမိနစ်မှ ဇင်ချန်ကိုနှင့် လူစားလဲကာ ဝင်ရောက်ကစားခွင့်ရခဲ့တာဖြစ်သောကြောင့် နည်းပြဖြစ်သူအာတီတာကို ယုံကြည်မှုလျော့နည်းလာကြောင်းသိရပါတယ်။

တီယာနေးသည် အာဆင်နယ်အသင်းအတွက်အရေးပါသော ကစားသမားအဖြစ်တည်ရှိနေဆဲဖြစ်ပြီး ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ် ၆ ပွဲတွင် ၁ ဂိုးသွင်းယူကာ အုပ်စုအေရဲ့ ထိပ်ဆုံးနေရာ‌ရောက်အောင် ခြေစွမ်းပြ ကစားထားသူများထဲမှတစ်ဦးဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းသားဟောင်းသည် လွန်ခဲ့သည့်နှစ်အနည်းငယ်က အာဆင်နယ်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုခဲ့သော်လည်း ယခုရာသီတွင် ပွဲထွက်ခွင့်များလျော့နည်းလာခြင်းကြောင့် ၎င်း၏ရေရှည်အနာဂတ်သည် ယခုအခါတွင် ပေါ်လွင်လာနေပြီဖြစ်ပါတယ်။

Football Insider ၏ အဆိုအရ နယူးကာဆယ်သည် တီယာနေးကို ခေါ်ယူချင်နေပြီး နွေရာသီအပြောင်းအရွှေ့ကာလမတိုင်မီ ၎င်း၏အခြေအနေကို အနီးကပ်စောင့်ကြည့်မည်ဖြစ်ကြောင်း သိရပါတယ်။ တီယာနေးအတွက် သတင်းထွက်နေတဲ့ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ဟာ အာဆင်နယ်အသင်းနဲ့ လမ်းခွဲဖို့ လုံလောက်တဲ့ ပမာဏဖြစ်ပြီး ဒဏ်ရာကြောင့် အမ်းမရိတ်စ်မှာ ရှိနေခဲ့တဲ့ စကော့တလန်လက်ရွေးစင်ကစားသမားနဲ့ လမ်းခွဲဖို့ လုံလောက်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အူနိုင်းအမ်မရီသည် ၂၀၁၉ နွေရာသီတွင် တီယာနေးကို ပေါင် ၂၄ သန်းဖြင့် အာဆင်နယ်သို့ ခေါ်ယူခဲ့ပြီး ဘယ်နောက်ခံလူသည် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံတွင် ၁၁၂ ပွဲကစားပြီး ၅ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ တီယာနေး၏ အာဆင်နယ်ကစားသမား ပထမဆုံးနှစ်တွင် အက်ဖ်အေဖလားနှင့် ကွန်မြူနတီဒိုင်းကို ဆွတ်ခူးခဲ့သော်လည်း ၂၀၂၁-၂၀၂၂ ရာသီတွင် ခွဲစိတ်မှုလိုအပ်သည့် ဒူးဒဏ်ရာပြဿနာကြောင့် နောက်ထပ် ၄၈ ပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။

နယူးကာဆယ်တွင် မက်တာဂတ်၊ ဂျမယ်လူးဝစ်နှင့် ပေါလ် ဒန်မက် စသော ဘယ်နောက်ခံလူ ၃ ယောက်ထိ ရှိနေသော်လည်း နည်းပြ အက်ဒီဟောင်း သည် ဒန်ဘန်းကို ယခုရာသီတွင် နယူးကာဆယ်အသင်း၏ ဘယ်နောက်ခံလူနေရာတွင် ပုံမှန်ပွဲထွက်ခွင့်ပေးနေတာဖြစ်ပါတယ်။ မက်တာဂတ် သည်ပြီးခဲ့သောရာသီက အက်စတွန်ဗီလာမှ နယူးကာဆယ်အသင်းသို့ အငှားဖြင့်လာရောက်ကစားပြီး ခြေစွမ်းပြနိုင်သောကြောင့် ယခုရာသီတွင်အပြီးသတ်ခေါ်ယူခဲ့သော်လည်း အသက် ၂၇ နှစ်အရွယ်ကစားသမားသည် ခြေဖနောင့်ဒဏ်ရာကြောင့် ယခုနှစ်စကတည်းက မကစားနိုင်တော့ကြောင်းသိရပါတယ်။

ပေါလ်ဒန်မက်သည် ခြေသလုံးကြွက်သားဒဏ်ရာရရှိနေကာ ရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဂျမယ်လူးဝစ်သည်လည်း ယခုရာသီ ပရီးမီးယားလိဂ်တွင်နယူးကာဆယ်အသင်းအတွက် ၇ မိနစ်သာ ကစားရသေးတာဖြစ်ပါတယ်။ ထို့ကြောင့် နည်းပြ အက်ဒီဟောင်းသည် ဘယ်နောက်ခံလူနေရာတွင် လိုအပ်သော ကစားသမားခေါ်ယူရန်အတွက် ဖူဟမ်အသင်းမှ အမေရိကန်လက်ရွေးစင်ကစားသမား အန်တိုနီရော်ဘင်ဆန်ကို ပစ်မှတ်အဖြစ် ဆန်ကာတင်စာရင်းသွင်းထားပေမယ့်လည်း မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။

နယူးကာဆယ်သည် စနေနေ့က လီဗာပူးကို ဒါဝင်နယူနက်နှင့် ကိုဒီဂတ်ပိုတို့၏သွင်းဂိုးများဖြင့် ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့ပြီး  ဂိုးသမားနစ်ခ်ပုပ်သည် ဂိုးစည်းပြင်ပတွင် ဘောလုံးကိုလက်ဖြင့်ဖျက်ထုတ်ခဲ့ခြင်းကြောင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပါတယ်။ ပွဲပယ်ခံခဲ့ရတဲ့ နစ်ခ်ပုပ် အပြင် ဒုတိယဂိုးသမား မာတင် ဒူဘရာကာကလဲ ပါဝင်ခွင့်မရတာကြောင့် လာမယ့်အပတ်မှာ ယူနိုက်တက်အသင်းနှင့် ကစားမယ့် အက်ဖ်အေဖလား ဖိုင်နယ်မှာ ဂိုးသမားမရှိတဲ့ပြသနာကြောင့် အက်ဒီဟောင်းရဲ့အသင်းဟာ အခက်တွေ့နေရကြောင်းသိရပါတယ်။

#အာဆင်နယ် #နယူးကာဆယ် #တီယာနေး #ပရီးမီးယားလိဂ်