ရှေ့သို့
Image

ချဲလ်ဆီးအတွက် အဓိကပြဿနာက သူမဟုတ်ဘူးလို့ ငြင်းချက်ထုတ်သွားတဲ့ နည်းပြပေါ်တာ

12:25 PM, 19 February

မနေ့ညပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယားအောက်ဆုံးနေရာရှိ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းပရိသတ်ရဲ့စိတ်ပျက်မှုကို သိရှိပါတယ်လို့ ချဲလ်ဆီးနည်းပြပေါ်တာက ဝန်ခံပြောဆိုခဲ့ပေမယ့် ဝေဖန်သူတွေအနေနဲ့ သူ့ကို အပြစ်တင်နေတာ အမှားတစ်ခုပဲလို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ဂရေဟမ်ပေါ်တာရဲ့အသင်းက ဂိုးပေါက်ရှာတွေ့ဖို့ ရုန်းကန်ခဲ့ရသလို ပထမပိုင်းပြီးခါနီး ဆောက်သမ်တန်ကွင်းလယ်လူ ဝက်စ်ပရောက်ရဲ့ ဖရီးကစ်သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။

ပွဲအပြီး ချဲလ်ဆီးနည်းပြက " အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့မယ်ဆိုရင် မင်းအပေါ်ဝေဖန်မှုတွေ ရှိလာမှာကို နားလည်ထားရပါမယ်။

ကျွန်တော်တို့မှာ ခက်ခဲတဲ့ကာလတစ်ခုရှိနေတယ်လို့ ယူဆမိသလို ပရီးမီးယားလိဂ်ဘောလုံးလောကမှာ လူငယ်ကစားသမားတွေကို ပေါင်းစည်းပေးဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ထင်မြင်မိပါတယ်။

ဒါကဖြစ်ပျက်နေတဲ့အရာတွေပါပဲ။ နည်းပြအဖြစ်တာဝန်ယူနေတဲ့ ကျွန်တော်က အသင်းအတွက် ပြဿနာတစ်ရပ်လို့ရှုမြင်နေတဲ့ လူတွေရှိနေတာ သေချာပါတယ်။ သူတို့ရဲ့အယူအဆတွေက မှန်ကန်တယ်လို့ ကျွန်တော် မယူဆမိပါဘူး။ ဒါပေမယ့် သူတို့ရဲ့အယူအဆမှားယွင်းနေမှုအပေါ် မရှင်းပြနိုင်လောက်အထိလည်း ကျွန်တော် မာနမကြီးပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ပွဲစဉ်၊ပထမပိုင်းပွဲချိန်အတွင်း ချဲလ်ဆီးရဲ့စွမ်းဆောင်ရည်တွေအတွက် သူ့မှာတာဝန်ရှိတယ်လို့ ပေါ်တာက လက်ခံထားပါတယ်။

"ပထမပိုင်းပွဲချိန်အတွင်း စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့အသင်းဟာ ခြေတစ်လှမ်းနောက်ဆုတ်သွားခဲ့တယ်လို့ ပြောမယ်ဆိုရင် အမှန်ပါပဲ။ ဒုတိယပိုင်းပွဲချိန်အတွင်း အသင်းရဲ့တုံ့ပြန်ပုံတွေက ကောင်းမွန်လာခဲ့ပေမယ့် လုံလောက်မှုတော့ မရှိဘူးဆိုတာ သိသာပါတယ်"လို့ ပေါ်တာက ရှင်းပြပါတယ်။

ဒီနေ့ပွဲစဉ်ရလဒ်ပိုင်းကြောင့် ချဲလ်ဆီးက အမှတ်ပေးဇယားအဆင့်-၁၀ နေရာမှာ ဆက်လက်ရပ်တည်နေပြီး ရာသီကုန်ထိပ်ဆုံးလေးသင်းစာရင်းဝင်နိုင်ရေး အတော်လေးခက်ခဲသွားပါပြီ။

#ချဲလ်ဆီး #ပေါ်တာ #ပရီးမီးယားလိဂ်