ရှေ့သို့
Image

မျက်နှာကို အကန်ခံခဲ့ရပြီးနောက် ထမ်းစင်နဲ့ထွက်ခွာခဲ့ရတဲ့ အက်စ်ပီလီကျူတာ

11:57 AM, 19 February

ဆောက်သမ်တန်နဲ့ကစားခဲ့တဲ့ပွဲမှာ ချဲလ်ဆီးနောက်ခံလူ အက်စ်ပီလီကျူတာတစ်ယောက် မျက်နှာကို ဘောလုံးနဲ့ အကန်ခံခဲ့ရပြီးနောက် ထမ်းစင်နဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။

အသက် ၃၃ နှစ်သားဟာ စိန့်တ်တိုက်စစ်မှူး မာရာရဲ့ကန်ချက်ကြောင့် မျက်နှာကို ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။

ကွင်းလယ်ဒိုင် ဒေးဗစ်ကော့တီက ပွဲကို ၇၄ မိနစ်မှာ ရပ်တန့်ခဲ့ပြီး ချဲလ်ဆီးစတား ၂ ဦးဖြစ်တဲ့ ကိုဗာစ် နဲ့ ချီဝဲလ်တို့က အက်စ်ပီလီကျူတာဘေးမှာနေခဲ့ကြတာဖြစ်ပါတယ်။

ဆေးအဖွဲ့ အက်စ်ပီလီကျူတာကို ပြုစုခဲ့ပြီး ၉ မိနစ်ကြာပြုစုပြီးနောက် စပိန်သားဟာ ကွင်းထဲကနေ ထမ်းစင်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဆောက်သမ်တန်ကစားသမားတွေကတော့ အက်စ်ပီလီကျူတာတစ်ယောက် အမြန်ဆုံးပြန်ကောင်းလာဖို့ ဆုတောင်းပေးခဲ့ကြသလို ပရိသတ်တွေကလည်း လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

“အက်စ်ပီလီကျူတာအဆင်ပြေပါစေလို့ ကျွန်တော်မျှော်လင့်ပါတယ်။ တကယ့်ကို သွေးပျက်ဖွယ်ဖြစ်ရပ်ပါ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

နောက်ထပ်တစ်ဦးကလည်း “တကယ့်ဆိုးဝါးတဲ့အခြေအနေထြစ်ပြီး ဘောလုံးထက်အရေးကြီးပါတယ်။ အက်စ်ပီလီကျူတာဆီကနေ သတင်းကောင်းကြားရဖို့ မျှော်နေပါတယ်”လို့ နောက်ထပ်တစ်ဦးက ရေးသားခဲ့ပါတယ်။

ဆောက်သမ်တန်က အဝေးကွင်းမှာ အဖိုးတန်တဲ့အနိုင် ၃ မှတ်ရခဲ့ပြီး အနိုင်ဂိုးကို ဝက်တ်ပရောက်စ်က ဖရီးကစ်ကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဝက်တ်ပရောက်စ်က အက်စ်ပီလီကျူတာအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်လို့ ပြောကြားခဲ့ပါတယ်။ 

ချဲလ်ဆီးဟာ ဒီရာသီပြက္ခဒိန်တစ်နှစ်တည်းမှာ ပေါ်တာလက်အောက် ၁ ပွဲသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အချက်အလက်တွေအရ ချဲလ်ဆီးဟာ ၂၀၂၃ မှာ ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အဆင့်ကလည်း ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

#ချဲလ်ဆီး #အက်စ်ပီလီကျူတာ #ပေါ်တာ #ပရီးမီးယားလိဂ်