ရှေ့သို့
Image

ဆောက်သမ်တန်ကို ရှုံးနိမ့်ပြီးနောက် ကြေကွဲဝမ်းနည်းဖွယ်ကောင်းသော အက်စ်ပီလီကျူတာရဲ့ သတင်းကို အတည်ပြုခဲ့တဲ့ ဂရေဟမ်ပေါ်တာ

11:51 AM, 19 February

ချဲလ်ဆီးနှင့် ဆောက်သမ်တမ် ပွဲချိန်နှောင်းပိုင်းတွင် ဆောက်သမ်တန်အသင်းမှ လူစားဝင်ကစားသမား စီကူးမာရာ ၏ကန်ချက်က အသင်းခေါင်းဆောင် အက်စ်ပီလီကျူတာ ရဲ့မျက်နှာကိုထိမှန်ခဲ့ပြီးနောက် ပွဲကစားခြင်းကို အချိန်အတော်ကြာ ရပ်တန့်ခဲ့ရပြီး ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာသည် အက်စ်ပီလီကွီတာကို ဆေးရုံသို အမြန်ပိုဆောင်ခဲ့ရကြောင်း အတည်ပြုခဲ့ပါတယ်။

ဝက်ပရောက်ဒ် သည် စတန်းဖိုဒ်ဘရစ်ချ်တွင် ၎င်း၏အသင်းအား ဦးဆောင်နိုင်စေရန် ၎င်း၏ပုံစံဖြစ်သော ဖရီးကစ်မှ ဂိုးသွင်းယူနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းသည် ချေပဂိုးရရှိရန် အသည်းအသန်ကြိုးစားနေရကြောင်းတွေ့ရှိရပါတယ်။ ပွဲအပြီးမှာတော့ချဲလ်ဆီးအသင်းအနေဖြင့် ချေပဂိုးမရရှိခဲ့ပဲ ဆောက်သမ်တန်း အသင်းကိုအရှုံးပေးခဲ့ရပါတယ်။

ယခုစိတ်ပျက်ဖွယ်ရာရှုံးပွဲကြောင့် ချဲလ်ဆီးသည် ပြိုင်ပွဲအရပ်ရပ်တွင် ၎င်းတို၏ နောက်ဆုံး ဆယ့်လေးပွဲအနက် နှစ်ပွဲသာ အနိုင်ရရှိထားကာ ဂရေဟမ်ပေါ်တာအပေါ် ဖိအားများ တိုးမြင့်လာပါတယ်။

ဒီနိုင်ပွဲသည် ဆောက်သမ်တန်ရဲ့ ၃၅ နှစ်တာအတွင်း ချဲလ်ဆီးနဲ့ပွဲမှာ ပထမဆုံး လိဂ်နိုင်ပွဲအဖြစ်စာရင်းဝင်ခဲ့ပါတယ်။ ၎င်းတိုသည် ၁၉၈၈ ခုနှစ်တုန်းက စတန်းဖိုဒ်ဘရစ်ချ်တွင် ၁-၀ ဖြင့်အနိုင်ရရှိခဲ့ပြီး  ၁၇ နှစ်အရွယ် အလန်ရှီးယား ၏လိဂ်ပွဲဦးထွက်ပွဲစဉ်တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

အတွေ့အကြုံအရှိဆုံး ပရီးမီးယားလိဂ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ အက်စ်ပီလီကျူတာ ဟာ လာမယ့်အပတ်မှာ တော့တင်ဟမ်နဲ့ ကစားမယ့် လန်ဒန်ဒါဘီပွဲတွင် ပြန်လည်မကစားနိုင်ပါက ချဲလ်ဆီးအသင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်လာမှာပါ။

“သူ ဆေးရုံတက်နေတယ်။ သူပြန်သတိရပြီး သူ့ဇနီးနဲ့တောင်စကားပြောနေပါပြီ ။ သူက အကောင်းဆုံးနေရာမှာ ရှိနေပြီး ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ အခု ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ ကြိုတင်သတိထားမှု အားလုံးကို လိုက်နာဖို့ လိုအပ်ပါတယ်”ဟုချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကပြောကြားခဲ့ပါတယ်။

ဆောက်သမ်တန်အတွက် ဒီနိုင်ပွဲက အမှတ်ပေးဇယားအောက်ဆုံးကနေ တက်နိုင်မယ်လို့ မျှော်လင့်ထားပြီး ချဲလ်ဆီးက အမှတ်ပေးဇယားမှာ လက်ရှိအဆင့် ၁၀ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #အက်စ်ပီလီကျူတာ #ပေါ်တာ #ပရီးမီးယားလိဂ်