ရှေ့သို့
Image

နန့်တက်စ် အသင်းကို သရေကျခဲ့ပြီးနောက် ကိုယ့်ကိုကိုယ် သနားဖို့တောင်မတတ်နိုင်တော့ကြောင်း ပြောကြားခဲ့တဲ့ အယ်လီဂရီ

3:30 PM, 18 February

နန့်တက်စ်ကို အနိုင်ရရှိနိုင်ရန် သေချာမည့် ပင်နယ်တီကို ငြင်းဆိုခံရပြီးနောက် ဂျူဗင်တပ်စ်အသင်းနည်းပြအယ်လီဂရီက  ကိုယ့်ကိုကိုယ်သနားဖို့တောင်မတတ်နိုင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်တိုက်စစ်မှူး ဗလာဟိုဗစ်က အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သော်လည်း နန့်တက်စ်ကွင်းလယ်ကစားသမား ဘလက်စ်ရဲ့ချေပဂိုးကြောင့် ကြာသပတေးနေ့တွင်ကစားခဲ့သည့် ယူရိုပါလိဂ်ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်တွင် ဂျူဗင်တပ်က ၁-၁ သရေကျခဲ့တာဖြစ်ပါတယ်။ အယ်လီဂရီရဲ့အသင်းဟာ အိမ်ကွင်း မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ပြိုင်ဘက်ကို လွှမ်းမိုးထားခဲ့ပြီး နောက်ကျ ပင်နယ်တီ အယူခံဝင်မှုကို ပယ်ချခံခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။

နောက်ဆုံးမိနစ်တွင် ဒိုင်လူကြီး ပင်ဟီရီယို သည် VAR ကြည့်ပြီး ပင်နယ်တီ ဟုတ်မဟုတ်ဆုံးဖြတ်ချက်ကို မော်နီတာတွင်သွားရောက်ကြည့်ရှုခဲ့ပြီး ပင်နယ်တီမပေးသည့်အပြင် နန့်တက်စ်ကို ဖရီးကစ်ကန်ချက်ကို ပေးခဲ့သောကြောင့် အယ်လီဂရီ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရကြောင်းသိရပါတယ်။

"အခုမြင်တွေ့ခဲ့ရတာပါ။ ဒါဟာ လက်ထိဘော ပင်နယ်တီလို မပြောလိုပါဘူး၊ ဒါဟာ ဒုတိယအဝါကတ်ဖြစ်သင့်ပါတယ်" ဟု ဂျူဗင်တပ်အသင်းနည်းပြက Sky Sport Italia သို့ ပြောကြားခဲ့ပါတယ်။ ဒိုင်၏ဆုံးဖြတ်ချက်အတွက် ဂျူဗင်တပ်စ်က ဒေါသတကြီးထွက်ပေါ်နေသော်လည်း အယ်လီဂရီ၏ အသင်းသည် ဒုတိယပိုင်း၌ ၆၄.၂ ရာခိုင်နှုန်းထိ ဘောလုံးပိုင်ဆိုင်နိုင်ခဲ့ပြီး တစ်ပွဲလုံးတွင် ၎င်းတို၏ပြိုင်ဘက်များထက်ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု ၂ ဆများခဲ့ပြီး ၆ ကြိမ် ဂိုးပေါက်တည့်ခဲ့ကြောင်း သိရပါတယ်။

အယ်လီဂရီသည် အနိုင်ရရှိရန်အခွင့်အရေးလွဲချော်ခဲ့သဖြင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ကစားရမည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် အနိုင်ရရှိရန်လိုအပ်နေပြီဖြစ်ပါတယ်။

"ကျွန်တော်တို့ရဲ့ ဘောလုံးအမြန်နှုန်းနဲ့ ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ၁-၀ နဲ့ ရပ်တန့်ပြီးနောက်ပွဲကို အေးအေးဆေးဆေးကစားခဲ့တာများသွားပါတယ်။ ၁-၁ နဲ့ သရေကျသွားပြီး ပြန်ကစားရတယ်။ ဂိုးပေါက်ခြိမ်းခြောက်မှုအကြိမ်ပေါင်းများစွာရခဲ့ပြီး ၂-၁ နဲ့ တက်ဖို့ အခွင့်အရေးရခဲ့တယ်။ အထူးသဖြင့် ဂိုးသွင်းဖို့လိုပြီး ပန်းတိုင်ကို ဆက်သွားရပါမယ်။ ကိုယ့်ကိုယ်ကို သနားဖို့က အသုံးမဝင်ပါဘူး၊ ငါတို နောက်တစ်ကြိမ် ပြင်သစ်မှာ ငါတို့ရဲ့အရည်အချင်းတွေကို ပြဖို့လိုတယ်။ ဒါပေမယ့် အခု ငါတို့စပစဇီယာနဲ့ကစားရမယ့် တနင်္ဂနွေနေ့ ကို အာရုံစိုက်ရမယ်" ဟု နည်းပြ အယ်လီဂရီကပြောကြားခဲ့ပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #အယ်လီဂရီ #နန့်တက်စ်