ရှေ့သို့
Image

နွေရာသီမှာ ဆာဘစ်ဇာကို အပြီးသတ်ခေါ်ယူချင်ရင် ပေါင် ၁၈ သန်း ပေးရမယ့် ယူနိုက်တက်

10:49 AM, 17 February

ဘိုင်ယန်မြူးနစ်အသင်းက ယူနိုက်တက်အနေနဲ့ ဆာဘစ်ဇာကို အပြီးသတ်ခေါ်ယူချင်တယ်ဆိုရင် ပေါင် ၁၈ သန်း ပေးချေရမယ်လို့ ပြောကြားလိုက်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆာဘစ်ဇာဟာ အပြောင်းအရွှေ့နောက်ဆုံးရက်တုန်းက ယူနိုက်တက်အသင်းထံ အငှားနဲ့ရောက်လာခဲ့တာဖြစ်ပြီး အဲရစ်ဆင်နေရာကို အစားဝင်ခဲ့တာဖြစ်ပါတယ်။ ကက်စ်မဲရိုး ၃ ပွဲပယ်ခံရပြီးနောက် ဆာဘစ်ဇာတစ်ယောက် ယူနိုက်တက်နဲ့ပွဲဦးထွက်က ထင်ထားတာထက်စောခဲ့ပြီး ပဲလေ့စ်၊ လိဒ်နဲ့ပွဲတွေမှာ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ပဲလေ့စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲတုန်းက အရန်ခုံကနေ လူစားဝင်ခဲ့သလို လိဒ်နဲ့ပွဲတုန်းကလည်း ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ တန်ဟက်ကတော့ ဆာဘစ်ဇာကို အပြီးသတ်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဂျာမန်သတင်းဌာနတစ်ခုက ဘိုင်ယန်ဟာ ယူနိုက်တက်ကို ဆာဘစ်ဇာအား နွေရာသီမှာ ခေါ်ယူချင်တယ်ဆိုရင် ပေါင် ၁၈ သန်း ပေးရမယ်လို့ ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ။

ဘိုင်ယန်ရဲ့ပေါင် ၁၈ သန်းဟာ မျှတတဲ့တန်ကြေးလို့ဆိုနိုင်ပြီး လိုက်ပ်ဇစ်ကနေ ဘိုင်ယန်ခေါ်ယူတုန်းက ပေါင် ၁၄ သန်းသာ ရှိခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်ကတော့ ဆာဘစ်ဇာဆီကနေ အကျိုးအမြတ်ရယူနိုင်ဖို့ အလိုရှိနေပြီး ယူနိုက်တက်ကို မပြောင်းခင် ၅၄ ပွဲ အထိ ပါဝင်ကစားခဲ့ပါတယ်။ ဆာဘစ်ဇာကိုယ်တိုင်ကလည်း ယူနိုက်တက်ကို အပြီးသတ်ပြောင်းရမယ်ဆိုရင်လည်း လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။

“လက်ရှိမှာတော့ အငှားပါ။ အဲ့တာပဲ ကျွန်တော်ပြောနိုင်ပါတယ်။ ကျွန်တော် ဒီမှာကစားရတာကြိုက်ပါတယ်။ ကျွန်တော် ခံစားချက်အရမ်းကောင်းသလို ဒီအသင်းကိုလည်း ကြိုက်ပါတယ်။  ပြီးတော့ အိုးထရက်ဖို့ဒ်က ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း သဘောကျပါတယ်။ နွေရာသီမှာ ဘာဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။ ဇန်နဝါရီတုန်းက အရမ်းအလုပ်များခဲ့သလို ဒီကိုလျင်လျင်မြန်မြန်ရောက်လာခဲ့ပေမယ့် ကျွန်တော်နှစ်သက်ပါတယ်”လို့ ဆာဘစ်ဇာက ပြောကြားခဲ့ပါတယ်။

ဆာဘစ်ဇာဟာ ယူနိုက်တက်အသင်းမှာ အလျင်အမြန်ပါဝင်ခွင့်ရရှိခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတစ်ချို့ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် ဆာဘစ်ဇာ