ရှေ့သို့
Image

(၃၀၀၀)ကျပ်တန် ဖုန်းငွေဖြည့်ကဒ်များစွာ ကံထူးရရှိမည့် ဘောလုံးစတားပရိုမိုရှင်း

10:49 AM, 16 February

(၃၀၀၀)ကျပ်တန် ဖုန်းငွေဖြည့်ကဒ်များစွာကို ကံထူးရယူနိုင်ဖို့ ဘောလုံးစတား ၀န်ဆောင်မှု၏ ကမ္ဘာတစ်လွှားလူကြိုက်များ နှစ်ခြိုက်ကြသည့် နိုင်ငံတစ်ကာ လိဂ်ပြိုင်ပွဲကြီးများ၏နောက်ဆုံးရ သတင်းများ၊ ပုံရိပ်များ၊ ပွဲစဉ်ဇယားများ၊ ပွဲစဉ်ရလဒ်များ၊ ပွဲပြီးသတင်းများ၊ ပွဲပြီးသုံးသပ်ချက်များ၊ ပွဲကြိုခန့်မှန်းချက်များ၊ ပြိုင်ပွဲတစ်ခုရဲ့ အကောင်းဆုံး အမှန်ဆုံးအပိုင်ပွဲ ၃ ပွဲခန့်မှန်းချက်များ စသည်တို့ကို မြန်မာဘာသာဖြင့် ဖတ်ရှု့လိုက်ပါ။
အားကစားဂျာနယ်များထက်ပိုမိုမြန်ဆန်သောသတင်းများနှင့် ကဏ္ဍအစုံအလင်ကို မြန်မာဘာသာဖြင့် အချိန်နှင့်တပြေးညီ နေ့စဉ် ၁၀၅ ကျပ် ဖြင့် ဖတ်ရှုရင်း ဆုမဲများစွာကို ကံထူး ရယူလိုက်ပါ။
ပရိုမိုရှင်းအစီအစဉ် နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ၀၉ ၄၅၅၅၀၀၄၄၀ , ၀၉ ၄၅၅၅၀၀၈၈၀ သို့ဆက်သွယ်စုံစမ်း‌မေးမြန်းနိုင်ပါသည်။
ပရိုမိုးရှင်း နှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများကို အသေးစိတ်သိရှိလိုပါက >>>
MPT ၏ စည်းကမ်းသတ်မှတ်ချက်များ - [BalloneStar Campaign]
ဤစာမျက်နှာသည် (“Campaign’) တွင်ပါဝင်ကံစမ်းသည့်အခါ သင့်အနေဖြင့်လိုက်နာရမည့်စည်းကမ်းချက်များအား ရှင်းလင်းဖော်ပြထားပါသည်။ Campaign အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (“MPT”)က ဆောင်ရွက်ပေးသော ဝန်ဆောင်မှုများမှတဆင့် ရယူနိုင်ပါသည်။ Campaignကို ဘောလုံးစတားက စီစဉ်ဆောင်ရွက်ပါသည်။ Campaign တွင်ပါဝင်ကံစမ်းခြင်းဖြင့် သင်သည် ဤစည်းကမ်းသတ်မှတ်ချက်များနှင့် ၎င်းတို့နှင့်ဆက်စပ်သည့် အခြားသော သက်ဆိုင်ရာစည်းမျဉ်းများ၊ မူဝါဒများနှင့် စည်းကမ်းချက်များ (စုပေါင်း၍ “စည်းကမ်းချက်များ” ဟု ခေါ်ဆိုရန်) ကိုဖတ်ရှုပြီး နားလည်ကြောင်းနှင့် ၎င်းတို့၏ စည်းနှောင်မှုကိုခံယူရန် သဘောတူကြောင်း သဘောဆောင်ပါ သည်။
စည်းကမ်းချက်များသည် အချိန်အခါမရွေး ပြောင်းလဲမှုရှိနိုင်ပါသည်။ ထိုကဲ့သို့သော ပြောင်းလဲမှုတစ်ခုခု ပြုလုပ်ပြီးနောက် Campaign တွင် သင်၏ဆက်လက်ပါဝင်ကံစမ်းမှုသည် ပြောင်းလဲပြီးဖြစ်သော စည်းကမ်းချက်များကို သင်က လက်ခံခြင်း ဖြစ်ပါသည်။
၁။    Campaign
၁.၁    အထက်တွင်ဖော်ပြထားသည့်အတိုင်း Campaign ကို “ဘောလုံးစတား” က အပြည့်အဝ စီစဉ်ဆောင်ရွက်ပါသည်။ Campaign တွင် MPT ၏ ပါဝင်ပတ်သက်မှု အတိုင်းအတာသည် အောက်တွင်ထပ်မံရှင်းလင်းဖော်ပြမည့် ကျသင့်ငွေကောက်ခံခြင်း (Bill) နှင့် စာရင်းပေး သုံးစွဲခြင်း (Subscription) ဆိုင်ရာလုပ်ငန်းများဖြင့် ကန့်သတ်ထားပါသည်။
၁.၂    စည်းကမ်းချက်များတွင် သင်အား အတိအလင်း အပ်နှင်းထားခြင်းမရှိသည့် အခွင့်အရေးအားလုံးကို ကျွန်ုပ်တို့က သို့မဟုတ် ကျွန်ုပ်တို့၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေးကိုင်ဆောင်သူများနှင့် အခြားသော အကြောင်းအရာပံ့ပိုးသူများက သီးသန့်ရယူထိန်း သိမ်းထားပါသည်။ သင်အနေဖြင့် စည်းကမ်းချက်များနှင့် ဥပဒေတွင် ခွင့်ပြုသည့်အတိုင်းသာ Campaign တွင် ပါဝင်ကံစမ်းနိုင်ပြီး အခြားသောအသုံးပြုခံစားမှုအားလုံးကို တင်းကျပ်စွာ တားမြစ် ထားပါသည်။
၁.၃    MPT သည် MPT ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အကြောင်းပြချက်တစ်ခုခု သို့မဟုတ် အကြောင်းပြချက်မရှိဘဲ သင်၏ Campaign သို့ ဝင်ရောက်မှု သို့မဟုတ် ပါဝင်ကံစမ်းမှုကို အကြောင်းကြားမှုနှင့် တာဝန်မရှိဘဲ အမြဲတမ်းသော်လည်းကောင်း၊ ယာယီသော်လည်းကောင်း ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် အခြားနည်းဖြင့်ခွင့်ပြုရန်ငြင်းပယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်သည့်အခါတွင် စည်းကမ်းချက်များသည် ဤတွင်ဖော်ပြထားသော ဆက်လက်တည်ရှိနေမည့်စည်းကမ်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သော အတိုင်းအတာအထိ သင်အပေါ် ဆက်လက်စည်းနှောင်မှုရှိရမည်။
၁.၄    Campaign တွင် သင်၏ ပါဝင်ကံစမ်းမှုသည် ကြိုတင်စီစဉ်ထားသောနှင့် ကြိုတင်စီစဉ်ထားခြင်းမရှိ သော ဝန်ဆောင်မှု အဆက်ပြတ်ခြင်းများပေါ် မူတည်နိုင်သည်။ Campaign ၏ အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင် ခြင်းတစ်ခုခုအတွက် MPT သည် သင့်အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို သင့်အနေဖြင့် သဘောတူပါသည်။
၁.၅    သင်၏ Campaign အသုံးပြုမှု သို့မဟုတ် အလွဲသုံးစားပြုမှု၊ သင်၏ အခြားအသုံးပြုသူများနှင့် မည် သည့်အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများအတွက်မဆို သို့မဟုတ် Campaign နှင့်စပ်လျဉ်း၍ သင်၏ အခြားဆောင်ရွက်မှု သို့မဟုတ် လိုက်နာရန်ပျက်ကွက်မှုတစ်ခုခုအတွက် MPT တွင် တာဝန် မရှိစေရ။
၂။    ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများ
            ဘောလုံးစတား သို့မဟုတ် အခြားတတိယပုဂ္ဂိုလ်တစ်ဦးဦးမှ အခြားနည်းဖြင့် တရားသဖြင့်ဆောင်ရွက်ခြင်းမှလွဲ၍ သက်ဆိုင်မှုရှိသည့်အတိုင်း ဤ Campaign နှင့်စပ်လျဉ်းသော ဆော့ဖ်ဝဲ၊ ရုပ်ပုံများ၊ စာသား၊ ဂရပ်ဖစ်များ၊ သရုပ်ဖော်မှုများ၊ လိုဂိုများ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှု အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊ အသံ၊ ဗီဒီယိုများ၊ ဂီတနှင့် အကြောင်းအရာ အပါအဝင် ၎င်းတို့ချည်းသာ မဟုတ်သော (စုပေါင်း၍ “အကြောင်းအရာ”) MPT ၏ ပိုင်ဆိုင်မှုအချက်အလက် တစ်ခုခုနှင့် ၎င်းတို့နှင့် သက်ဆိုင်သော ဉာဏပစ္စည်းအခွင့်အရေးများ အားလုံးမှာ MPT နှင့် ၎င်း၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေးကိုင်ဆောင်သူများနှင့် အခြားသော အကြောင်းအရာပံ့ပိုးသူများ၏ သီးသန့်ပစ္စည်းဖြစ်သည်။ ဤတွင် အတိအလင်း ဖော်ပြ ထားသည်မှလွဲ၍ Campaign ၏ မည်သည့်အရာကမျှ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများတစ်ခုခု တွင်ရှိသော သို့မဟုတ် ထိုအောက်တွင်ရှိသော အသုံးပြုခွင့်တစ်ခု သို့မဟုတ် အခွင့်အရေးတစ်ခု ဖန် တီးသည်ဟု မမှတ်ယူရ။ Campaign တွင် ဝင်ရောက်အသုံးပြုနိုင်သော အချက်အလက်များတစ်ခုခု သို့မဟုတ် အကြောင်းအရာတစ်ခုခုမှ ဆင့်ပွားရရှိလာသော လက်ရာများကို ရောင်းချခြင်း၊ အသုံးပြု ခွင့်ပေးခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ချီခြင်း၊ ကူးယူခြင်း၊ ဆင့်ပွားကူးယူခြင်း၊ ထုတ်လွှင့်ခြင်း၊  လူအများ မြင်သာစေရန် ပြသခြင်း၊ လူအများ မြင်သာစေရန် ဖျော်ဖြေခြင်း၊ ထုတ်ဝေခြင်း၊ သင့်လျော် သလို ပြင်ဆင်အသုံးပြုခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းများကို သင့်အနေဖြင့် မပြုလုပ် ရန် သဘောတူပါသည်။ စည်းကမ်းချက်များမှ အတိအလင်း ခွင့်ပြုမထားသော မည်သည့်ရည်ရွယ် ချက်အတွက်မဆို အကြောင်းအရာအားအသုံးပြုခြင်းကို တင်းကျပ်စွာတားမြစ်ထားပါသည်။
၃။    စာရင်းပေးသုံးစွဲခြင်း
၃.၁    Campaign ကာလသည် [၂၀၂၃ ဖေဖော်၀ါရီလ ၁၉ရက်] မှ [၂၀၂၃ မတ်လ ၃၁ရက်] အထိ (“Campaign ကာလ”) ဖြစ်ပါ သည်။
၃.၂    Campaign တွင် ပါဝင်ကံစမ်းနိုင်ရန် သင်အနေဖြင့် ဘောလုံးစတားဝန်ဆောင်မှုကို Campaign ကာလအတွင်း စာရင်းပေးသုံးစွဲရမည်။
            [တရားဝင်မှတ်ချက် -စာရင်းပေးသုံးစွဲခြင်း၏စည်းကမ်းချက်အသေးစိတ်သည် ပါဝင်ပတ်သက်သည့် ထောက်ပံ့ပေးသူများ၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဖြစ်ရမည်။]
၄။    ပါဝင်ကံစမ်းနိုင်သူများ
၄.၁    ဤ Campaign ကို အနည်ဆုံး အသက်တစ်ဆယ့်ရှစ်နှစ်(၁၈)နှစ်နှင့် အထက်ရှိပြီး (MPT SIM အသုံးပြု နေသည့်) မှတ်ပုံတင်ထားသော MPT သုံးစွဲသူများအတွက်သာ ရည်ရွယ်ပါသည်။
၄.၂    MPTနှင့်တိုက်ရိုက်ပတ်သက်သည်ဖြစ်စေ၊မပတ်သက်သည်ဖြစ်စေMPT အတွက်လုပ်ကိုင်နေသော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းများ သို့မဟုတ်MPT၏ ဝန်ထမ်းများ(မိသားစုနှင့်ဆွေမျိုးများ အပါအဝင်) Campaign တွင် ပါဝင်ကံစမ်းခွင့်မရှိပါ။
၅။        ဈေးကွက်ရှာဖွေခြင်းနှင့် အရောင်းမြှင့်တင်ခြင်း
            MPT အနေဖြင့် ကံစမ်းမဲအစီအစဉ်အတွက်လိုအပ်သော သို့မဟုတ် ၎င်းနှင့် ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်သော ကိစ္စရပ်များအတွက်လည်းကောင်း၊ လူသိများစေရန်ရည်ရွယ်ချက်များအတွက် ပါဝင် ကံစမ်းသူများ၏ဗီဒီယိုများ နှင့်/သို့မဟုတ် ရုပ်ပုံများအသုံးပြုခြင်းအပါအဝင်ဖြစ်သော်လည်း ယင်းတို့ ချည်းသာဟု ကန့်သတ်မထားသော MPT ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဈေး ကွက်ရှာဖွေရန်၊ ကြော်ငြာရန် နှင့်/သို့မဟုတ် အရောင်းမြှင့်တင်ရန်အလို့ငှာ ပါဝင်ကံစမ်းသူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံခြင်း၊ အသုံးပြုခြင်း၊ ဖွင့်ဟထုတ်ဖော်ခြင်းနှင့် ၎င်းတို့အကြား ဝေမျှခြင်းတို့ပြုလုပ်ခြင်းနှင့်MPT၏တရားဝင်ခွင့်ပြုထားသောဝန်ဆောင်မှုပေးသူများနှင့်သက်ဆိုင်ရာ တတိယပုဂ္ဂိုလ်များထံ ထိုကဲ့သို့သောကိုယ်ရေးအချက်အလက်များ ဖွင့်ဟထုတ်ဖော်ခြင်းကို ပါဝင်ကံစမ်းသူများက သဘောတူညီပြီး ခွင့်ပြုပါသည်။
၆။    တာဝန်ခံမှုမှ ကင်းလွတ်စေခြင်း
            သင်သည် MPT နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ၊ ပူးတွဲလုပ်ငန်းဆောင်ရွက်သူ၊ အေးဂျင့်များ၊ မန်နေဂျာများ နှင့် အခြားဆက်စပ်ကုမ္ပဏီများနှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ အေးဂျင့်များ၊ အရာထမ်းများ၊ ဒါရိုက်တာများအား (၁) သင်ထုတ်လွှတ်လိုက်သော သို့မဟုတ် ရရှိ သောဒေတာ သို့မဟုတ် အကြောင်းအရာတစ်ခုခုအပါအဝင် သင်၏ Campaign အား အသုံးပြုခြင်း နှင့် ဝင်ရောက်ခြင်း (၂) ဤတွင်ပါဝင်သော ကိုယ်စားပြုတင်ပြခြင်းများနှင့် အာမခံချက်များတစ်ခုခုကို ချိုးဖောက်ခြင်းအပါအဝင် ယင်းတို့ချည်းသာမဟုတ်သော စည်းကမ်းချက်များ၏ စည်းကမ်းတစ်ခုခု အား ချိုးဖောက်ခြင်း (၃) ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု အခွင့်အရေး တစ်စုံတစ်ရာ၊ လူတစ်ဦးတစ် ယောက်၏ ကျော်ကြားမှုကိုယ်ပိုင်လက္ခဏာများအား အလွဲသုံးစားပြုခြင်းကို ကာကွယ်သည့် အခွင့် အရေးများ (Publicity Rights) သို့မဟုတ်၊ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများ အပါအဝင် ၎င်းတို့ ချည်းသာမဟုတ်သော တတိယပုဂ္ဂိုလ်အခွင့်အရေးတစ်ခုခုကို သင့်အနေဖြင့် ချိုးဖောက်ခြင်း၊ (၄) သင်၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သို့မဟုတ် အခြားနိုင်ငံတစ်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်း တစ်ခုခုကိုချိုးဖောက်ခြင်း၊ (၅) Campaign မှတစ်ဆင့် သင်တင်ပြသော သို့မ ဟုတ် သင်ရရှိသော အချက်အလက်တစ်ခုခု၏ ရလဒ်တစ်ခုကြောင့် တောင်းဆိုမှု သို့မဟုတ် နစ်နာမှု တစ်စုံတစ်ရာဖြစ်ခြင်း သို့မဟုတ် (၆) သင်၏ဖုန်းနံပါတ်(စာရင်းသွင်းထားသည်ဖြစ်စေ၊ စာရင်းမသွင်း ထားသည်ဖြစ်စေ)၊ ဟန်းဆက်၊ သို့မဟုတ် အခြားသော ကိရိယာမှတဆင့် အခြားပုဂ္ဂိုလ်တစ်ဦး ဦး၏ Campaign သို့ဝင်ရောက်မှုနှင့် အသုံးပြုမှုတို့မှ ပေါ်ပေါက်လာသော တောင်းဆိုမှုများ၊ နစ်နာမှု များ၊ တာဝန်ဝတ္တရားများ၊ ဆုံးရှုံးမှုများ၊ တာဝန်ခံမှုများ၊ ကုန်ကျမှုများ သို့မဟုတ် အသုံးစရိတ် များ (ရှေ့နေ့ခများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟုကန့်သတ်မထားသော) တစ်ခုခု နှင့် အားလုံးထံမှနှင့် ၎င်းတို့ကို ဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေရန်နှင့် ထိခိုက်နစ်နာမှုမှ ကင်း လွတ်စေရန်သဘောတူပါသည်။
၇။    အာမခံချက်များ၏ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များနှင့် တာဝန်ခံမှုကန့်သတ်ချက်
၇.၁    Campaign တွင်ပါဝင်သော သို့မဟုတ် Campaign မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်)နှင့် အခြားသောဝန်ဆောင်မှုများကို ဤနေရာ၌ “ရှိသည့်အတိုင်း” နှင့် “ရှိနိုင် မည့်အတိုင်း” ရနိုင်သောစနစ်ဖြင့်ပံ့ပိုးခြင်းဖြစ်သည်။ MPT သည် Campaign လည်ပတ်ခြင်း သို့မ ဟုတ် Campaign တွင်ပါဝင်သော သို့မဟုတ် Campaign မှတဆင့် အခြားနည်းဖြင့် သင်အသုံးပြု နိုင်ရန်ပြုလုပ်ထားသော ၎င်း၏တိကျမှုအပါအဝင်သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက် အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ်  အခြားသောဝန်ဆောင်မှုများကို မည် သည့်အမျိုးအစားမဆိုဖြစ်သော အတိအလင်းဖြစ်စေ၊ တိုက်ရိုက်မဟုတ်သည်ဖြစ်စေ ကိုယ်စားပြု တင်ပြခြင်းများ သို့မဟုတ် အာမခံချက်များမပြုလုပ်ပါ။ သင်၏ Campaign အသုံးပြုမှုသည် ဖြစ်ပေါ်လာနိုင်ချေရှိသောအန္တရာယ်ကို မိမိဘာသာတာဝန်ယူသည်ဟု အတိအလင်း သဘောတူပါသည်။
၇.၂    MPT သည် Campaign အသုံးပြုခြင်း သို့မဟုတ် Campaign တွင် ပါဝင်သော သို့မဟုတ် Campaign မှတဆင့် အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန်ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသော ဝန်ဆောင်မှုများမှ ပေါ်ပေါက်လာသော မည်သည့်အမျိုးအစားမဆိုဖြစ်သည့် တိုက်ရိုက်ဖြစ်သော၊ တိုက်ရိုက်မဟုတ်သော၊ ဆက်စပ်၍ဖြစ်သော၊ ပြစ်ဒဏ်အရဖြစ်သော နှင့်/သို့မဟုတ် အကျိုးဆက် အားဖြင့်ဖြစ်သော နစ်နာမှုများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟုကန့်သတ်မထားသော နစ်နာမှုတစ်စုံ တစ်ရာအတွက် တာဝန်ခံမည်မဟုတ်ပါ။
၇.၃    သင်အနေဖြင့် Campaign သို့ ဝင်ရောက်ကံစမ်းရာတွင်မည်သည့်အကြောင်းအရင်းကြောင့်ဖြစ်စေ၊ Campaign နှင့်ဆက်စပ်၍ တိုက်ရိုက်ဖြစ်စေ၊ အကျိုးဆက်အရဖြစ်စေ ဖြစ်ပေါ်လာသော မည်သည့် သဘောသဘာဝ သို့မဟုတ် အမျိုးအစားမဆိုရှိသည့် ဆုံးရှုံးမှု၊ ထိခိုက်အနာတရဖြစ်မှု၊ ထိခိုက်မှု သို့မဟုတ် ပေးရန်တာဝန်ရှိမှုနှင့် အကျိုးဆက်များ တစ်ခုခုနှင့် အားလုံးမှ သော်လည်းကောင်း၊ MPT ကိုထိုသို့ဖြစ်နိုင်ခြေအား အသိပေးပြီးသည့်တိုင်  Campaign တွင် ပါဝင်ကံစမ်းစဉ်အတွင်း သို့မဟုတ် ကံထူးဆုအား အသုံးပြုခံစားခြင်းမှ ပေါ်ပေါက်လာသော သို့မဟုတ် ၎င်းနှင့်ဆက်စပ်သော မည်သည့် ပုဂ္ဂိုလ်များအပေါ်မဆို ထိခိုက်အနာတရဖြစ်မှုတစ်ရပ်ရပ် သို့မဟုတ် ပိုင်ဆိုင်မှုတစ်ရပ်ရပ်အပေါ် ဖြစ် ပေါ်လာသည့်ထိခိုက်မှုတစ်ရပ်ရပ်အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု မကန့်သတ်လျက် ၎င်းတို့မှသော်လည်းကောင်း ပေါ်ပေါက်လာသောနှင့် ၎င်းတို့ကိုအကြောင်းပြုသော တောင်းခံမှု များ၊ တောင်းဆိုမှုများ၊ အခွင့်အရေးများ၊ တရားစွဲဆိုရန် အကြောင်းတို့မှ MPT အားကင်းလွတ်စေရန်နှင့် ရာသက်ပန် လွတ်ငြိမ်းစေရန် သဘောတူညီပါသည်။
၇.၄    သက်ဆိုင်ရာဥပဒေများမှ ခွင့်ပြုနိုင်သည့် အများဆုံးအတိုင်းအတာအလျောက် MPT သည် ရည်ရွယ် ချက်တစ်ခုအတွက် ကုန်သွယ်မှုနှင့် ရောင်းချနိုင်စွမ်း၏ တိုက်ရိုက်မဟုတ်သော အာမခံချက်များ အပါအဝင်ဖြစ်သော်လည်းယင်းတို့ချည်းသာဟုကန့်သတ်မထားသောအတိအလင်းဖော်ပြထားသည့် သို့မဟုတ် တိုက်ရိုက် မဟုတ်သည့် အာမခံချက်များအားလုံးကို မသက်ဆိုင်ကြောင်း ငြင်းဆိုပါသည်။
၇.၅    Campaign တွင်ပါဝင်သော သို့မဟုတ် Campaign မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများတွင် MPT ဆာဗာများ သို့မဟုတ် MPT မှ ပို့သောအီလက်ထရောက်နစ် ဆက်သွယ်မှုများသည် ဗိုင်းရပ်များ သို့မဟုတ် အခြားသော အန္တရာယ်ရှိသည့် အစိတ်အပိုင်းများမှ ကင်းလွတ်ပါသည်ဟု MPT က အာမခံခြင်း မပြုပါ။
၈။    တတိယပုဂ္ဂိုလ်၏ အကြောင်းအရာ
            Campaign တွင် ဘောလုံးစတား အပါအဝင် တတိယပုဂ္ဂိုလ်များမှ ရရှိသော သို့မဟုတ် ၎င်းတို့က ပံ့ပိုးပေး ထားသောအကြောင်းအရာ(“တတိယပုဂ္ဂိုလ်၏ အကြောင်းအရာ”)တို့ ပါဝင်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါတတိယပုဂ္ဂိုလ်၏အကြောင်းအရာ သို့မဟုတ် တတိယပုဂ္ဂိုလ်၏အကြောင်းအရာနှင့်ဆက်စပ်သော ချိတ်ဆက်ထားသည့် ဝက်ဘ်ဆိုဒ်တစ်ခုခုအတွက် MPTတွင် တာဝန်ရှိမည်မဟုတ်ပါ။ တတိယပုဂ္ဂိုလ်များ၏ သတင်းအချက်အလက်၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများတစ်ခုခုအား ရည်ညွှန်းချက်သည် MPT က ထောက်ခံမှု၊ ကမကထပြုမှု သို့မဟုတ် အကြံပြုမှု မဟုတ်ပါ သို့မဟုတ် ထိုသို့သွယ်ဝိုက်ဆိုလိုခြင်းမဟုတ်ပါ။
၉။    အထွေထွေ
၉.၁    တတိယပုဂ္ဂိုလ်တစ်ဦးဦး၏ စည်းကမ်းသတ်မှတ်ချက်များသည် သက်ဆိုင်မှုရှိလျှင် ကံထူးဆုများ အပေါ် သက်ရောက်မှုရှိပါမည်။
၉.၂    စည်းကမ်းချက်များသည် http://mpt.com.mm/mm/about-home/terms-conditions-mm/ တွင် ဖတ်ရှုနိုင်သည့် MPT ၏ အထွေထွေစည်းကမ်းသတ်မှတ်ချက်များ (“GTC”) အရဖြစ်ရပါမည်။ ဤစည်းကမ်းချက်၏ စည်းကမ်းများနှင့် GTC အကြား ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ဤစည်းကမ်းချက်များ၏ စည်းကမ်းများက လွှမ်းမိုးရမည်။
၉.၃    စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ နှင့် တရားရုံး သို့မ ဟုတ် စီရင်ပိုင်ခွင့်ရှိသော အဖွဲ့တစ်ခုမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ အမိန့် ကြော်ငြာစာ၊ ညွှန်ကြား ချက် သို့မဟုတ် လမ်းညွှန်ချက် တစ်ခုခုအရဖြစ်ရပါမည်။
၉.၄    အကယ်၍ စည်းကမ်းချက်များ သို့မဟုတ် ၎င်းအကျုံးဝင်မှု၏ စည်းကမ်းများ ပဋိညာဉ်ပြုချက်၊ ပြဋ္ဌာန်း ချက်တစ်ခုခုအား တရားရုံးတစ်ခုခု သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသောအဖွဲ့တစ်ခုခု သို့မဟုတ် ထို အကြောင်းအရာ နှင့်စပ်လျဉ်း၍ ဥပဒေတစ်ရပ်ရပ်မှ ဥပဒေနှင့် မကိုက်ညီခြင်း၊ တရားမဝင်ဖြစ်ခြင်း သို့မဟုတ် အာဏာမသက်ရောက်နိုင်ခြင်းအဖြစ်သတ်မှတ်ခဲ့ပါက စည်းကမ်းချက်များ၏ ကျန်ရှိသော အပိုင်း သို့မဟုတ် အဆိုပါ စည်းကမ်းများ၊ ပဋိညာဉ်ပြုချက် သို့မဟုတ် ပြဋ္ဌာန်းချက်၏ (တရားမဝင် ဖြစ်ကြောင်း သို့မဟုတ် အာဏာသက်ရောက်မှုမရှိကြောင်း သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များမှအပ) ပုဂ္ဂိုလ်တစ်ဦးဦးနှင့် သက်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိစေရဘဲ စည်းကမ်းချက်များ၏ ပြဋ္ဌာန်းချက် တစ်ရပ်စီသည် ဥပဒေအရခွင့်ပြုထားသော အများဆုံး အတိုင်းအတာအထိ တရားဝင်ဖြစ်ပြီး အာဏာ သက်ရောက်မှု ဆက်လက်ရှိရမည်။

ဘောလုံးစတား အစီအစဉ်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ
၁။    ပါဝင်ကံစမ်းရမည့်နည်းလမ်း
Campaign ကာလသည် ၂၀၂၃ ဖေဖော်၀ါရီလ ၁၉ရက်နေ့မှ ၂၀၂၃ မတ်လ ၃၁ရက်နေ့ အထိ ဖြစ်ပါသည်။ အသုံးပြုသူသည် ဘောလုံးစတားဝန်ဆောင်မှုကို MPTဖုန်းနံပတ်များအသုံးပြု၍ ဝန်ဆောင်မှုရယူထားရမည်။ မှတ်ပုံတင်ထားသော MPTအသုံးပြုသူများ (MPT ဆင်းမ်ကဒ်အသုံးပြုသူ) မြန်မာနိုင်ငံသားများနှင့် ဘောလုံးစတား ဝန်ဆောင်မှုကို ရယူထားသောသူများသည် ဤအထူးအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ အသုံးပြုသည် ဝန်ဆောင်မှုကို Campaign ကာလအတွင်း အနည်းဆုံး တစ်ကြိမ် အောင်အောင်မြင်မြင် ပေးဆောင်အသုံးပြုထားသူဖြစ်ရမည်။
၂။    ချီးမြှင့်မည့်ကံထူးဆု (များ)
Campaign ကာလ (၂၀၂၃ ဖေဖော်၀ါရီလ ၁၉ရက်နေ့မှ ၂၀၂၃ မတ်လ ၃၁ရက်နေ့အထိ) အတွက် ၃၀၀၀ ကျပ်တန် MPT top-up ကဒ် ၃၀ တို့ဖြစ်သည်။
၃။    ကံထူးရှင်ရွေးချယ်ခြင်း
            ကံထူးရှင်အား ဆုရွေးချယ်မည့်ရက် - ၂၀၂၃ ဧပြီလ ၅ ရက်
၄။    ကံထူးရှင်အား ကံထူးဆုချီးမြှင့်ခြင်း
ဆုရရှိသူများကို ဖုန်းဖြင့်သော်လည်းကောင်း sms ဖြင့်သော်လည်းကောင်း ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။   
ဆုရရှိသူများကို (၂၀၂၃ ဧပြီလ ၁၀ ရက်) နေ့တွင် ကံထူးဆုကိုချီးမြှင့်သွားမည်ဖြစ်သည်။
၅။    ကံထူးဆု(များ) အသုံးပြုခံစားခြင်း
၅.၁    ကံထူးဆုများအားလုံးအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မ ဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်၍မရပါ။
၅.၂    အတည်ပြုပြီးဖြစ်သောကံထူးရှင်များအားလုံးတွင်လိုအပ်သောစာရွက်စာတမ်းအားလုံးနှင့် အမျိုးသားမှတ်ပုံတင်ကဒ်ပြားရှိရမည်။
၆။    ကံထူးရှင်အား စည်းကမ်းသတ်မှတ်ချက်များနှင့်မကိုက်ညီကြောင်း ဆုံးဖြတ်ခြင်း
၆.၁    အကြောင်းအရာပံ့ပိုးသူ၏အမည်သည် ပါဝင်ကံစမ်းသူတစ်ဦးအား ကြိုတင်၍ အကြောင်းမကြားဘဲ သို့မဟုတ် အကြောင်းပြချက်တစ်ခုခုပေးရန်မလိုအပ်ဘဲ ပုံမှန် မဟုတ်သော သို့မဟုတ် သံသယဖြစ်ဖွယ် ဆောင်ရွက်မှုတစ်ခုခု ဆောင်ရွက်နေကြောင်း သို့မဟုတ် ၎င်းနှင့် ဆက်စပ်မှုရှိကြောင်း သံသယရှိပါက ထိုပါဝင်ကံစမ်းသူ အား စည်းကမ်းသတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

#အယ်ဒီတာအကြိုက်