ရှေ့သို့
Image

ဒီကလန်ရိုက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ယူနိုက်တက်ကို သတိပေးလိုက်တဲ့ ဘာဘာတော့ဗ်

10:21 AM, 16 February

ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန်ရိုက်စ်ကို နွေရာသီအပြောင်းအရွှေ့မှာ သူ့ရဲ့အသင်းဟောင်း ယူနိုက်တက်အသင်းမှ ခေါ်ယူရန်အတွက် ဘာဘာတော့ဗ်က သတိပေးပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ဝက်စ်ဟမ်း အသင်းက စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိဘဲ ရာသီကုန်တွင် ရောင်းချဖို့အတွက် မျှော်လင့်နေကြောင်းသတင်းများအရသိရှိရပါတယ်။ အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းနှင့်အပြိုင် ဒီကလန်ရိုက်စ်ကို နွေရာသီအပြောင်းအရွှေ့မှာ ထိပ်တန်းပစ်မှတ်အဖြစ် ပြီးခဲ့တဲ့နောက်ဆုံးနွေရာသီ အပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၁၀၀နှင့်ကမ်းလှမ်းခဲ့ပြီး နောက်ထပ် ထပ်မံ ကမ်းလှမ်းလာနိုင်ကြောင်းလည်း သိရှိရပါတယ်။

ဒီကလန်ရိုက်စ်ဟာ ဗြိတိန်အပြောင်းအရွှေ့စံချိန်ကို ချိုးဖျက်ရုံသာမက ပေးရတဲ့ဈေးနဲ့တန်တဲ့ ကစားသမား ဖြစ်ကြောင်း ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုရက်စ်က အခိုင်အမာဆိုထားတာကြောင့် အဆိုပါကစားသမားကို ခေါ်ယူချင်တဲ့အသင်းတွေ အတွက် ငွေကြေးအနည်းငယ်ကုန်ကျဖွယ်ရှိနေပါတယ်။

အင်္ဂလန်ကွင်းလယ်လူကို ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး "ဒါတွေအားလုံးက မန်နေဂျာ လိုချင်တနဲ့ သူ့ခေါင်းထဲမှာ အသင်းကို ဘယ်လိုမြင်လဲဆိုတာပါပဲ။ ဒီကလန်ရိုက်စ်နဲ့ ကတ်စမဲရိုးဟာ တူညီတဲ့နေရာတစ်ခုတည်းမှာ ကစားကြပေမယ့် အဓိက ကွာခြားချက်ကတော့ သူတိုထဲက တစ်ယောက်က အသက် ၂၄ နှစ်ဖြစ်ပြီး နောက်တစ်ယောက်က အသက် ၃၀ ပါ။ တစ်ယောက်က သူရဲ့ ကစားသမားဘဝ ကုန်ဆုံးဖို ဖြည်းဖြည်းချင်း သွားနေပြီး နောက်တစ်ယောက်က လူငယ်ဖြစ်ပေမယ့် ထိပ်တန်းကစားသမားတစ်ယောက်ရဲ့ အရည်အသွေးနဲ့ ဘောလုံးကစားနေတာဖြစ်ပါတယ်"

"ဒီကလန်ရိုက်စ်ကို လိုချင်နေတဲ့ အသင်းတွေများနေမှာ သေချာပါတယ်။ အသင်းသစ်မှာကစားသမား အနေနဲ့ လိုချင်တာက ပွဲထွက်ကစားခွင့်ရဖို ကတိပါပဲ။ တကယ်လို့ သူ မန်ချက်စတာယူနိုက်တက်ကို သွားခဲ့ရင် သူ ကစားချင်နေမှာပါ။ အရန်ခုံမှာ ထိုင်နေချင်မှာ မဟုတ်ပါဘူး။ ကတ်စမဲရိုးရဲ့အရန်အနေနဲ့ပဲထားမယ်ဆိုရင် သူယူနိုက်တက်ကို မလာနိုင်ပါဘူး။ ယူနိုက်တက်ကလည်း ရီးရဲလ်မက်ဒရစ်ကနေ ကတ်စမဲရိုးကို ဝယ်ပြီး ဒီကလန်ရိုက်ကို ထပ်ဝယ်ရင်ထူးဆန်းနေမှာပါ။ တစ်ခုတည်းသော ရွေးချယ်ခွင့်က သူတိုကိုတစ်ချိန်တည်း ပွဲထွက်ခွင့်ပေးကစားရမှာပါ။ ဒါပေမယ့် အဲဒါကို လုပ်ရင် ကွင်းထဲမှာ ပိုအဆင့်မြင့်တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ကို စတေးရလိမ့်မယ်" ဟု ဘာဘာတော့ဗ်က ပြောကြားခဲ့ပါတယ်။
#မန်ချက်စတာယူနိုက်တက် #ဝက်စ်ဟမ်း #အပြောင်းအရွှေ့ #ကလန် ရိုက်စ် #ဘာဘာတော့ဗ်