ပထမဆုံး YouTube ဗီဒီယိုမှာပင် ကြည့်ရှုသူ ၁ သန်း အထိရရှိခဲ့တဲ့ ရော်နယ်ဒင်ဟို
10:16 AM, 16 February
ကင်ကာဒါရှိယန်ရဲ့ Paper မဂ္ဂဇင်းအတွက် ရိုက်ကူးရေး ဗီဒီယိုဟာ အင်တာနက်မှာ စံချိန်ချိုးမယ်လို့ ထင်ခဲ့ရသော်လည်း ရော်နယ်ဒင်ဟိုကတော့ အကောင်းဆုံး ဖျော်ဖြေသူဖြစ်ခဲ့ပါတယ်။
Nike ဟာ ကုမ္ပဏီရဲ့ အဖြူရောင်နှင့် ရွှေရောင် Nike Tiempo ဖိနပ်အသစ်ကို ကြော်ငြာရန် ရော်နယ်ဒိုဒီအက်စစ်မိုရီယာ(ရော်နယ်ဒင်ဟို)ကို ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ ၃ မိနစ်စာ ဗီဒီယိုထဲမှာ ရော်နယ်ဒင်ဟိုဟာ ဘောလုံးကစားပြခဲ့တာဖြစ်ပြီး အဆိုပါဗီဒီယိုအတွက် ငြင်းခုံမှုတွေ ရှိနေသော်လည်း အရမ်းကိုကောင်းတဲ့ အချိန်တစ်ခုဖြစ်ခဲ့တာပါ။
လွန်ခဲ့တဲ့ ၁၈ နှစ်က ထုတ်လွှင့်ခဲ့တဲ့ အဆိုပါ ကြော်ငြာဟာ YouTube မှာ ကြည့်ရှုသူ ၁ သန်း ရရှိခဲ့တဲ့ ပထမဆုံး ဗီဒီယိုဖြစ်လာခဲ့ကာ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနှင့် အခြားဆိုရှယ်မီဒီယာများ မရှိခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ ပြန်စဉ်းစားရမယ်ဆိုရင် အကြီးမားဆုံး အောင်မြင်မှုဖြစ်ခဲ့တယ်လို့ ယူဆလို့ရပါတယ်။ ၁၀ နှစ်ကြာပြီးနောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် Nikeဟာ အဆိုပါ ဗီဒီယိုကို ပြန်လည်ပြသခဲ့ပြီး လက်ရှိမှာ ကြည့်ရှုသူ ၈ သန်းကျော် ရှိနေတဲ့ ကြော်ညာဖြစ်နေပါတယ်။
ဘော်လွန်းဒီအော်ဆုရှင်ဟာ Nike ရဲ့နောက်ထပ် ကြော်ငြာတစ်ခုတွင် ပါဝင်ခဲ့ပြီး သူဟာ Awaken the Phantom ဗီဒီယိုတွင် ပါဝင်ခဲ့တဲ့ နာမည်ကြီးတွေထဲက တစ်ဦးဖြစ်ခဲ့ကာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ကမ္ဘာ့ဖလား GOAT experiment မှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဗီဒီယိုက အရမ်းကိုကောင်းမွန်ခဲ့ပြီး မန်စီးတီတောင်ပံကစားသမား မာရက်ဇ်က ၂၀၂၁ ခုနှစ်က အဲဗာတန်နှင့်ပွဲမှာ အဲ့ဒီအတိုင်း ပြန်လည်လုပ်ပြခဲ့တာဖြစ်ပါတယ်။ မန်စီးတီးက ၂-၀ ဂိုးဖြင့် ဦးဆောင်နေတဲ့အချိန် မာရက်ဇ်က အဲဗာတန်အသင်းရဲ့ ဂိုးဧရိယာအပြင်ကနေ ဘောလုံးကို ဆွဲယူလာခဲ့ပြီး ဂိုးပေါက်သို လှလှပပ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
ကန်ချက်က ဂိုးမဝင်ဘဲနဲ့ ဂိုးဘားတန်းကို ထိသွားခဲ့ကာ မာရက်ဇ်ထံသို့ ဘောလုံးပြန်ရောက်သွားပြီး နောက်တစ်ကြိမ် ပြန်ကန်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်တွင် ဘောလုံးသမားဘဝကနေ တရားဝင် အနားယူခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ပရဟိတပွဲများတွင် ဘောလုံးကစားခဲ့ကာ သားဖြစ်သူ ဂျာအိုမန်ဒက်စ်ကတော့ ဘာစီလိုနာနှင့် စာချုပ် ချုပ်ဆိုပြီးနောက် သူ့ရဲ့အမွေ့ကို ဆက်ခံမှာဖြစ်ကြောင်း မကြာသေးခင်က ပြောကြားထားတာဖြစ်ပါတယ်။
"အခု သူကလာနေပါပြီ။ ကျွန်တော်က ကလပ်နှင့် ဝေးကွာသွားခြင်း မရှိပါဘူး။ ဘာစီလိုနာဆိုတာက ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဘယ်သွားသွား ဘာစီလိုနာက ကျွန်တော်နဲ့ အတူရှိနေတာပါ။ ကျွန်တော့်သားက ဘာစီလိုနာကို ရောက်တာနဲ့ ကျွန်တော်ဟာ အရင်ကထက်ပိုပြီးရှိနေမှာပါ"လို့ သူက RAC1 သို့ ပြောထားပါတယ်။