ရှေ့သို့
Image

ဗီလာနဲ့ ပွဲမတိုင်ခင် ဂျရတ်ကို အသုံးမကျတဲ့ပြောကြားချက်တွေနဲ့ ဝေဖန်မိခဲ့တဲ့အတွက် ဂွါဒီယိုလာ တောင်းပန်

10:29 AM, 15 February

သောကြာနေ့က ဗီလာအသင်းနဲ့ ပွဲမတိုင်ခင် မန်စီးတီးနည်းပြ ဂွါဒီယိုလာတစ်ယောက် အသုံးမကျတဲ့ ကွန်းမန့်တွေနဲ့ ဝေဖန်ခဲ့တဲ့အတွက်  ပြန်လည်တောင်းပန်လိုက်ပါတယ်။ မန်စီးတီးနည်းပြက ဂျရတ်တစ်ယောက် ချဲလ်ဆီးအသင်းနဲ့ ပွဲမှာ ဖြစ်ခဲ့တဲ့အမှားကြောင့် စီးတီးချန်ပီယံဖြစ်ခဲ့တာလို့ ပြောကြားချက်ကို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

“အန်ဖီးလ်မှာ ကစားခဲ့တဲ့ပွဲမှာ ဂျရတ်တစ်ယောက် ခြေချော်ခဲ့တဲ့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိလားဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော် ဂျရတ်ကို မလေးစားသလိုမလုပ်ချင်ပါဘူး။ ဒါပေမယ့် အဲ့တာက ကျွန်တော်တို့ အမှားလား။ ၂၀၁၄ ချန်ပီယံ ကျွန်တော်တို့နဲ့ သက်ဆိုင်တာပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းနဲ့ ပွဲမတိုင်ခင် ဘာစီလိုနာနည်းပြဟောင်းက ဂျရတ်ကို ပုဂ္ဂိုလ်ရေးအရ ဖုန်းခေါ်ပြီး စကားလုံးတွေ အတွက် တောင်းပန်ခဲ့ပါတယ်။

“ကျွန်တော် ပြီးခဲ့တဲ့အကြိမ်တုန်းက သူ့အကြောင်းကို အသုံးမကျတဲ့ ပြောကြားချက်တွေနဲ့ ဝေဖန်ခဲ့မိလို့ ကျွန်တော် တောင်းပန်ပါတယ်။ သူကစားသမားဘ၀ ကလပ်အသင်းအတွက်ကော နိုင်ငံအသင်းအတွက်ပါ ဘာတွေလုပ်လဲဆိုတာ မြင်နိုင်သလို သူ့ကို ကျွန်တော် အားကျရတယ်ဆိုတာ သူသိပါတယ်။ ဒီလိုပြောမိတဲ့အတွက် ကျွန်တော်ကိုယ့်ကိုကိုလည်း ရှက်မိပါတယ်။ ဘာလို့လဲဆိုတော့ ဂျရတ်က အခုစကားလုံးတွေနဲ့ မထိုက်တန်လို့ပါ။ ကျွန်တော် အခုလိုပြောခဲ့ရတာကလည်း အသင်းဘက်ကို ကာကွယ်ပြောကြားခဲ့တာပါ။ အခုလိုပြောခဲ့တာတွေအတွက်လည်း ဂျရတ်ကို သီးသန့်တောင်းပန်ပြီးပါပြီ”လို့ စပိန်သားက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နဲ့ ပွဲကို ဗီလာအသင်းနဲ့ ပွဲမှာ လူစားလဲခံခဲ့ရတဲ့ တိုက်စစ်မှူး ဟာလန်းတစ်ယောက် ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။

#မန်စီးတီး #အက်စတွန်ဗီလာ #စတီဗင်ဂျရတ် #ပရီးမီးယားလိဂ်