ရှေ့သို့
Image

အာဆင်နယ်အသင်းနှင့် ရင်ဆိုင်ရမည့်ပွဲ အတွက် အသင့်ဖြစ်နေကြောင်းပြောလိုက်တဲ့ ရိုဒရီ

11:36 AM, 14 February

မန်စီးတီးကွင်းလယ်လူ ရိုဒရီသည်  သူ၏ပြင်းထန်သောစွမ်းဆောင်ရည်ဖြင့် မန်စီးတီးအသင်းအားခက်ခဲသော အခြေအနေအတွင်းမှ ပြန်လည် ရုန်းထွက်နိုင်ရန် ကူညီခဲ့ပြီးနောက် အာဆင်နယ်နှင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေကြောင်းပြောကြားခဲ့ပါတယ်။

မန်စီးတီးသည် ပြီးခဲ့သည့် တနင်္လာနေ့တွင် ပရီးမီးယားလိဂ်၏ ဘဏ္ဍာရေး တရားမျှတသော ကစားနည်း စည်းမျဉ်းများကို ချိုးဖောက်မှု အများအပြားဖြင့် စွဲချက်တင်ခံရခြင်း ခံခဲ့ရပါတယ်။ တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သော ၎င်း၏ကစားသမားများကြောင့် နည်းပြဂွာဒီယိုလာသည် အားရဝမ်းသာစွာဖြင့် အောင်ပွဲခံခဲ့ကြောင်း သိရပါတယ်။

အဆိုပါနိုင်ပွဲရလဒ်သည် ပြီးခဲ့သည့်အပတ်က တော့တင်ဟမ်အသင်းအား ရှူံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးကို အမှတ်ပေးဇယားထိပ်တွင် သုံးမှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်သည့် အာဆင်နယ်အသင်းကို အနီးကပ်ဖိအားပေးနိုင်ခဲ့ကြောင်းသိရပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ ယခုလာမည့်ဗုဒ္ဓဟူးနေ့မှာ အမ်းမရိတ်စ်ကွင်းမှာ အာဆင်နယ်အသင်းကို အနိုင်ကစားပြီး အာဆင်နယ်အသင်းသိမ်းပိုက်ထားတဲ့ အမှတ်ပေးဇယားထိပ်နေရာကို ရယူဖို့မျှော်လင့်ထားကြောင်းသိရှိရပါတယ်။

အက်စတွန်ဗီလာနှင့်ပွဲစဉ်အစ လေးမိနစ်အကြာတွင် အဖွင့်ဂိုးသွင်းယူခဲ့သော ကွင်းလယ်ကစားသမား ရိုဒရီက “ကျွန်တော်တို ဇယားထိပ်မှာ ရပ်တည်နိုင်ဖို့ ကြီးမားတဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဒါကို အသုံးမချနိုင်ခဲ့တာတွေရှိခဲ့ပါတယ်၊ အဲ့တာကိုပြန်တွေးဖို့မလိုပါဘူး။ လာမယ့်ပွဲစဉ်က ခက်ခဲတဲ့ပွဲဖြစ်ပေမယ့်ကျွန်တော်တို့က သူတိုထက် ပိုကောင်းတဲ့ အသင်းဖြစ်နိုင်ပါတယ်။ သူတို့က အခုထက်ထိကောင်းနေပေမယ့် ငါတို့က ကိုယ့်ကိုကိုယ် အကောင်းဆုံးတွေပေးဖို အမ်းမရိတ်ကို သွားမယ်”ဟုပြောကြားခဲ့ပါတယ်။

စိတ်အားထက်သန်နေသောပရိတ်သတ်များ၏အားပေးမှုကြောင့် မန်စီးတီးအသင်းသည် ဗီလာနှင့်ပွဲအစကတည်းက လွှမ်းမိုးနိုင်ခဲ့ပြီး ၃၉ မိနစ်အကြာတွင် ဟာလန်း၏ပေးပို့မှုကိုဂန်ဒိုဂန်က မန်စီးတီးအတွက် ဒုတိယဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအတွက် တတိယဂိုးကိုတော့ မဟာဇ်က ပင်နယ်တီကနေတဆင့် သွင်းယူနိုင်ခဲ့ပြီးပထမပိုင်းမှာ ၃-၀ နှင့်ပြီးဆုံးသွားခဲ့ပါတယ်။

ရိုဒရီက “ပထမမိနစ်ကတည်းက ကျွန်တော်တို့ ဘယ်လောက်ကောင်းတယ်ဆိုတာကို ပြသခဲ့ပါတယ်။ အစကတည်းက ကျွန်တော်တို့က နည်းဗျူဟာနည်းနည်းပြောင်းပေမယ့် အသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကမယုံနိုင်စရာပါပဲ။ “ကျွန်တော်တို့ ၂ ဂိုး ၃ ဂိုးထက်ပိုပြီး သွင်းနိုင်ဖို့အခွင့်အရေးတွေ ရှိခဲ့တယ်။ သွင်းဂိုးတွေကြောင့် ပျော်ရွှင်နေပြီး ပထမပိုင်းမှာ အံ့အားသင့်ဖွယ်ကောင်းအောင် လုပ်နိုင်ခဲ့လိုပါပဲ။ “ဒုတိယပိုင်းကို ကျွန်တော်တို့ နည်းနည်းထိန်းချုပ်နိုင်ခဲ့ပေမယ့် ရှေ့တစ်လှမ်းတိုးဖို့ တခါတရံမှာ လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကိုရွေးချယ်ခဲ့ပါတယ်။ အရင်ပွဲရှူံးနိမ့်ပြီးနောက် ဒီလိုမျိုး ပြန်လာရတာ အရမ်းကောင်းပါတယ်”ဟုပြောကြားခဲ့ပါတယ်။

ရိုဒရီက သူတိုရဲ့ ပရိသတ်တွေကို “သူတို့ဒီလိုအားပေးမှုတွေက ကျွန်တော်တို့ကို လုပ်နိုင်တာထက်ပိုလုပ်ဖြစ်အောင် စွမ်းအားတွေ ပေးတယ်။ သူတို့ကို ကျွန်တော်တို့ ချစ်ကြပြီး တစ်ခါတစ်ရံမှာ သူတို့ရဲ့အားပေးမှုတွေက ကွင်းထဲမှာ တကယ်ခံစားရတာကြောင့် ဒီလိုပြုမူဖို့ လိုအပ်ပါတယ်”ဟု ပရိတ်သတ်များကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

မန်စီးတီးအတွက် အားနည်းချက်မှာ တိုက်စစ်မှူး ဟာလန်း ဒဏ်ရာရရှိသွားတာပဲဖြစ်ပါတယ်။ ဂွာဒီယိုလာက မပြင်းထန်ဘူးလို့ မျှော်လင့်ထားပေမယ့် ဗုဒ္ဓဟူးနေ့ရဲ့ အာဆင်နယ်နှင့်ပွဲမတိုင်ခင်မှာ် နော်ဝေကစားသမားကို သုံးသင့်/မသင့်ဆုံးဖြတ်မှာဖြစ်ပါတယ်။ အက်စတွန်ဗီလာသည် နည်းပြသစ် အူနိုင်းအမ်မရီ လက်ထက်တွင် ၎င်းတို၏ ဒုတိယမြောက် ရှူံးပွဲနှင့် ပထမဆုံး အဝေးကွင်း ရလဒ်နှင့်ပတ်သက်၍ စိတ်ပျက်ညည်းညူခြင်း မရှိခဲ့ကြောင်းလည်းသိရှိရပါတယ်။

#မန်စီးတီး #ရိုဒရီ #အာဆင်နယ် #ပရီးမီးယားလိဂ်