ရှေ့သို့
Image

မက်ဒီဆင်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်တဲ့ ဘရန်ဒန်ရော်ဂျာ

10:37 AM, 14 February

လက်စတာနည်းပြ ရော်ဂျာက မိမိတို့အနေနဲ့ မက်ဒီဆင်ကို နယူးကာဆယ်နဲ့ အာဆင်နယ်တို့ စိတ်ဝင်စားနေတာနဲ့ ပတ်သက်ပြီး ဘာမှမလုပ်နိုင်ဘူးလို့ ယုံကြည်နေပါတယ်။

အင်္ဂလန်သားကို ပြီးခဲ့တဲ့နွေရာသီတုန်းက နယူးကာဆယ်ကမ်းလှမ်းခဲ့ပေမယ့် မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မက်ဒီဆင်တစ်ယောက်  လက်စတာမှာပဲဆက်နေခဲ့ရပြီး အခုရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ကာ ၁၃ ပွဲမှာ ၇ ဂိုးသွင်း ၊ ၄ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ အဆိုပါစွမ်းဆောင်ရည်တွေကြောင့် အင်္ဂလန်အသင်းရဲ့ အပြီးသတ်လူစာရင်းမှာ ခေါ်ယူခြင်းခံခဲ့ရပြီး ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒူးဒဏ်ရာကြောင့် ဘောက်ဆင်ဒေးမှာ နယူးကာဆယ်ကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့သလို ဘရိုက်တန်ကို ၂-၂ သရေကျခဲ့တဲ့ပွဲကိုလည်း ထပ်မံလွဲချော်ခဲ့ပါတယ်။ နောဝစ်ချ်စတားဟောင်းဟာ အက်စ်တွန်ဗီလာနဲ့ တော့တင်ဟမ်တို့ပွဲမှသာ ပြန်လည်ပါဝင်နိုင်ခဲ့ပြီး ၁ ပွဲကို  ၁ ဂိုးစီ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့်  မက်ဒီဆင်ကို အာဆင်နယ်နဲ့ နယူးကာဆယ်တို့က စိတ်ဝင်စားနေပြီး စာချုပ်သက်တမ်းကလည်း ၁၂ လသာ ကျန်တော့တာဖြစ်ပါတယ်။

တော့တင်ဟမ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ရော်ဂျာက မက်ဒီဆင်အခြေအနေနဲ့ပတ်သက်ပြီး “ဒီမှာ သူဘယ်လောက်အထိ အကျိုးပြုနေလဲဆိုတာ ကျွန်တော် မြင်ရပါတယ်။ သူလည်း သူ့အကြောင်းနဲ့သူပါ။ ကစားသမားဘဝနောက်တစ်ဆင့် တက်လှမ်းချင်နေမှာပါ။ အသင်းဘက်က ဘာမှမတတ်နိုင်ပါဘူး။ သူက ထိပ်တန်းအဆင့်အတန်းမှာ ကစားချင်တဲ့ ကစားသမားမျိုးပါ။ ပြီးတော့ သူက ထိပ်တန်းကစားသမားတစ်ဦးပါ။ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး သူပဲ ဆုံးဖြတ်မှာပါ”လို့ ရော်ဂျာက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #နယူးကာဆယ် #လက်စတာ #ရော်ဂျာ #ပရီးမီးယားလိဂ်