ရှေ့သို့
Image

လီဗာပူး ကစားသမားဘ၀ ပထမဆုံး သွင်းဂိုး ရယူပြီးနောက် ခံစားချက်ကို ရင်ဖွင့်လာတဲ့ ဂတ်ပို

10:02 AM, 14 February

မနေ့ညပိုင်း၊ မာဆေးဆိုဒ်ဒါဘီပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူး ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ပြီးနောက် တိုက်စစ်မှူးဂတ်ပိုက သူ့ရဲ့ခံစားချက်ကို မျှဝေလာခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ ပထမပိုင်း ပွဲချိန်အတွင်း မိုဆာလက်က အဖွင့်ဂိုးကို သွင်းယူပြီးနောက် ဒုတိယပိုင်းပွဲချိန်အစမှာပဲ ဂတ်ပိုက အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး သူ့ရဲ့လီဗာပူးကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူခဲ့ပါတယ်။

ဂတ်ပိုက အန်ဖီးလ်ကလပ်အတွက် ၇ ပွဲမြောက်မှာပဲ အခုလို ထူးရှယ်အခိုက်အတန့်ကို ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့အသင်းဖော်တွေအတွက် ပရီးမီးယားလိဂ်မှာ အရေးပါတဲ့သုံးမှတ်တန်နိုင်ပွဲကို သေချာစေခဲ့ပါတယ်။

ဂတ်ပိုက “ဒီပွဲစဉ်မှာ ကျွန်တော့်ရဲ့ပထမဆုံးသွင်းဂိုးကို ရရှိခဲ့လို့ အံ့သြမိပါတယ်။ တကယ့်ကို အရေးပါတဲ့ သွင်းဂိုးလည်းဖြစ်ပါတယ်။ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ တကယ့်ကို အံ့သြစရာပါပဲ။ တိုက်စစ်မှူးတစ်ယောက်အတွက် ဂိုးသွင်းရတယ်ဆိုတာ အမြဲတမ်းပျော်စရာကောင်းပါတယ်။ နောက်ပြီးတော့ အခုလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒါဘီပွဲစဉ်မှာဆိုတော့ တကယ့်ကို ကောင်းမွန်တဲ့ခံစားချက်တစ်ခု ဖြစ်ပါတယ်။ သွင်းဂိုးတွေမရဘဲ အဝတ်လဲခန်းထဲက ထွက်လာရတာ အတော်လေးခက်ခဲပါတယ်။ သွင်းဂိုးရယူနိုင်ရင်တော့ တကယ့်ကို အံ့မခန်းစရာပါပဲ။ ဒီသွင်းဂိုးက ပြိုင်ဘက်အပေါ် အကောင်းဆုံးဖိအားပေးကစားရင်း ရရှိခဲ့တဲ့ သွင်းဂိုးပါ။ ရောဘတ်ဆန်က ဟန်ဒါဆန်နဲ့ ဝမ်းတူးရိုက်ပြီး မိုဆာလက်ဆီ ဘောလုံးပေးပို့ခဲ့တယ်။ အဲ့ဒီနောက်မှာ ကောင်းမွန်တဲ့ ဖြတ်တင်ဘောတစ်ခုထွက်ရှိလာခဲ့ပြီး ပြိုင်ဘက်နောက်တန်းနဲ့ အနည်းငယ်ထိသွားတယ်ဆိုပေမယ့် ကျွန်တော်က ကွင်းရဲ့ဒီဘက်ခြမ်းမှာရှိနေခဲ့လို့ အဆုံးသတ်ကန်သွင်းခွင့် ရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။

#လီဗာပူး #ဂတ်ပို #ပရီးမီးယားလိဂ်