ရှေ့သို့
Image

ဗီလာကို ဂိုးပြတ်အနိုင်ယူပြီး အာဆင်နယ်နဲ့ ၃မှတ်အကွာကို ရောက်လာတဲ့ မန်စီးတီး

12:57 AM, 13 February

မန်စီးတီး ၃ - ၁ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)

ရိုဒရီ (၄မိနစ်)

ဂမ်ဒိုဂန် (၃၉မိနစ်)

မာရက်ဇ် (၄၅မိနစ်)

ဝက်ကင်းစ် (၆၁မိနစ်)


မန်စီးတီးအသင်းဟာ ယမန်နေ့ညက အမှတ်လျော့ခဲ့တဲ့ အာဆင်နယ်နဲ့ ရမှတ်ကွာဟမှုကို​ လျော့ချဖို့ ယခုပွဲကို အထူးအာရုံစိုက်ကစားခဲ့ပြီး ပွဲအစပိုင်းမှာရခဲ့တဲ့ ရိုဒရီရဲ့ ဦးဆောင်ဂိုးကြောင့် ပွဲကပိုပြီးလွယ်ကူသွားခဲ့ပါတယ်။ ဗီလာခံစစ်က အမှားအယွင်းအလွန်များခဲ့ပြီး စီးတီးကစားသမားတွေသာ အဆုံးသတ်သေချာမယ်ဆိုရင် ဒီထက်ဂိုးပြတ်တဲ့နိုင်ပွဲတစ်ခုကို ရရှိသွားမှာ ဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ ယနေ့ညနိုင်ပွဲကြောင့် အာဆင်နယ်နဲ့ ၃မှတ်အကွာကို ရောက်လာခဲ့ပြီး လာမယ့်ကြားရက်မှာသာ နိုင်ပွဲရမယ်ဆိုရင် အဆင့်တစ်နေရာကို ပြန်လည်သိမ်းပိုက်သွားနိုင်တော့မှာ ဖြစ်ပါတယ်။

#မန်စီးတီး #ဗီလာ #ပရီးမီးယားလိဂ်