ရှေ့သို့
Image

ကူကူရယ်လာအား ဝေဖန်နေကြတဲ့ ချဲလ်ဆီးပရိသတ်များထံ သတင်းစကားပေးပိုခဲ့တဲ့ ပေါ်တာ

10:45 AM, 12 February

စပိန်ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ သူ့ကိုလူစားလဲလှယ်မှုကို အားပေးတဲ့ ချဲလ်ဆီးပရိသတ်တွေကို ပြစ်တင်ရှုတ်ချဖို့ ငြင်းဆိုခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ နွေရာသီအပြောင်းအရွှေ့မှာ ပေါင် ၆၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘရိုက်တန်မှာပြသခဲ့တဲ့ပုံစံကောင်းတွေကိုပြန်လည်ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ဂရေဟမ်ပေါ်တာ သည်  ဒဏ်ရာကြောင့် အချိန်အတော်ကြာ မပါဝင်နိုင်ခဲ့ပေမယ့် ယခုမှပြန်လည်သက်သာလာသော ဘန်ချီဝဲလ်အား ဝက်စ်ဟမ်းနှင့်ပွဲစဉ်တွင် ကူကူရယ်လာနှင့်လူစားထိုးလဲလှယ်ခဲ့တာဖြစ်ပါတယ်။

ဂရေဟမ်ပေါ်တာ သည် ချယ်လ်ဆီး၏ အဝေးကွင်း ပရိသတ်များ၏ ကမောက်ကမ အားပေးမှုများကို ကြိုဆိုသည့် ဆုံးဖြတ်ချက်ဖြစ်သည့် ကူကူရယ်လာကို အခြားတစ်ယောက်နှင့် လူစားလဲလှယ်ရန်မှတပါး ရွေးချယ်စရာ မရှိပေ။

ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက"ပရိသတ်တွေက သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို ဖော်ပြခွင့်ရှိပါတယ်၊ သူတို့က အသင်းကို ကောင်းကောင်းလုပ်စေချင်တယ်၊ အရင်သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်ပြောခဲ့သလိုပဲ ကူကူရယ်လာက သူ့ရဲ့အကောင်းဆုံးအချိန်ကို ရောက်နေတယ်လို့ မထင်ပါဘူး။

'ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူက ဖူလ်ဟမ်နဲ့ ပွဲမှာရော လီဗာပူးလ်နှင့်ပွဲမှာပါ Clean Sheet ကိုထိန်းထားနိုင်တဲ့ အသင်းတစ်သင်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ နွေရာသီမှာ အပြောင်းအရွှေ့မှာတုန်းက ကူကူရယ်လာကို စိတ်ဝင်စားတဲ့ အခြားကလပ်တစ်ခုရှိခဲ့ပါတယ်။

ကူကူရယ်လာဟာ ဆိုးဆိုးရွားရွားကစားသမားမဖြစ်ခဲ့ပေမယ့် တချို့ကစားသမားတွေက ဆိုးရွားတဲ့အချိန်တွေကို ဖြတ်သန်းနိုင်တာကြောင့် သူ့ကို လက်တွဲပြီး ကူညီပေးဖို့ လိုပါတယ်။

ပရိတ်သတ်တွေဟာလည်း သူတိုရဲ့ထင်မြင်ယူဆချက်ကို ခံစားခွင့်ရှိတယ်၊ ဝေဖန်စရာ ဘာမှမရှိပါဘူး။ ဒါပဲ ကျွန်တော်တို လုပ်ရမှာပေါ့။''ဟုပြောကြားခဲ့ပါတယ်။

အဲဒီအမြင်ကို ခုခံကာကွယ်ရင်း ဂရေဟမ်ပေါ်တာ က 'ချဲလ်ဆီးပရိသတ်တွေဟာ သူတိုရဲ့အမြင်ကို ခံစားခွင့်ရှိပြီး နိုင်ပွဲမရတဲ့အခါ သူတိုလည်း ငါတို့လိုပဲ စိတ်ပျက်သွားမှာကို နားလည်ပါတယ်။ ကျွန်တော်က စွမ်းဆောင်ရည် ရှုထောင့်ကနေ ပြောရမယ်ဆိုရင် ရှေ့လာမယ့်ပွဲတွေ မှာ အသင်း ရဲ့ အလားအလာ ကို မြင်နိုင်ပါတယ် ။ ရီစီဂျီမ်း၊ ဘန်ချီဝဲလ် နဲ့ လိုတပ်ဖ်ချိခ် တို့ရဲ့ ကစားအားမြင့်တက်လာတာကို မြင်နိုင်ပါတယ်။ မနိုင်ရင် လူတွေစိတ်ပျက်မယ်ဆိုတာ နားလည်တယ်။"ဟုပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ပေါ်တာ #ကူကူရယ်လာ