
ကမ္ဘာ့ဖလားအောင်ပွဲခံမှုအတွင်း အမ်ဘာပေကို ရည်ရွယ်ပြီး မလှောင်ပြောင်ခဲ့ကြောင်း မာတီနက်ဇ် အခိုင်အမာဆို
8:35 AM, 12 February
အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်က ကမ္ဘာ့ဖလားအောင်ပွဲခံမှုအတွင်း အမ်ဘာပေကို ပစ်မှတ်ထားပြီး မလှောင်ပြောင်ခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
မာတီနက်ဇ်ဟာ ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီးနောက် အာဂျင်တီးနားအသင်းကို ဦးဆောင်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
ဗီလာဂိုးသမားဟာ ရွှေဖိနပ်ဆုလက်မခံခင်မှာ အောင်ပွဲခံခဲ့သလို အဲ့နောက် မက်ပီအတွက် မိနစ်အနည်းငယ်လောက်ငြိမ်သက်အပြီး အသင်းဘက်စ်ကားပေါ်မှာ အမ်ဘာပေကို ကလေးအရုပ်နဲ့ သရော်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် မာတီနက်ဇ်က သူ့ရဲ့လုပ်ရပ်ဟာ မက်ပီကို ပစ်မှတ်ထား လှောင်ပြောင်ခြင်းမဟုတ်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“ကျွန်တော် ကလေးအရုပ်နဲ့ ၂ မိနစ်လောက် ပျော်ခဲ့ပါတယ်။ ပြီးတော့ အဲ့တာကို အဝေးကို လွှင့်ပစ်ခဲ့ပါတယ်။ ဒါပါပဲ။ အမ်ဘာပေကို ဘယ်လိုလှောင်နိုင်မှာလဲ။ သူက ကျွန်တော်နဲ့မတွေ့ခင် ၄ ဂိုးသွင်းခဲ့သလို ဖိုင်နယ်မှာလည်း ၄ ဂိုးသွင်းခဲ့ပါတယ်။
ကျွန်တော်က သူ့အရုပ်လို့တောင် တွေးထင်နေမှာပါ။ အမ်ဘာပေအပေါ်မှာ ကျွန်တော် ကြီးမားတဲ့လေးစားမှုရှိပါတယ်”လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားကို ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ပေမယ့် အမ်ဘာပေဟာ အသင်းကို ဦးဆောင်ခဲ့ပြီး ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
“သူ့အနေနဲ့ သူ့ကိုယ်သူဂုဏ်ယူသင့်တယ်လို့ ကျွန်တော် သူ့ကိုပြောခဲ့ပါတယ်။ သူက အမြင့်ပျံနေပြီး ဒီနေ့ပွဲမှာလည်း ခြေစွမ်းကောင်းပြသနိုင်ခဲ့ကာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးပါ။ သူ့ကိုဘယ်သူမှမရပ်တန့်နိုင်ခဲ့ပါဘူး”လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။
#အာဂျင်တီးနား #ပြင်သစ် #မာတီနက်ဇ် #၂၀၂၂ကမ္ဘာ့ဖလား #အမ်ဘာပေ